Month: November 2018

ဒီပိုစ့်ကို သေသေချာချာလေး ဖတ်ပေးပါ

ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ပြဿနာတစ်ခုက စာတစ်ပုဒ်ကို သေသေချာချာမဖတ်တာပါပဲ။ ဒီပိုစ့်ကိုတော့ သေသေချာချာဖတ်စေချင်ပါတယ်။ အခုကျွန်တော်တို့ လုပ်ထားတဲ့စနစ်က အမည်ပျက်စာရင်းသွင်းခြင်းနဲ့ အလိုအလျှောက်မဲပေးခြင်း စတာတွေပေါ်ကို အခြေခံထားပါတယ်။ ကျွန်တော့်အနေနဲ့ ပိုစ့်တစ်ခုကို ကိုယ်တိုင်ဖတ်ပြီးမဲ(upvote)ပေးမယ်ဆိုရင် ကျွန်တော်အားတဲ့အချိန်မှပေးရတာဖြစ်တဲ့အတွက် ပိုစ့်တင်တဲ့အချိန်ကို အနည်းငယ် ကမောက်ကမဖြစ်စေပါတယ်။ အဲ့ဒိ အစား အလိုအလျှောက်မဲပေးတဲ့စနစ်ကို သုံးထားပါတယ်။ တစ်ဖက်ကလဲ copy/paste တွေဝင်လာမှာ စိုးရိမ်တဲ့အတွက် လူတွေကို စိစစ်ပြီးမှ အလိုအလျှောက်မဲပေးတဲ့စနစ်ထဲကို ထည့်သွင်းပါတယ်။ ပြီးတော့ အချိန်ရတဲ့အခါမှာ အဲ့ဒိ ပိုစ့်တွေကို ဖတ်ကြည့်ပြီးတော့ comment ပေးပါတယ်။ အလိုအလျှောက်မဲပေးခံရတဲ့သူတွေအနေနဲ့ကလဲ copy/paste တွေ မသုံးဖို့ တာဝန်ခံဖို့လိုပါတယ်။ Copy/paste သုံးတာမိရင် အလိုအလျှောက်မဲပေးစနစ်ကနေ ပယ်ဖျက်မှာဖြစ်ပါတယ်။ နောက်တစ်ကြီမ် ပြန်ပြီး မဲရဖို့ဆိုရင်တော့ အောက် က အချက်အလက်တွေကို လိုက်နာဖို့လိုပါတယ်။ ဒီနည်းလမ်းတွေကို …

How to trade steemmonsters cards

ကျွန်တော်က Steemmonsters ဂိမ်းကစားဖို့ပဲပြောနေတယ်။ ပိုက်ဆံဘယ်လောက်ရမယ်ပဲပြောနေတယ်။ ဒါပေမဲ့ ဘယ်လို အရောင်းအဝယ်လုပ်ရမလဲ ဆိုတာကို မပြောမိဘူး။ အခုပြောပြတော့မှာဖြစ်ပါတယ်။ အောက်ကပုံမှာပြထာသလို market ဆိုတဲ့နေရာကို နှိပ်လိုက်ပါ။ ဖုန်းနဲ့သုံးတာ ဆိုရင်တော့ ညာဘက်က dropdown menu ကိုနှိပ်လိုက်တာနဲ့ context menu တွေပေါ်လာမှာဖြစ်ပါတယ်။ အဲ့ဒိအထဲကမှ market ကိုနှိပ်လိုက်ပါ။ Editition ဆိုတဲ့နေရာမှာ beta ကိုရွေးပါ။ အဲ့ဒါဆိုရင် beta ကဒ်တွေပေါ်လာမှာဖြစ်ပါတယ်။ အဲ့ဒိအထဲကမှ ကိုယ်ရောင်းချင်တဲ့ ကဒ်ရဲ့ ဈေးနှုန်းကို စစ်ကြည့်ပါ။ Giant Roc ဆိုရင် cards တစ်ခုကို 0.04 တန်ကြေးရှိပါတယ်။ Malric Inferno ဆိုရင် 0.28 တန်ကြေးရှိပါတယ်။ ဒါက အနည်းဆုံးရောင်းဈေးပါ။ အများဆုံးရောင်းဈေးက ဒေါ်လာ ၄၀၀ …

