A Cure for Wellness movie review in myanmar language

ဒီတစ်ခါလဲ movie review အကြောင်းရေးပါဦးမယ်။ သင်္ဘောပေါ်မှာ ပျင်းပျင်းနဲ့ ဇာတ်လမ်းတွေ ကြည့်ပြီး review တွေ ထိုင်ရေးနေတာ။ သည်းခံ၍ ဖတ်ရှုကြပါရန်။

နယူးယောက်မြို့မှာ အခြေစိုက်တဲ့ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ အရာထမ်းတစ်ယောက်ဖြစ်တဲ့ Lockhart ကို ဆွစ်ဇာလန်နိုင်ငံ အဲ့လ် တောင်တန်းတွေပေါ်မှာ ဖွင့်လှစ်ထားတဲ့ ကျမ်းမာရေးစောင့်ရှောက်မှု ဂေဟာ တစ်ခုမှာ သွားရောက် ဆေးကုသမှုခံယူနေတဲ့ CEO ဖြစ်သူ Roland Pembroke ကို သွားရောက် ခေါ်ယူဖို့ ဒါရိုက်တာ အဖွဲ့ကနေ တာဝန်ပေးလိုက်ပါတယ်။ Lockhart ကလဲ အဲ့ဒိ ဂေဟာကို ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ Pembroke နဲ့တော့ တွေ့ခွင့်မရပါဘူး။ သူရောက်တဲ့ အချိန်က ဧည့်တွေ့ချိန် ကျော်လွန်နေပြီ ဖြစ်တဲ့ အတွက် နောက်နေ့မှ ထပ်လာခဲ့ဖို့ ပြောပါတယ်။
ပြန်ထွက်လာတဲ့ လမ်းမှာ မတော်တဆ ထိခိုက်မှု တစ်ခုဖြစ်ခဲ့ပါတယ်။ သုံးရက် အကြာမှာ ပြန်ပြီး သတိရလာခဲ့ပါတယ်။ အဲ့ဒိအချိန်မှတော့ ကျမ်းမာရေး စောင့်ရှောက်မှု ဂေဟာကို ရောက်နေခဲ့ပါပြီ။ သူ့ခြေထောက်ကို ကျောက်ပတ်တီး စီးထားတာကို တွေ့ရပါတယ်။ အဲ့ဒိဂေဟာမှာ နေထိုင်စဉ် အတောအတွင်း ထူးဆန်းတဲ့ hannah လို့ ခေါ်တဲ့ မိန်းကလေးနဲ့ တွေ့ခဲ့ပါတယ်။ သူကတော့ ထူးဆန်းတဲ့ အရည်တစ်မျိုး( ဘော်ရောင် ပုလင်းနဲ့ ထည့်ထားတဲ့) ကို သောက်သုံးပါတယ်။
အဲ့ဒိမှာ ကုသနေတဲ့ လူနာတွေထဲက တစ်ယောက်ဖြစ်တဲ့( ဒီအနီးအနားက ရွာကပဲ ဆေးလာကုတဲ့) Victoria Watkins ဆိုတဲ့ အမျိုးသမီးကြီးက သူ့ကို ဒီ ဂေဟာနဲ့ ပတ်သက်ပြီးတော့ ပြောပြပါတယ်။ အဲ့ဒိဂေဟာ ဆောက်လုပ်တဲ့ နေရာမှာ လွန်ခဲ့တဲ့ အနှစ်နှစ် ရာလောက်က မြေရှင်ကြီး တစ်ယောက်ပိုင်တဲ့ ရဲတိုက်ရှိပါတယ်။ သူက အခြားသွေးနှောမှာ ကြောက်တဲ့အတွက် သူ့ ညီမ အရင်းဖြစ်သူနဲ့ ပြန်ပြီးတော့ ယူလိုက်ပါတယ်။ နောက်ပိုင်းမှာတော့ သူ့ညီမမှာ ကိုယ်ဝန်မရနိုင်ဘူးဆိုတာ သိလိုက်ပါတယ်။ အဲ့ဒိအချိန်ထဲကစပြီး စမ်းသပ်မှုတွေ အမျိုးမျိုး ပြုလုပ်ခဲ့ပါတယ်။ သူအောင်မြင်ခဲ့ပြီး သူ့အမျိုးသမီးက ကိုယ်ဝန်ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူဒီလို စမ်းသပ်မှုတွေ လုပ်ခဲ့လို့ လူတွေ သေကုန်ကြောင်းသိတဲ့ လယ်သမားတွေက သူ့ရဲ့တိုက်ကို တိုက်ခိုက်ပြီးတော့ မီးရှို့လိုက်ပါတယ်။ လယ်သမားတွေက သူ့အမျိုး သမီးကို အရှင်ဖမ်းမိပြီး မီးတင်ရှို့လိုက်ပါတယ်။ မီးမလောင်ခင်မှာတော့ သူ့ဗိုက်ထဲက ကလေးကို အောင်မြင်စွာထုတ်ယူနိုင်ခဲ့ပါတယ်။ အဲ့ဒိ ကလေးကို ရေထဲ ပစ်ချပေခဲ့ပေမယ့် အံ့သြ စရာ ကောင်းလောက်အောင် ရှင်သန်နိုင်ခဲ့ပါတယ်။

