Steemmonster မှာ Champion League ကို ရောက်ခဲ့ပြီ

မနေ့ကတော့ SM မှာ Champion III ကို ရောက်ခဲ့ပါပြီ။ ကို ဘိုဘိုကျော်ကို အားကျမိတာနဲ့ ကြိုးစားကြည့်လိုက်တာပါ။ Champion II ကို ရောက်ဖို့တော့ ဆက်ကြိုးစားနေပါတယ်။ ဒါပေမဲ့ သူ့ဆီရောက်ဖို့က ဖလာ ငါးရာ လိုဦးမယ်ဆိုတော့ သိပ်တော့မလွယ်လှပါဘူး။ နောက်ပြီးတော့ သုံးပွဲနိုင်ရင် နှစ်ဆ ရတဲ့ streak bonus ကလဲ မရှိတော့ဘူးဆိုတော့ ဖလားရနှုန်းက တစ်ဝက်လောက်လျော့သွားပါတယ်။

Champion II ကို ရောက်ခဲ့ရင် ၂၅ ဘုစတာ ပက် ရမှာဖြစ်ပါတယ်။ ကဒ်အနေနဲ့ ဆိုရင်တော့ ၇၅ ကဒ်ရမှာဖြစ်ပါတယ်။ ရာသီကုန်သွားရင်တော့ ဖလား ၂၆၀၀ ကနေ ပြန်စမှာဖြစ်ပါတယ်။ ပြိုင်ပွဲအနေနဲ့ဆိုရင်တော့ Gold I ကနေပြန်စမှာဖြစ်ပါတယ်။

အောက်ပိုင်းမှာ နေ့တိုင်းတိုက်နေရင်လဲ အဲ့ဒိလောက်တော့ ရနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ဘယ်လောက် များများရနိုင်သလဲ ဆိုတာကို တိုင်းတာကြည့်တဲ့ သဘောပါ။

Steemmonster ဆော့နေတဲ့ သူတွေ အခုအချိန်မှာ အရင်းကြေရုံမက အမြတ်တွေ တောင် ထွက်နေပါပြီ။ SP နည်းနေလို့လဲ စိတ်ပူစရာ မလိုပါဘူး။ ကိုယ့် ဝယ်တဲ့ တန်ဖိုးရဲ့ 10% ကို SP အဖြစ် ပြန်ပေးမှာဖြစ်ပါတယ်။ အဲ့ဒိ ပမာဏက ဘယ်လောက်လဲ ဆိုတာတော့ မသိသေးပါဘူး။ ဘယ်အချိန်အထိ ပေးမလဲ ဆိုတာလဲ မသိသေးပါဘူး။ ဒါပေမဲ့ ကစားတဲ့ သူတွေအနေနဲ့ကတော့ အဆင်ပြေမယ်လို့ ထင်ပါတယ်။

မိမိရဲ့ မိတ်ဆွေတွေနဲ့ အတူကစားမယ် ဆိုရင် ပိုပျော်ဖို့ ကောင်းပါတယ်။ ကျွန်တော်တို့က ချန်ပီယံတွေပါ။

Let’s play steemmonsters.

https://www.steemmonsters.com/?ref=mmunited

image_pdfimage_print

Leave a Reply

Your email address will not be published. Required fields are marked *