စတင်းဈေးတွေကျတဲ့အခါ

ဒီတစ်ခါတော့ စတင်းဈေးက အတော်ကို ကျသွားတယ်။ ၀.၅ အောက်ကို ရောက်နေပြီ။ ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ။ ကျွန်တော်ကတော့ စာတွေဆက်ရေးနေမှာပါ။ “အပြုံးမပျက်ပေါင် စိတ်လက်ရှည်ရှည် …. …..” အဲ့ဒိ သီချင်းထဲကလိုပေါ့ဗျာ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါက တစ်ကမ္ဘာလုံးနဲ့ ဆိုင်တဲ့ ပြဿနာဖြစ်လို့ပါ။ စတင်းတင်မကပါဘူး။ အခြား ခရစ်တို ငွေကြေးတွေပါ ဈေးတွေကျနေတာပါ။ အမေရိကန် ဒေါ်လာက မာနေတဲ့သဘောပေါ့။ ဈေးတွေ အကုန်ထိုးဆင်းနေတဲ့အတွက် တစ်ချိန်မှာတော့ ပြန်တက်လာမှာပါ။ BTC ဆိုရင် ၄၂၈၀ ကိုရောက်နေပါပြီ။ ၂၀၁၈ အတွင်းမှာ အနီမ့်ဆုံးဈေးဖြစ်ပါတယ်။ ဝယ်စုဖို့ရာမှာ လဲ ဒေါ်လာဈေးက မာနေတဲ့အတွက် ဈေးက သိပ်သက်သာရာရတယ်တော့ မဟုတ်ပါဘူး။

ဒီအချိန်မှာ ကြိုးစားရေးထားကျရင် sp တွေအများကြီးစုမိနေမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ရေးတဲ့သူနည်းလေလေ ကိုယ့်အတွက် များများရလေလေပါပဲ။ ဒီသဘောတရားကို သုံးပြီးတော့ ဆက်ရေးနေကြပါ။ ရလာတဲ့ အက်ဘီဒီကိုတော့ ဈေးပြန်တက်လာတဲ့ အချိန်မှာ ထုတ်ရောင်းကျပေါ့။

ပိုလန် ကွန်မြူနတီက မေးထားတဲ့ မွေးခွန်းတွေကို ဖြေမဲ့သူ မရှိတော့ရင်လဲ အဆင်ပြေသလိုပဲ ကြည့်ဖြေလိုက်ပါတော့မယ်။

အီးစတင်း နဲ့ပတ်သက်တဲ့ ဗုတ်တွေကိုလဲ ဆက်ပေးနေမှာပါ။ တစ်ကယ်လို့ အီးစတင်းနဲ့ ရေးပြီး ဗုတ်မရသေးတဲ့ သူတွေရှိရင်လဲ @aggamun, @nayhlaingsoe, @lwanwai တို့နဲ့ ဆက်သွယ်နိုင်ပါတယ်။ ကျွန်တော့်ဆီကိုလဲ ဆက်သွယ်လို့ရပါတယ်။ အဆင်ပြေတဲ့သူဆီ ဆက်သွယ်ကြပါ။

စတင်းပရက် ကိုသုံးချင်တဲ့သူတွေရှိရင်လဲ ကိုဘိုဘိုကျော်ကို မေးကြည့်နိုင်ပါတယ်။ ဒီအချိန်မှာ ၅ စတင်းဆိုတာက ဘယ်လောက်မှ မကျပါဘူး။ စမ်းကြည့်ပါ ရရင်တော့ အမြတ်ပေါ့ဗျာ။ မရရင်လဲ ၅ စတင်းပဲ ဆုံးမှာပါ။

ကျွန်တော်တို့လဲ ပရောဂျက်တစ်ခုလုပ်ဖို့ စဉ်းစားသင့်ပြီလို့ ထင်ပါတယ်။ အခြား ကွန်မြူနတီတွေနဲ့ နိုင်းယှဉ်ရင် အများကြီးနောက်ကို ကျန်နေတယ်လို့ထင်ပါတယ်။ ကို @minsoenaing, ကို @sawlwin တို့က e လိုရေးထားတာတွေကို ဘာသာပြန်ပေးနေလို့တော်ပါသေးတယ်။ ဒါပေမဲ့ ဒိထက်ပိုပြီး လုပ်ကြဖို့လိုတယ်လို့ ထင်ပါတယ်။ နောက်တစ်ပိုစ့်ကျတော့မှ အသေးစိတ်ဆက်ရေးပါတော့မယ်။

image_pdfimage_print

Leave a Reply

Your email address will not be published. Required fields are marked *