Tag Archives: curation

အီးစတင်း အပ်ဗုတ် မရသူများ အတွက်

  ဒီတစ်ခါတော့ သေသေချာချာ ရှင်းပြမှ ရတော့မယ်ထင်ပါတယ်။ အီးစတင်းက အပ်ဗုတ် ဘယ်လိုပေးသလဲ။ ကျွန်တော်က အပ်ဗုတ်ဘယ်လိုပေးသလဲ။ အပ်ဗုတ်ရအောင် ဘယ်လိုလုပ်ရမလဲ။ ပိုစ့်တင်ရင်ရော ဘယ်လိုအချိန်မှာ တင်သင့်သလဲ စတာတွေကို သေသေချာချာရှင်းပြဖို့လိုပြီထင်ပါတယ်။ ### အီးစတင်းက အပ်ဗုတ် ဘယ်လိုပေးသလဲ။ ### 1. ကျွန်တော် ဗုတ်ပေးတဲ့ပိုစ့်တွေကို အီးတင်းကလိုက်ပြီးတော့ ဗုတ်ပေးပါတယ်။ 2. ကျွန်တော်တင်မကပါဘူး။ အခြား ကူရေးရှင်းလုပ်တဲ့ သူတွေလဲ ရှိတဲ့အတွက် ကျွန်တော် ဗုတ်မပေးပေမဲ့လဲ ဗုတ်ရနိုင်ပါတယ်။ 3. သူ ဗုတ် ပေးခဲ့တဲ့ အချိန် ၂၄ နာရီပြည့်မှ နောက်ထပ် ပိုစ့်တစ်ခုကို ဗုတ်ပေးပါတယ်။ 4. အီးစတင်းကို သုံးပြီးရေးထားဖို့လိုပါတယ်။ 5. အီးစတင်း ကို တက်တွဲထားဖို့လိုပါတယ်။ (ဒါကလဲ ရှာရလွယ်အောင်လို့ပါ။) …

မြန်မာ ကွန်မြူနတီသို့တောင်း ပန်စာ

မြန်မာ ကွန်မြူနတီသို့တောင်း ပန်စ ကျွန်တော် ဒီရက်ပိုင်းမှာ လိုင်းအသုံးပြုရတာ အဆင်မပြေတဲ့ အတွက် ကျွန်တော်တာဝန်ယူထားတဲ့ ကိစ္စအခိျု့ကို မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ အဲ့ဒါတွေကတော့ C2 အတွက် curation လုပ်ပေးတဲ့ ကိစ္စနဲ့ esteem အတွက် upvote ပေးတဲ့ကိစ္စတွေပဲဖြစ်ပါတယ်။ အဲ့ဒိအတွက် ကွန်မြူနတီကို တောင်းပန်တဲ့ ဒီပိုစ့်ကို ရေးခြင်းဖြစ်ပါတယ်။ ဘယ်သူကမှ တာဝန်ပေးထားခြင်းမရှိပေမယ့် ကျွန်တော်လုပ်ဆောင်ရမယ့်ကိစ္စတစ်ခုကို မလုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ကျွန်တော့်မှာတာဝန်ရှိပါတယ်။ eSteem အတွက် upvote ပေးတဲ့ကိစ္စကတော့ အလိုအလျှောက် မဲပေးတဲ့စနစ်မှာ ထားထားတဲ့အတွက် လူအတော်များများကိုမဲပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အခိျု့လူတွေအတွက်ကိုတော့ အခက်အခဲဖြစ်စေခဲ့ပါတယ်။ C2 ကတော့ ပိုဆိုးပါတယ်။ Discord ကို လုံးဝဝင်လို့မရတဲ့အတွက် မဲမပေးနိုင်ခဲ့ပါဘူး။ ကျွန်တော် အခုအချိန်မှာ offshore ကိုရောက်နေတာဖြစ်ပါတယ်။ ကမ်းလွန် ရေနံရှာဖွေရေး …