Lockhart က လွတ်မြောက်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်လိုမှ မလွတ်နိုင်ခဲ့ပါဘူး။ သူက Hannah ကို သူ့အမေပေးခဲ့တဲ့ ကနေတဲ့ အရုပ်ကလေးကို လက်ဆောင် အဖြစ်ပေးခဲ့ပါတယ်။ ပြီးတော့ သူတို့နှစ်ယောက် အနီးနားက မြို့ကို သွားပြီး Pembroke ရဲ့ ကျမ်းမာရေး စစ်ချက်ကို ဘာပြန်ပြန်ပေးဖို့ ဘာသာပြန်ကို သွားရှာခဲ့ပါတယ်။ အဲ့ဒိမှာ ထူးခြားတာတစ်ခုက သူတို့ကို ရေနဲ့ဆေးကုနေခဲ့ပေမဲ့ ရေငတ်နေတဲ့ လက္ခဏာကို တွေ့ရှိခဲ့ပါတယ်။ အဲ့ဒိ က ဘားမှာ ပြဿနာ တက်တဲ့အချိန်မှာ ဂေဟာပိုင်ရှင် Dr. Volmer က သူတို့ကို လာရောက် ကယ်တင်ခဲ့ပါတယ်။
Lockhart က သူ့သံသယဖြစ်နေတဲ့ နေရာတွေကို ဝင်ရှာတဲ့ အခါမှာ ထူးဆန်းတဲ့ စမ်းသပ်မှု တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ အနီးအနားက ရေကန်ထဲမှာ ရှိတဲ့ ရေက အလွန် အဆိပ်ပြင်းပါတယ်။ ဒါပေမဲ့ ကန်ထဲမှာ ရှိနေတဲ့ ငါးရှဉ့်တွေ ကတော့ အလွန်ကို အသက်ရှည်ပါတယ်။ ဒေါက်တာက ဒီအချက်ကို အသုံးချပြီးလူနာတွေကို ရေစစ်လို သဘောထားပြီး အသက်ရှည်ဆေးကို ထုတ်ယူပါတယ်။ အဲ့ဒိဆေးကို Hannah, Volmer နဲ့ သူ့ရဲ့ ဝန်ထမ်းတွေက အသက်ရှည်ဖို့ အတွက် သောက်သုံးကြပါတယ်။

Volmer က Lockhart ကို သူ့ကိုယ်သူ ရူးနေတယ်လို့ ထင်လာအောင် ဆေးတွေ ကျွေးထားပါတယ်။ ဒါပေမဲ့ Lockhart ကို သူ့ကို hannah ပြန်ပေးထားတဲ့ ကချေသည် ရုပ်ကလေးကို ကြည့်ပြီး သတိပြန်ဝင်လာပါတယ်။ အဲ့ဒိအချိန်လောက်မှာပဲ Hannan က ပထမဆုံးအကြီမ် အနေနဲ့ ရာသီလာခဲ့ပါတယ်။ Volmer က အဲ့ဒိ အချိန်ကို စောင့်နေခဲ့တာပါ။ အဲ့ဒိညမှာပဲ Hannah ကို လက်ထပ်ယူလိုက်ပါတယ်။ ပြီးတော့ ကာမဆက်ဆံဖို့ ကြိုးစားနေတဲ့ အချိန်မှာပဲ Lockhart ရောက်လာပြီး သူ့ကို ကယ်ထုတ်လိုက်ပါတယ်။

Volmer က ဘယ်သူလဲ။
Hannah ကရော ဘယ်သူလဲ။
ဘာတွေ ဆက်ဖြစ်ကျမှာလဲ။
ဘာဖြစ်လို့ Volmer က Hannah ကို စောင့်နေခဲ့တာလဲ။
Lockhart အနေနဲ့ ဂေဟာထဲက လွတ်မြေက်ပြီး New York ကို ပြန်သွားနိုင်မှာလား။

image_pdfimage_print

Leave a Reply

Your email address will not be published. Required fields are marked *