How to use steempress on wordpress

Steempress ကို wordpress site မှာ အသုံးပြုဖို့ဆိုရင် ပထမဆုံး Steempress ကို install လုပ်ရမှာဖြစ်ပါတယ်။ ပထမဆုံးအောက်ကလင့်ခ်ကို ကလစ်နှိပ်လိုက်ပါ။

 

SteemPress

ပြီးတာနဲ့ plug-in ကိုဒေါင်းလုဒ် ဆွဲလိုက်ပါ။ နောက်တစ်ဆင့်မှာတော့ Plugins>Add New ကိုနှိပ်လိုက်ပါ။ Add Plugins>Upload Pluginပြီးတာနဲ့ Activate ကိုနှိပ်လိုက်ပါ။  ဒီအဆင့်အထိက လွယ်မယ်လို့ထင်ပါတယ်။ Activate လုပ်ပြီးတဲ့ အဆင့်ကနေ စပြီး ပုံတွေနဲ့ရှင်းပြပေးမှာဖြစ်ပါတယ်။ အောက်ကပုံတွေနဲ့ gif တွေကို

Ref Link: https://steemit.com/utopian-io/@apkmopo.com/tutorials-steempress-to-write-steemit-post-on-wordpress 

ကနေယူသုံးထားပါတယ်။

ပထမဆုံး Setting ကိုသွားပါ။ အဲ့ဒိမှာ Steempress ကိုတွေ့ရမှာဖြစ်ပါတယ်။ Steempress ကိုနှိပ်လိုက်ပါက ပုံမှာပြထားသလိုပေါ်လာမှာဖြစ်ပါတယ်။

Steemit username နဲ့ private posting key ကိုထည့်ပေးပါ။ Rewards နေရာမှာ 50/50 ပြောင်းပေးပါ။ Selfvote ပေးချင်လား။ မူရင်းလင့်ခ်ကို Steemarticle မှာ ထည့်ချင်လားဆိုတာကို ရွေးပေးလို့ရပါတယ်။ အောက်က နှစ်ခုစလုံး OK ပြနေဖို့လိုပါတယ်။ ပြီးတာနဲ့ Save all changes ကိုနှိပ်လိုက်ပါ။ Default tag နေရာမှာ steempress နဲ့ ကိုယ်အမြဲထည့်နေကျတစ်ခုကို ရွေးပေးပါ။

Private post key ကို အောက်ကပုံမှာပြထားသလို ရယူနိုင်ပါတယ်။

Wallet>permission>Posting key ရဲ့ ဘေးက Show private key ကိုနှိပ်လိုက်ပါ။ တစ်ကယ်လို့ Login to show လို့ပေါ်ရင်လဲ အဲ့ဒါကို နှိပ်ပြီး password ဒါမှမဟုတ် active key ကိုထည့်ပေးရပါမယ်။ အဲ့ဒါဆိုရင် private posting key ကို ရပြီဖြစ်ပါတယ်။ Steemit မှာ Login လုပ်ဖို့ဆိုရင် private posting key ကိုပဲသုံးပေးပါ။

 

 

WordPress မှာ ပိုစ့်တစ်ခုရေးပါ။ပြီးတာနဲ့ public ကိုနှိပ်လိုက်ရင် အဲ့ဒိ ပိုစ့်က ကိုယ့်website မှာ တင်ပြီးသားဖြစ်သလို Steemit မှာလဲ တင်ပြီးသားဖြစ်သွားမှာဖြစ်ပါတယ်။ Blogger တွေအတွက် ကတော့ ကောင်းပါတယ်။ ကိုယ့် blog မှာရေးထားတဲ့ ပိုစ့်တွေကို steemit မှာ တစ်ခါထဲတင်လို့ရပါတယ်။ ကိုယ့် blog ကလဲ ပိုက်ဆံရ steemit ကလဲ ပိုက်ဆံရ နှစ်သီးစားရတာပေါ့ဗျာ။

ဒီ version ကတော့ သိပ်မစုံပါဘူး။ နောက်ပိုင်း version မှဆိုရင် ဒိထက်ပိုစုံပါတယ်။ Steemit မှာ ကိုယ့်ပိုစ့်ကို တင်မတင် ရွေးလို့ရပါတယ်။ Default tag ကို ကိုယ့်ရဲ့ ပိုစ့် tag ရှေ့မှာထားမထားရွေးလို့ရပါတယ်။ Footer ကို ကိုယ့်ပိုစ့်အဆုံးမှာ ထည့်မထည့်ရွေးလို့ရပါတယ်။ Feature image ကို ကိုယ့်ပိုစ့်ရဲ့ အစမှာထည့်မထည့် ရွေးလို့ရပါတယ်။ Blog တစ်ခုထဲကနေ အကောင့်တွေ အများကြီးနဲ့တင်တာကိုလဲ လုပ်လို့ရပါတယ်။

Steemit အကောင့်ကိုလဲ လုပ်ပေးနေပါတယ်။ ဆက်သွယ်လို့ရပါတယ်။ ဒါမှမဟုတ် ကိုယ်ဘာသာကို အကောင့်လုပ်မယ်ဆိုရင်လဲ ရပါတယ်။ နှစ်ပတ်တော့စောင့်ရမှာဖြစ်ပါတယ်။

image_pdfimage_print

Leave a Reply

Your email address will not be published. Required fields are marked *