Steemit မှာ ယူနီကုဒ်နဲ့ရေးကြမလား

ဟိုတနေ့က @khaylay က သူ့ဖုန်းက xiaomi unicode နဲ့ဖြစ်နေလို့ စာဖတ်လို့မရဘူးလို့ မရဘူးလို့ပြောလာပါတယ်။ ကျွန်တော့်ဖုန်းကလဲ mi ပဲ ယူနီကုဒ်နဲ့ပဲ အဲ့ဒိတော့ ကျွန်တော်လဲ ဖတ်လို့မရပါဘူး။ ကွန်ပြူတာပေါ်မှာ esteem surfer တင်ထားတော့လဲ unicode နဲ့ဖြစ်နေလို့ ဖတ်လို့မရပါဘူး။ Chrome မှာပဲ zawgyi ကိုဖတ်လို့ရတယ်။ ဒါဆိုရင် comment တွေ ဘယ်လိုပေးသလဲလို့မေးစရာ ရှိလာပါတယ်။ Unicode နဲ့ရိုက်ပြီးတော့ zawgyi ကို ပြန်ပြောင်းပြီးတော့ပေးပါတယ်။ အခုကျွန်တော်သိချင်နေတာက ကျွန်တော်တို့လိုလူမျိုး ဘယ်နှစ်ယောက်လောက်ရှိသလဲ။   Image Source တကယ်တော့ ကျွန်တော်တို့က လွယ်နေတာကို ခက်အောင်လုပ်နေကြတာပါ။ ကျွန်တော်တို့မှာ standard မရှိပါဘူး။ တကမ္ဘာလုံးက ယူနီကုဒ်ကို လက်ခံပါတယ်။ zawgyi ကိုလက်မခံပါဘူး။ အဲ့ဒိတော့ …

နောက်ထပ် အပြောင်းအလဲ တစ်ခု

C-squared မှာ ကျွန်တော်ရယ်၊ @aggamun, @nayhlaingsoe ရယ် @lwanwai တို့ရယ်က curator အဖြစ်ဆောင်ရွက်နေတယ်ဆိုတာ အတော်များမျာသိကြလိမ့်မယ်လို့ထင်ပါတယ်။ အဲ့ဒါတင်မကပါဘူး။ eSteem မှာလဲ ကျွန်တော်က educator အနေနဲ့ဆောင်ရွက်နေပါတယ်။ အခုအချိန်မှာတော့ ဒိထက်ပိုပြီး ဝင်ငွေတိုးဖို့ အတွက် ခြေလှမ်းလှမ်းနေပါပြီ။ သိပ်မကြာခင်တွေ့မြင်ရတော့မှာပါ။ အဲ့ဒိလိုဆိုရင်တော့ အခုလုပ်နေတဲ့ c-squared ရော esteem ရော ကျွန်တော့်အတွက် ဘာမှ အကျိုးအမြတ်မရှိတော့ပါဘူး။ အကုန်လုံးက ​စေတနာအလျှောက်လုပ်ဆောင်ပေးမှုပဲဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ကျွန်တော့်ရဲ့အဖွဲ့သားတွေကိုတော့ follow လုပ်ပေးခြင်းဖြင့် ကူညီပေးကြပါဦး။ နောက်တစ်ခုကတော့ engagement ပါ။ engagement ကိုသုံးပြီးတော့ကျွန်တော် ဒီနေရာအထိ တက်လှမ်းလာနိုင်ခဲ့ပါတယ်။ အဲ့ဒိတော့ တတ်နိုင်သလောက် comment ပေး upvote ပေးခြင်းဖြင့် သူများတွေရဲ့ အာရုံစူးစိုက်မှုကို …

image_pdfimage_print