Tag Archives: esteem-myanmar

အီးစတင်း အပ်ဗုတ် မရသူများ အတွက်

  ဒီတစ်ခါတော့ သေသေချာချာ ရှင်းပြမှ ရတော့မယ်ထင်ပါတယ်။ အီးစတင်းက အပ်ဗုတ် ဘယ်လိုပေးသလဲ။ ကျွန်တော်က အပ်ဗုတ်ဘယ်လိုပေးသလဲ။ အပ်ဗုတ်ရအောင် ဘယ်လိုလုပ်ရမလဲ။ ပိုစ့်တင်ရင်ရော ဘယ်လိုအချိန်မှာ တင်သင့်သလဲ စတာတွေကို သေသေချာချာရှင်းပြဖို့လိုပြီထင်ပါတယ်။ ### အီးစတင်းက အပ်ဗုတ် ဘယ်လိုပေးသလဲ။ ### 1. ကျွန်တော် ဗုတ်ပေးတဲ့ပိုစ့်တွေကို အီးတင်းကလိုက်ပြီးတော့ ဗုတ်ပေးပါတယ်။ 2. ကျွန်တော်တင်မကပါဘူး။ အခြား ကူရေးရှင်းလုပ်တဲ့ သူတွေလဲ ရှိတဲ့အတွက် ကျွန်တော် ဗုတ်မပေးပေမဲ့လဲ ဗုတ်ရနိုင်ပါတယ်။ 3. သူ ဗုတ် ပေးခဲ့တဲ့ အချိန် ၂၄ နာရီပြည့်မှ နောက်ထပ် ပိုစ့်တစ်ခုကို ဗုတ်ပေးပါတယ်။ 4. အီးစတင်းကို သုံးပြီးရေးထားဖို့လိုပါတယ်။ 5. အီးစတင်း ကို တက်တွဲထားဖို့လိုပါတယ်။ (ဒါကလဲ ရှာရလွယ်အောင်လို့ပါ။) …

ဒီပိုစ့်ကို သေသေချာချာလေး ဖတ်ပေးပါ

ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ပြဿနာတစ်ခုက စာတစ်ပုဒ်ကို သေသေချာချာမဖတ်တာပါပဲ။ ဒီပိုစ့်ကိုတော့ သေသေချာချာဖတ်စေချင်ပါတယ်။ အခုကျွန်တော်တို့ လုပ်ထားတဲ့စနစ်က အမည်ပျက်စာရင်းသွင်းခြင်းနဲ့ အလိုအလျှောက်မဲပေးခြင်း စတာတွေပေါ်ကို အခြေခံထားပါတယ်။ ကျွန်တော့်အနေနဲ့ ပိုစ့်တစ်ခုကို ကိုယ်တိုင်ဖတ်ပြီးမဲ(upvote)ပေးမယ်ဆိုရင် ကျွန်တော်အားတဲ့အချိန်မှပေးရတာဖြစ်တဲ့အတွက် ပိုစ့်တင်တဲ့အချိန်ကို အနည်းငယ် ကမောက်ကမဖြစ်စေပါတယ်။ အဲ့ဒိ အစား အလိုအလျှောက်မဲပေးတဲ့စနစ်ကို သုံးထားပါတယ်။ တစ်ဖက်ကလဲ copy/paste တွေဝင်လာမှာ စိုးရိမ်တဲ့အတွက် လူတွေကို စိစစ်ပြီးမှ အလိုအလျှောက်မဲပေးတဲ့စနစ်ထဲကို ထည့်သွင်းပါတယ်။ ပြီးတော့ အချိန်ရတဲ့အခါမှာ အဲ့ဒိ ပိုစ့်တွေကို ဖတ်ကြည့်ပြီးတော့ comment ပေးပါတယ်။ အလိုအလျှောက်မဲပေးခံရတဲ့သူတွေအနေနဲ့ကလဲ copy/paste တွေ မသုံးဖို့ တာဝန်ခံဖို့လိုပါတယ်။ Copy/paste သုံးတာမိရင် အလိုအလျှောက်မဲပေးစနစ်ကနေ ပယ်ဖျက်မှာဖြစ်ပါတယ်။ နောက်တစ်ကြီမ် ပြန်ပြီး မဲရဖို့ဆိုရင်တော့ အောက် က အချက်အလက်တွေကို လိုက်နာဖို့လိုပါတယ်။ ဒီနည်းလမ်းတွေကို …

image_pdfimage_print