Life Splinter အကြောင်းလေ့လာသုံးသပ်ခြင်း

Life စပရင်တာကတော့ ကျွန်တော့်ရဲ့ အကြိုက်ဆုံး စပရင်တာ တစ်ခုပဲဖြစ်ပါတယ်။ သူ့မှာ ဘာတွေ အားသာချက်ရှိနေသလဲ ဆိုတာကို လေ့လာကြည့်ကြရအောင်….

  1.  သုံးထပ် Heal လုပ်လို့ ရပါတယ်။
  2. Summoner မှာ မွန်းစတားတွေကို ဒိုင်းကာ ထည့်ပေးနိုင်ပါတယ်။ အနီးပစ်နဲ့ အဝေးပစ်တွေကို တစ်ချက် အလဟဿဖြစ်အောင် လုပ်နိုင်ပါတယ်။
  3. လယ်ဗယ် အနိမ့်မှာထဲက မှော်စွမ်းအားကို လျှော့နိုင်ပါတယ်။
  4. နောက်ဆုံး ကတော့ သေပြီးသား မွန်းစတားကို ပြန်ရှင်သန်စေတာပါ။ ပြန်ရှင်သန် လာတဲ့ အချိန်မှာ သွေးက ၁ ပဲရှိပေမယ့် သူ့ရဲ့ စွမ်းရည် က နှစ်ဆတိုး လာပါတယ်။ သူ့အပေါ်မှာ ပဲတိုးတာပါ။ ဥပမာ Defender of truth ကို ပြန်အသက် သွင်းလိုက်တဲ့ အချိန်မှာ သူ့ရဲ့ ဒိုင်းကာက ၆ ဖြစ်သွားပါတယ်။ အရင်တုန်းက ၄ ပဲရှိတာပါ။
  5. သူ့ရဲ့ လျှင်မြန်မှုက ကျန်တဲ့ စပရင်တာ အားလုံးထက် သာပါတယ်။
  6. Damage ကို ၂ အထိ ပေါင်းပေးနိုင်ပါတယ်။

 


အားသာချက်တွေ ပြောပြီးသွားရင် အားနည်းချက်တွေကိုလဲ ပြောရဦးမှာပါ။

  1. ရန်သူကို ချောင်းတိုက်နိုင်တဲ့ အကောင်မရှိပါဘူး။
  2. ရန်သူကို အဆိပ်သင့်စေတဲ့ မွန်းစတား မရှိပါဘူး။
  3. ရန်သူရဲ့ တိုက်ခိုက်မှုကို တန်ပြန်တိုက် ခိုက်နိုင်တဲ့ မွန်းစတားမရှိပါဘူး။
  4. ရန်သူကို မူးစေနိုင်တဲ့ မွန်းစတား မရှိပါဘူး။
  5. ကိုယ့်ဘာသာကို သွေးပြန်ဖြည့်နိုင်တဲ့ မွန်စတားမရှိပါဘူး။
  6. ရန်သူရဲ့ သွေးကို လျှော့စေနိုင်တဲ့ မွန်းစတားမရှိပါဘူး။

အဲ့ဒိတော့ အခြားသူတွေအပေါ်မှ မူတည် မနေပဲနဲ့ ကိုယ့်ဘာသာကိုယ် တပ်ဖွဲ့ကို တည်ဆောက်ရဲ့ ပုံစံဖြစ်ပါတယ်။

ရန်သူ့ရဲ့ တပ်ဖွဲ့က ရှေ့ကို တိုက်မှာလား။ နောက်ကို တိုက်မှာလား။ အနီးကပ်လား၊ အဝေးပစ်လား၊ မှော်နဲ့တိုက်မှာလား ဆိုတာကိုပဲ စဉ်းစားဖို့လိုတာပါ။

သူ့ကို natural မွန်းစတားတွေနဲ့ တွဲဆော့ရင်တော့ အတော် ပြည့်စုံသွား ပါတယ်။ ဥပမာ hydra နဲ့ တွဲ့ဆော့ရင် သွေးသုံးထပ် ဖြည့်လို့ရသလို ရန်သူတိုက်ခိုက်မှုကို တန်ပြန် တာနဲ့ ရန်သူက တိုက်တာနဲ့ ကိုယ်က တန်ပြန်တိုက် ခိုက်တာတွေပါ လုပ်လို့ရပါတယ်။