two proposals I liked for steem

I consider to write this post in myanmar language. If you are a user who use english you can read this in the following posts.

https://steemit.com/utopian-io/@jga/steem-proposal-to-reduce-voting-rings-and-self-voting

https://steemit.com/utopian-io/@smcaterpillar/steem-improvement-proposal-revoting-power-to-counter-upvote-circles-and-bid-bot-abuse

This following is in myanmar language. Steem on!

အခု steemit မှာဖြစ်နေတဲ့ပြဿနာ(ပြဿနာလို့ပဲဆိုကြပါစို့) တွေကတော့ Selfvote,
Bid Bots တွေကိုသုံးတာနဲ့ Circular voting pattern ပဲဖြစ်ပါတယ်။

အခိျု့ SP များတဲ့သူတွေက ကိုယ့်ဘာသာကိုယ် upvote ပေးပြီး ပိုက်ဆံယူနေကြတယ်။ အခိျု့တွေကျတော့လဲ အုပ်စုလိုက် vote ပေးပြီး ပိုက်ဆံယူနေကြတယ်။

Bidbot တွေကို သုံးပြီးတော့ ကိုယ့် ပိုစ့်တွေကို လူသိများအောင်လုပ်ကြတယ်။ ပထမပိုင်းတော အဆင်ပြေပါတယ်။ နောက်ပိုင်းကျတော့ လူတွေက bidbots တွေကို SP ငှားထားကြတယ်။ ဒါမှမဟုတ်လဲ ကိုယ့် vote ကိုရောင်းထားကြတယ်။ အဲ့ဒိတော တစ်ကယ်ကောင်းတဲ့ ပိုစ့်တွေကို upvote မပေးကြတော့ဘူး။ upvote ပေးရင်လဲ မထိရောက်တော့ဘူး။ အဲ့ဒိတော့ လူတွေ အကုန်လုံးနီးပါးက ကိုယ့်အတွက်ပဲကိုယ်ကြည့်ကြတော့တယ်။

နောက်တစ်ခုက Circular voting pattern ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလဲ ဒီပုံစံမျိုးပါပဲ။ ကိုယ့်အုပ်စုနဲ့ပဲ ကိုယ် vote ပေးမယ်။ အခြားသူတွေကို မပေးဘူး။ ကိုယ့်အချင်းချင်းပဲ (ကောင်းကောင်း မကောင်းကောင်း)ပေးမယ်။ ဒါလဲ vote ဝယ်သလိုပဲ။ အဲ့ဒိပုံစံတွေကို ဟန့်တားဖို့လိုလာပါပြီ။ ဒါမှလဲ တစ်ကယ်ကောင်းတဲ့ steemit ကိုပြန်ရမှာပါ။ ဘယ်လိုဟန့်တားကြမှာလဲ။

ပထမဆုံးတင်ပြချင်တာကတော့ @jga ရဲ့ စိတ်ကူးပဲဖြစ်ပါတယ်။ သူပြောတာကတော့ ပထမဆုံး resistance ကို နှစ်ဆယ်လို့သတ်မှတ်မှာဖြစ်ပါတယ်။ ဥပမာ A ကနေ B ကို upvote ပေးတယ်ဆိုပါစို့။ ပထမဆုံး upvote ပေးတဲ့အချိန်မှာ Voting Power က ၂% လျှော့သွားမယ် တစ်ကယ်လို့ ၁၀၀% နဲ့ပေးတယ်ဆိုရင်ပေါ့။ အဲ့ဒိ 2% ကို resistance အနေနဲ့ ပေါင်းထည့်မှာဖြစ်ပါတယ်။ Resistance က ၂% ဖြစ်သွားမယ်။ နောက်တစ်ခါ vote ရင် နောက်တစ်ခါ ၂% ပေါင်းထည့်မယ်။ resistance က၅% ထက်ကျော်တာနဲ့ ကျော်တာနဲ့ ကျော်တဲ့ ရာခိုင်နှုန်းကို နှုတ်ပေးသွားမယ်။ အဲ့ဒိလိုလုပ်သွားရင် လူတစ်ယောက်ထဲကိုပဲ vote ပေးနေရင် ရတဲ့ ပိုက်ဆံက တစ်ဖြည်းဖြည်း နည်းသွားမှာပေါ့။
Simulator နဲ့ကြည့်လိုက်ရင် ပိုရှင်းသွားမှာပါ။ Resistance ကို နှစ်ဆယ်ပဲထားမယ်ဆိုရင် သူ့ရဲ့ vote strength က ၆၀%ပဲ ကျန်တော့ မှာပါ။

