တွေးမိတွေးရာ ရေးမိရေးရာ

ဒီနေ့တော့ ပင်လယ်ထဲမှာ လှိုင်းမူးနေတာနဲ့ ပိုစ့်မတင် ဖြစ်တော့ဘူး လို့တောင် ထင်နေတာ။ နောက်မှ အစဉ်အလာ မပျက်တင်လိုက် ဦးမှ ပါလို့ တွေးမိတာနဲ့ ဒီပိုစ့်ကို ရေးလိုက်တာပါ။ အင်္ဂလိပ်လိုတော့ assorted လို့ခေါ် မလားပဲ။

အခိျု့လူတွေက နေ့တိုင်းနီးပါးပိုစ့်တင်တယ်။ ဒါပေမဲ့ monthly author badge ကို မရဘူး။ ဘာဖြစ်လို့လဲ။ ကျွန်တော့်တို့က ပိုစ့်တင်တယ်ဆိုရင် ၂၄ နာရီအတွင်းဆိုရင် ပြီးပြီလို့ထင်နေတာ။ ဒါပေမဲ့ မဟုတ်ဖူးဗျ။ Steemit board က UTC+0 နဲ့ တွက်ပေးတာ။ အဲ့ဒိတော့ မနက် ၆ နာရီ ၃၀ ကနေ နောက်နေ့ မနက် ၆ နာရီ ၃၀ ကို တစ်ရက်လို့ သတ်မှတ်ပါတယ်။ အဲ့ဒိကြားထဲ တင်ရင်တော့ monthly author ရမယ်ပေါ့ဗျာ။ သိပ်တော့ မလွယ်လှဘူးဗျ။ ကျွန်တော်တောင် တစ်ခုပဲရသေးတယ်။

နောက်တစ်ခုက peakmonster နဲ့ပတ်သက်ပါတယ်။ ကျွန်တော်တို့က ကဒ်တွေ ရောင်းထားတယ် ဆိုပါစို့။ တစ်ခါတစ်လေမှာ ပိုက်ဆံကတော့ ဝင်လာတယ်။ ဒါပေမဲ့ ဘယ်ကဒ်က ရောင်းထွက်သွားမှန်း မသိလိုက်ဖူး။ နောက်တစ်မျိုးကတော့ ဘုစတာ ပက်ကို ဖွင့်နေတုန်း လိုင်ကျသွားတယ်။ ပြန်ရော ဖွင့်လိုက်ရော ပက်က ဖွင့်ပြီးသွားပြီ။ ဘာ ကဒ်တွေ ရသလဲ ဆိုတာ မသိတော့ဘူး။ အဲ့ဒိလို တွေ ဖြစ်ခဲ့ရင် peakmonster မှာ ကိုယ့်ရဲ့ activity တွေကို ရှာကြည့်လို့ ရပါတယ်။ မိမိ ရဲ့ နာမည်အောက်မှာ my explorer ကို ရှာပြီးတော့ နှိပ်ကြည့်လိုက်ပါ။ မိမိရောင်းထားတဲ့ ကဒ်တွေရော၊ မိမိ ဖွင့်ထားတဲ့ ပက်နဲ့ ရတဲ့ အကောင်တွေကိုပါ မြင်ရမှာ ဖြစ်ပါတယ်။ peakmonster ရဲ့ အားသာချက် နောက်တစ်ခုကတော့ ဝယ်လိုက်တဲ့ မွန်းစတားတွေကို ဈေးဝယ်ခြင်းထဲမှာ ထည့်ပြီး တစ်ခါထဲ ငွေချေလို့ ရတာပါပဲ။ steemmonsters မှာဆိုရင် ငွေချေရတာက တစ်ကောင်ချင်းစီကိုပဲ ချေလို့ရပါတယ်။ အကောင်အများကြီး ဝယ်မယ်ဆိုရင် အချိန်အရမ်းကုန်ပါတယ်။

peakmonster မှာ တိုက်ပွဲတွေကိုလဲ ရှာ ကြည့်လို့ရပါတယ်။