ဒီပိုစ့်ကို သေသေချာချာလေး ဖတ်ပေးပါ

ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ပြဿနာတစ်ခုက စာတစ်ပုဒ်ကို သေသေချာချာမဖတ်တာပါပဲ။ ဒီပိုစ့်ကိုတော့ သေသေချာချာဖတ်စေချင်ပါတယ်။ အခုကျွန်တော်တို့ လုပ်ထားတဲ့စနစ်က အမည်ပျက်စာရင်းသွင်းခြင်းနဲ့ အလိုအလျှောက်မဲပေးခြင်း စတာတွေပေါ်ကို အခြေခံထားပါတယ်။ ကျွန်တော့်အနေနဲ့ ပိုစ့်တစ်ခုကို ကိုယ်တိုင်ဖတ်ပြီးမဲ(upvote)ပေးမယ်ဆိုရင် ကျွန်တော်အားတဲ့အချိန်မှပေးရတာဖြစ်တဲ့အတွက် ပိုစ့်တင်တဲ့အချိန်ကို အနည်းငယ် ကမောက်ကမဖြစ်စေပါတယ်။ အဲ့ဒိ အစား အလိုအလျှောက်မဲပေးတဲ့စနစ်ကို သုံးထားပါတယ်။ တစ်ဖက်ကလဲ copy/paste တွေဝင်လာမှာ စိုးရိမ်တဲ့အတွက် လူတွေကို စိစစ်ပြီးမှ အလိုအလျှောက်မဲပေးတဲ့စနစ်ထဲကို ထည့်သွင်းပါတယ်။ ပြီးတော့ အချိန်ရတဲ့အခါမှာ အဲ့ဒိ ပိုစ့်တွေကို ဖတ်ကြည့်ပြီးတော့ comment ပေးပါတယ်။ အလိုအလျှောက်မဲပေးခံရတဲ့သူတွေအနေနဲ့ကလဲ copy/paste တွေ မသုံးဖို့ တာဝန်ခံဖို့လိုပါတယ်။ Copy/paste သုံးတာမိရင် အလိုအလျှောက်မဲပေးစနစ်ကနေ ပယ်ဖျက်မှာဖြစ်ပါတယ်။ နောက်တစ်ကြီမ် ပြန်ပြီး မဲရဖို့ဆိုရင်တော့ အောက် က အချက်အလက်တွေကို လိုက်နာဖို့လိုပါတယ်။ ဒီနည်းလမ်းတွေကို …

Curation tool for myanmar curators #1

ဒီပိုစ့်မှာကတော့ curation tool တစ်ခုအကြောင်းရေးမှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ရွေးချယ်ပေးဖို့ တာဝန်ယူထားတာကတော့ esteem app ကိုသုံးပြီးရေးထားတဲ့၊ tag မှာ esteem ကိုထည့်ထားတဲ့၊ myanmar လိုရေးထားတဲ့ ပိုစ့်တွေပဲဖြစ်ပါတယ်။ myanmar အတော်များများကတော့ မြန်မာဆိုတဲ့ tag အောက်မှာရေးလေ့ရှိကြပါတယ်။ esteem သုံးတဲ့သူတွေကတော့ esteem ဆိုတဲ့ tag ကို ထည့်ကြပါတယ်။ ဒါပေမဲ့ ပြဿနာတစ်ခုက myanmar tag ကို ထည့်ထားတဲ့သူတွေကလဲ အများကြီးပဲ။ အဲ့ဒိလိုပဲ esteem tag ကိုထည့်ထားတဲ့သူတွေကလဲ အများကြီးပဲ။ အဲ့ဒိတော့ ပိုစ့်တွေကို ဘယ်လိုရှာရမလဲ။ ကျွန်တော်တို့ စဉ်းစားထားတာကတော့ #esteem-myanmar ဆိုတဲ့ tag ကို သုံးဖို့ပါ။ အဲ့ဒိ tag တစ်ခုကို …

Curation Initiative for Burmese Bloggers is starting

ဒီနေ့ကတော့ SMT အကြောင်းရေးရမည့်နေ့ပါ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ initiative plan အကြောင်းရေးစရာရှိတာမို့လို့ SMT အကြောင်းကို မရေးတော့ပါဘူး။ အသေးစိတ်ကို အောက်ကလင့်ခ်မှာ ဖတ်ကြည့်နိုင်ပါတယ်။ https://steemit.com/esteem/@mmunited/curation-initiative-for-burmese-bloggers-2c64cefee1292est အစီအစဉ်ကတော့ အပေါ်က ပိုစ့်မှာ ပြောခဲ့သလိုပဲ လုပ်မှာပါ။ ခေါင်းစဉ်ကိုတော့ “MMCG Curation Issue #1” လို့စပေးသွားမှာဖြစ်ပါတယ်။ ပိုစ့်ကို စာလုံးရေ ၂၀၀ ကျော် ရေးစေချင်ပါတယ်။ စာလုံးရေ နှစ်ရာကျော်ဆိုတာကတော့ ပုံမှန် စာလုံးအရွယ်အစားနဲ့ရေးရင် စာကြောင်းရေ ၁၂ ကြောင်းခန့်ရှိပါတယ်။ Image Source နောက်ပြီးတော့ စာပိုဒ်ပုံစံနဲ့ရေးစေချင်ပါတယ်။ တစ်ကြောင်းရေးလိုက် တစ်ခါ enter ခေါက်လိုက်လုပ်ရင် စာကြောင်းတွေက တစ်ကြောင်းချင်းစီ ခွဲထွက်နေမှာပါ။ စာပိုဒ် တစ်ပိုဒ်ပြီးမှ enter တစ်ခါနှိပ်ပါ။ Facebook မှာ …