နောက်တစ်ယောက်ရဲ့ စိတ်ကူးကတော့ဒီလိုပါ။ သူ့ username ကတော့ @smcaterpillar ပဲဖြစ်ပါတယ်။ သူကတော့ Revoting power ကို ထပ်ထည့်ပေးဖို့ပြောပါတယ်။ အဲ့ဒိတော့ Revoting power ဆိုတာကဘာလဲ ဆိုတာ သိဖို့လိုလာပါပြီ။ Revoting ဆိုတာကတော့ factore တစ်ခုပါပဲ။ သူကတော့ လူတစ်ယောက်ကို vote ပေးလိုက်တာနဲ့ သူ့ရဲ့ revoting power က တစ်ဝက်လျှော့သွားမယ်။ အဲ့ဒိလျှော့သွားတာက ၂၈ ရက်အတွင်း တစ်ဖြည့်ဖြည်းနဲ့ ပြန်ပြည့်လာမယ်။ လူတစ်ယောက်ရက် ပိုစ့်နှစ်ခုကို တစ်ဆက်ထဲ vote ပေးမယ်ဆိုရင် နောက်ပိုစ့်မှာ voting strength က 49% ပဲရှိတော့မှာဖြစ်ပါတယ်။

Vote strength = Voting Power * Voting Weigth * Revoting Power

ပထမvote အတွက်က
Vote Strength = 100% * 100% * 100%
ဒုတိယ vote အတွက်က
Vote Strength = 98% * 100% * 50%
ဆိုတော့ 49% ပဲကျန်ပါတော့တယ်။ တတိယ vote အတွက်က
Vote Strength = 96 * 100 * 25
24% ပဲကျန်ပါတော့မယ်။

Revoting power ရဲ့ အနည်းဆုံးပမာဏက ၆.၂၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ငါးဆယ်ကတော့ ၁၀၀ ဖြစ်ဖို့ကို ၂၈ ရက် စောင့်ရမှာဖြစ်ပေးမယ့်။ ဒိထက်နည်းတဲ့ ပမာဏကိုတော့ ၇ ရက် အတွင်း ပြန်ပြည့်ဖို့သတ်မှတ်နိုင်ပါတယ်။

ဒီလိုလုပ်ခြင်းအားဖြင့် တစ်လအတွင်းမှာ တစ်ခါပဲ vote ပေးနိုင်ပါမှာဖြစ်ပါတယ်။ နှစ်ခါ vote ပေးရင် 50% လျှော့သွားမှာဖြစ်ပါတယ်။

ဘယ်သူတွေကို အကျိုးသက်ရောက်မှာ ရှိစေမှာလဲ။
Circulation voting rings
Self vote
Bid bots influence

ဘယ်သူတွေကို မထိခိုက်ဖူးလဲ။
Smartsteem, minnowbooster တို့လို vote တဲ့သူ အများကြီးရှိတဲ့လုပ်ငန်းတွေကို ထိခိုက်မှု နည်းပါတယ်။ Steembasicincome ကိုလဲထိခိုက်မှု နည်းပါတယ်။ တစ်လ တစ်ကြီမ်ပဲ vote ပေးဖို့ သတ်မှတ်နိုင်ပါတယ်။ ဒီအတွက်တော့ setting ထပ်လုပ်ဖို့လိုပါတယ်။

jga ရဲ့ စိတ်ကူးကတော့ ပြန်ပြီး recover လုပ်ဖို့မပါပါဘူး။ ဘယ်နှစ်ရက်နေရင် ပြန်ပြည့်မလဲဆိုတာ မပါတဲ့အတွက် ရေရှည်ကျရင် vote ပေးဖို့အခက်အခဲရှိပါတယ်။  smcaterpillar ရဲ့စိတ်ကူးကတော့ ပိုကောင်းပါတယ်။ ဒါပေမဲ့ တစ်လအစား ၁၄ ရက်လောက်ဆိုရင်တော့ ပိုကောင်းမယ်လို့ထင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် hr1 တို့လို minnowsupport တို့လို voting weight နဲနဲလေးနဲ့ ပေးတဲ့အကောင့်တွေကတော့ မထိခိုက်ပါဘူး။

image_pdfimage_print

Leave a Reply

Your email address will not be published. Required fields are marked *