Month: October 2018

Ideas on Steem blockchain #9 – Curation Circle Creed

Curation Circle Creed ဆိုတာဘာလဲ။ ဒီအကြောင်းကို ပြောမယ်ဆိုရင် dust vote ကနေ စပြောရမှာဖြစ်ပါတယ်။ Dust vote ဆိုတာကတော့ မြန်မာလိုပြောမယ်ဆိုရင် အမှိုက်ပေါ့။ ဘာမှ အသုံးမဝင်တဲ့ vote တွေပါ။ ၀.၀၂ အောက်နည်းတဲ့ upvote တွေကို dust vote လို့သတ်မှတ်ပါတယ်။ ဒါပေမဲ့ ပိုစ့်မှာ dust vote ပေးတာက သိပ်ပြဿနာမရှိပါဘူး။ vote တဲ့သူတွေများလာရင် ပိုစ့် payout က တက်လာမှာဖြစ်ပါတယ်။ ဒါပေမဲ့ comment မှာပေးရင်တော့ အဲ့ဒိ vote က ဆုံးသွားမှာဖြစ်ပါတယ်။ အဲ့ဒိတော့ 0.01 ထက်နည်းတဲ့ vote တွေကို ကိုယ့်ဘာသာကိုယ် မပေးရပါဘူး။ 0.01 ထက်များရင်တော့ ပေးလို့ …

My Entry for Pay It Forward Curation contest – Week 27

I love finding new under-valued Steemians and this contest is a great excuse to find fabulous bloggers whose post aren’t getting the attention they deserve. In case you aren’t aware, the Pay It Forward Curation Contest  is a weekly challenge from @pifc to find bloggers to promote their good contents.   Here are this week’s selections – reputation 55 …

လေဆန်ကို နှင်၍

ကျွန်တော့်ရဲ့ steemit အစပိုင်းခရီးက အနည်းငယ်ကြမ်းတမ်းခဲ့ပါတယ်။ အဓိကကတော့ ပံ့ပိုးပေးမဲ့သူမရှိခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော်ကြိုးစားခဲ့ပါတယ်။ ပထမဆုံး @steempress-io ဆီကနေ အကူအညီရယူခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကိုဒီပကျော်ရဲ့ msu ကို ပူးပေါင်းပါဝင်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ engagement လုပ်ဖို့လိုတယ်ဆိုတာကို သဘောပေါက်လာတဲ့အတွက် msu မှာ ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။ အဲ့​ဒိအချိန်မှာ မြန်မာ steemit လောကက အကျပိုင်းကို ရောက်နေခဲ့ပြီ။ (ကျွန်တော့်အမြင်သက်သက်ပါ) msu လဲပဲ အကျပိုင်းကို ရောက်နေတာပါပဲ။ လူတွေ အတော်များများက စာမရေးကြတော့ပါဘူး။ သူတို့စဉ်းစားတာက ပိုက်ဆံမရရင် စာမရေးဘူးပေါ့။ ဒါပေမဲ့ ဒါဟာ အခွင့်အလမ်း တစ်ခုဆိုတာကို မေ့လျှော့နေခဲ့တယ်။ Steemit မှာ လူတွေများနေတဲ့အချိန် တက်ကြွစွာလှုပ်ရှားနေတဲ့အချိန်မှာ ကိုယ့်ရဲ့ ပိုစ့်တင်တာ၊ comment ပေးတာ၊ …

ပြောင်းလဲခြင်းနှင့်အတူ − ၎

ကမ္ဘာကြီးက ပြောင်းလဲလာနေတယ်။ ကျွန်တော်တို့အနေနဲ့ အဲ့ဒိ အပြောင်းအလဲကို အမှီလိုက်နိုင်ဖို့လိုပါတယ်။ ဒီလိုအမှီလိုက်နိုင်ဖို့ဆိုတာ စာများများဖတ်မှ ရမှာပါ။ ဒီနေ့အတွက်အပြောင်းအလဲ တစ်ခုကတော့ Facebook ကနေ 5 dollar တန် credit တစ်ခုပေးတာပါ။ အဲ့ဒိ ငါးဒေါ်လာတန် credit ကို မိမိရဲ့ page ကို promote လုပ်တဲ့နေရာမှာသုံးလို့ရပါတယ်။ ဒီလိုမျိုးပေးတာတော့ တစ်ခါမှ မတွေ့ဖူးပါဘူး။ အခြားသူတွေရော ရသလားဆိုတာလဲ မသိရသေးပါဘူး။ ကျွန်တော်ကတော့ ရလာတဲ့ credit ကို ကျွန်တော့် page ကို ကြော်ငြာထည့်ဖို့အတွက် သုံးလိုက်ပါတယ်။ နောက်တစ်ခုကတော့ HF20 ပြီးတဲ့နောက်မှဖြစ်လာတဲ့ အပြောင်းအလဲပါ။ အရင်ကဆို postpayout value တွေကမမှန်ပါဘူး။ အခုအချိန်မှာတော့ SP မပြောင်းလဲပဲနဲ့ကို ဈေးက နှစ်ဆလောက်ဖြစ်သွားပါတယ်။ ဒါကလဲ …

RC နည်းနေလို့ upvote, comment ပေးမရတာကို ဘယ်လိုဖြေရှင်းမလဲ။

ဒီပြဿနာကို ဖြေရှင်းဖို့အတွက် blocktrades ကနေ SP တွေကိုလျှော့ဈေးနဲ့ ငှားပေးနေပါတယ်။ အရင်နှုန်းရဲ့ တစ်ဝက်လောက်ပဲရှိပါတော့တယ်။ ဘယ်လိုငှားရသလဲဆိုတာကို အောက်က video မှာ ကြည့်လို့ရပါတယ်။ ဒါမှမဟုတ်ရင်လဲ ကျွန်တော့်အနေနဲ့ ဝန်ဆောင်မှုပေးလို့ရပါတယ်။ Source Video ဒါက အရမ်းကို ကောင်းမွန်တဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ လူတိုင်းလဲ တတ်နိုင်တဲ့ ဈေးနှုန်းတစ်ခုဖြစ်ပါတယ်။ မြန်မာငွေနဲ့ဆိုရင် ၂၅၀၀ လောက်ပဲကျသင့်မှာဖြစ်ပါတယ်။ အဲ့ဒိလောက်တောင် အရင်းအနှီး မစိုက်ထုတ်နိုင်ဘူးလားဆိုတာ မေးခွန်းထုတ်စရာပါ။ အရင်လို အလကားရတဲ့ခေတ်က ကုန်ဆုံးသွားပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ steemit အကောင့်တစ်ခုကို အလွယ်တကူဖန်တီးပြီး comment spamming လုပ်တဲ့သူတွေကအများကြီးပါ။ တူညီတဲ့ မှတ်ချက်တစ်ခုကို ပိုစ့်တွေအများကြီးမှာ လိုက်ရေးနေကြတဲ့သူတွေကလဲ အများကြီးပါ။ ဒါတွေကို ဖြေရှင်းဖို့လိုပါတယ်။ အရင်ကဆို steemit အကောင့်တစ်ခုကို အလွယ်တကူဖန်တီပြီး …

image_pdfimage_print