Water Splinter ကိုလေ့လာသုံးသပ်ခြင်း

Water splinter က magic ကို အဓိကထားပါတယ်။ သူ့ရဲ့ summoner ဖြစ်တဲ့ Alric Strombringer က မွန်းစတားတွေရဲ့ magic ကို ၁ ပေါင်းထည့်ပေးပါတယ်။ ဒိအတွက် magic ကောင်အများစုနဲ့ သုံးရင် ပို အားသာစေရပါတယ်။

အားသာချက်များ

  • နေရာစုံကို တိုက်ခိုက်နိုင်ပါတယ်။
    magic ကို အဓိက အားပြုပါတယ်။
  • သူ့မှာ စွမ်းရည် အတော်များများပါနေတာကို တွေ့ရမှာပါ။
  • Medusa မှာ ရန်သူကို မူးနိုင်တဲ့ စွမ်းရည် ပါနေပါတယ်။
  • Water elemental မှာ ကိုယ့်ဘာသာ ကိုယ် သွေးပြန်ဖြည့်နိုင်ပါတယ်။

အာနည်းချက်များ

  • Blast လုပ်နိုင်တဲ့ စွမ်းရည် မရှိပါဘူး
  • Void နိုင်တဲ့ စွမ်းရည် မပါပါဘူး။
    ပျံနိုင်တဲ့ အကောင်မပါပါဘူး။
  • အဆိပ် သင့်စေနိုင်တဲ့ စွမ်းရည် မပါပါဘူး။

သူ့ splinter သက်သက်ချည့်ပဲ သုံးမယ်ဆိုရင်တော့ Selenia Sky နဲ့ တွဲသုံးလို့ မကောင်းပါဘူး။ အခုနောက်ဆုံးတွေ့ထားတာတော့ ရာမီရက် အကောင့်ကနေ centaur, shin-lo တို့နဲ့ တွဲသုံးထားတာတွေတယ်။ Spineback turtle, Shin-lo. pirate captain, crustacean king နဲ့ နောက်ဆုံးမှာ centaur ကိုထားထားတယ်။ ကျွန်တော်အပေါ်က ပြောခဲ့တဲ့ အားနည်းချက်တွေဖြစ်တဲ့ ပျံနိုင်တဲ့ အကောင်ရယ်၊ အဝေးပစ်တွေရယ်ကို ထပ်ပေါင်းထည့်ပေးထားပါတယ်။ ရှင်းလိုရဲ့ mana cost က ၁ ပဲ ရှိတာလဲ ပါတာပေါ့လေ။

Level မြင့်လာရင်တော့ medusa က မပါမဖြစ်ပါ။ Magic နဲ့ မူးတာနဲ့ဆိုတော့ ရန်သူ့ Tank ကို ဘာမှမလုပ်နိုင်အောင် လုပ်ထားနိုင်ပါတယ်။ သွေးကလဲ အတော်များတယ်။ ဒါပေမဲ့ ပြိုင်ဘက်အသင်းမှာ Silvershield paladin ရှိနေရင်တော့ သိပ်မလွယ်လှဘူး။

နောက်ပြီးတော့ Crustacean king ကိုလဲ မဖြစ်မနေ ထည့်ရမှာပါ။ သူပါမှပဲ ကိုယ့် tank ကို သွေးဖြည့်ပေးနိုင်မှာပါ။ Slow ကလဲ frost giant မှာပဲ ပါတဲ့ အတွက် သိပ်တော့ အဆင်မပြေလှပါဘူး။ Mana လစ်မစ်ကို နည်းနည်းပဲ ပေးထားတဲ့ အချိန်မျိုးမှာ ပြဿနာရှိနိုင်ပါတယ်။

Blast လုပ်နိုင်တဲ့ စွမ်းရည်မပါတာရယ်၊ သွေးနည်းတဲ့ အကောင်တွေ အများကြီး ရွေးချယ်ရတာတွေရယ်က သူ့အတွက် အားနည်းချက်ဖြစ်လာနိုင်ပါတယ်။ အဓိက ပြိုင်ဘက်ကတော့ death splinter ဖြစ်လာမှာပါ။

Haunted spirit ရဲ့ သွေးပြန်ဖြည့်နိုင်စွမ်းနဲ့ magic ကို ၁ လျှော့နိုင်တဲ့ စွမ်းရည်၊ Screaming banshee ရဲ့ magic နဲ့ blast လုပ်နိုင်တဲ့ စွမ်းရည်၊ နောက်ပြီးတော့ Zenitar Mortaus ရဲ့ damage ကို ၁ လျှော့နိုင်တဲ့စွမ်းရည် စတာတွေက water splinter ကို အခက်တွေ့စေမှာပါ။ နောက် ပြီးတော့ haunted spider ရဲ့ အဆိပ်၊ twisted jester ရဲ့ snipe နိုင်တဲ့ စွမ်းရည် စတာတွေကလဲ water splinter ကို အခက်တွေ့စေမှာဖြစ်ပါတယ်။

image_pdfimage_print

Leave a Reply

Your email address will not be published. Required fields are marked *