Ideas on Steem blockchain part#5 – The Curation and Engagement Leagues

The Curation and Engagement Leagues ကို Asher @abh12345 က​ နေပြုလုပ်တာဖြစ်ပါတယ်။ @curie ကနေ ပံ့ပိုးပေးထားပါတယ်။ Steemit မှာ လုပ်နေကြတဲ့ စိတ်ကူးတွေကို သိစေချင်လို့ ဒီပိုစ့်ကို ရေးသားခြင်းဖြစ်ပါတယ်။ ဒီပုံစံကို အတုယူပြီးတော့ @paulag က indonesia က steemians တွေအတွက် ပြိုင်ပွဲတစ်ခုလုပ်ပေးထားပါတယ်။ ဒီပြိုင်ပွဲမှာ ဝင်ပြိုင်ချင်ရင် အောက်ကပိုစ့်မှာ သွားပြီး comment ပေးနိုင်ပါတယ်။ ပြိုင်ပွဲဝင်ဇယားက တစ်ပတ်တစ်ခါပြောင်းနေတဲ့အတွက်ဘယ်အချိန်ပဲဖြစ်ဖြစ် ဝင်ပြိုင်လို့ရပါတယ်။ ဒီပြိုင်ပွဲကနေ ဆုကြေးအများကြီးမရနိုင်ပါဘူး။ ဒါပေမဲ့ လူတွေနဲ့ထိတွေ့မှု ပိုရလာပါလိမ့်မယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေမှာ ပါဝါဒေါင်းထားတဲ့သူတွေရော သူများကို SP ငှားထားတဲ့သူတွေပါ ပါဝင်နိုင်ပါတယ်။ https://steemit.com/engagement/@abh12345/6beawf-the-curation-and-engagement-leagues-steem-prizes-and-steem-bounty-available   အောက်ပါအချက်အလက်တွေအရ တွက်ချက်ပြီး အမှတ်ပေးထားပါတယ်။ Posts (P) …

Ideas on Steem blockchain part#4 – Pay It Forward Curation contest

Ref Link: https://steemit.com/payitforward/@pifc/week-20-pay-it-forward-curation-contest-71556c5823d6cest Ref link ကိုမကြာခဏသွားကြည့်လို့ comment တွေရဲ့ အောက်ဆုံးအထိ ဖတ်ကြည့်ပေးပါ။ ဒီအပတ်မှာတော့ @costanza ကို ဧည့်ဒိုင်အဖြစ် ရွေးချယ်ထားပါတယ်။ အဲ့ဒိအတွက် ဒီတစ်ပတ်ရဲ့ ဒိုင်လူကြီးတွေကတော့ @costanza, @tryskele, @lynncoyle1 နဲ့ @wolfhart တို့ပဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို စီစဉ်သူကတော့ @thedarkhorse ပဲဖြစ်ပါတယ်။ သူက တစ်ပတ်ကို ဒိုင်လူကြီး လေးယောက်ကိုရွေးချယ်ခိုင်းပါတယ်။ Pay It Forward Curation Contest ဆိုတာဘာလဲ။ Community Minded Steemians တွေအနေနဲ့ အခြား Rep 55 နဲ့အောက် Steemians နှစ်ယောက်ရေးထားတဲ့ ပိုစ့်နှစ်ခုကို ပိုစ့်အနေနဲ့ရေးပြီးတင်လို့ရပါတယ်။ အောက်မှာဖော်ပြထားသလို့Curation style ပိုစ့်ရေးပြီး Ref post အောက်မှာ comment …

image_pdfimage_print