Abilities of Monsters

Monsters များရဲ့စွမ်းရည်များ

ကျွန်တော်ပြီးခဲ့တဲ့ပိုစ့်မှာ ကတိပေးခဲ့သလိုပဲ ဒီနေ့မှာတော့ monsters တွေရဲ့ စွမ်းရည်(ability)တွေနဲ့ပတ်သက်ပြီးရေးသားပေးမှာဖြစ်ပါတယ်။

Monster တွေမှာ သူ့ရဲ့ level နဲ့လိုက်ပြီးတော့ စွမ်းရည်တွေရရှိပါတယ်။ လယ်ဗယ် အမြင့်ဆုံးမှာကတော့ သူ့ရဲ့ စွမ်းရည်တွေ အကုန်လုံးကို ရရှိပါတယ်။ အများဆုံးရနိုင်တာကတော့ စွမ်းရည် ၄ မျိုးဖြစ်ပါတယ်။ ဥပမာ Angel of Light ဆိုရင် ပျံသန်းနိုင်စွမ်း၊ သူများကို သွေးပြန်ဖြည့်နိုင်စွမ်း၊ သူများကို အသက်ပြန်သွင်းနိုင်စွမ်းနဲ့ damage ကိုတိုးစေနိုင်တဲ့ စွမ်းရည်ရှိပါသည်။ သူများကို အသက်ပြန်ရှင်စေတဲ့ စွမ်းရည်ကတော့ ဂိမ်းတစ်ခုလုံးမှာ သူမဆီမှာပဲရှိပါတယ်။

နောက်တစ်ခုပြောချင်တာကတော shield ပါ။ ပါဝင်တဲ့ ရာခိုင်နှုန်းကို နှိုင်းယှဉ်ရင် အနီးကပ်နဲ့ အဝေးပစ်တွေက မှော်(magic သုံးတဲ့သူက ပိုများပါတယ်)။ Shield ကတော့ အဲ့ဒိ dagame နှစ်မျိုးစလုံးကို ၁ လျှော့ပေးပါတယ်။ အဲ့ဒိတော့ အဲ့ဒိ စွမ်းရည်က အတော်အသုံးဝင်တဲ့ စွမ်းရည်ဖြစ်ပါတယ်။ သူနဲ့ အလားတူ စွမ်းရည်ကတော့ Void ဖြစ်ပါတယ်။ သူကတော့ magical damage ကို ၁ လျှော့ပေးပါတယ်။ Alric Strombringer နဲ့ရင်ဆိုင်ရတဲ့ အခါမှာ သုံးမယ်ဆိုရင် ကောင်းမွန်ပါတယ်။

အခိျု့အကောင်တွေက သွေးပြန်ဖြည့်ပေးနိုင်ပါတယ်။ ဒီနေရာမှာ နှစ်မျိုးရှိပါတယ်။ ကိုယ့်ဘာသာကိုယ် ဖြည့်တာနဲ့ သူများကို ဖြည့်ပေးတာပါ။ Haunted Spirit လို အကောင်တွေကို ကိုယ့်ဘာသာကိုယ်သွေးပြန်ဖြည့်ပါတယ်။ Divine Healer လိုအကောင်တွေကတော့ သူများကို သွေးဖြည့်ပေးပါတယ်။

Weaken ဆိုတာကတော့ ရန်သူ့ရဲ့ သွေးကို တစ်ခုလျှော့ပေးပါတယ်။ သူ့ကို တန်ပြန်နိုင်တာကတော့ Lyanna Natura ရဲ့ စွမ်းရည်ပဲဖြစ်ပါတယ်။ Slow ကတော့ monster ရဲ့ လှုပ်ရှားနိုင်စွမ်းကို ၁ လျှော့ပေးပါတယ်။ ဘယ်သူက အရင်တိုက်ရမလဲ ဆိုတာကို monster ရဲ့ လှုပ်ရှားနိုင်စွမ်းနဲ့ တိုင်းတာတဲ့အတွက် အရင်ဆုံး တိုက်ခိုက်ရတဲ့သူက ပိုပြီး အသာရပါတယ်။

Rampage ကတော့ လွယ်လွယ်ပြောရရင် ကိုယ့်ကို လာထိရင် စိတ်ဆိုတယ်ပေါ့။ အဲ့ဒိအခါမှာ damage လဲတက်လာပါတယ်။ Naga Warrior, Clay Golem တို့မှာ တွေ့ရပါတယ်။ သူ့ရဲ့ သွေးလျော့သွားတာနဲ့ damage တက်လာပါတယ်။

Sneak ကိုလဲ မေ့ထားလို့မရပါဘူး။ Sneak ဆိုတာကတော့ ချောင်းတိုက်တာပါ။ နောက်ဆုံးမှာ ထားတဲ့အကောင်ကို တိုက်ပါတယ်။ သူကတော့ အနီးပစ်၊အဝေးပစ်မရွေးပါဘူး။ Snipe ဆိုတာကတော့ လက်ဖြောင့်တပ်သားပေါ့။ ရန်သူ့ရဲ့ အဝေးပစ်ကို အဓိက ထားတိုက်ပါတယ်။ တစ်ဖက်အသင်းမှာ snipe လုပ်တဲ့သူပါရင် ကိုယ့်ရဲ့ အဝေးပစ်သမားတွေ အရင်ကျကုန်ပါတယ်။

Magic reflection ရန်သူ့ရဲ့ maagic နဲ့ ပစ်တဲ့သူတွေကို သူတို့ပစ်တဲ့ magic ပြန်မှန်စေတာပါ။ အနီးပစ် အဝေးပစ် သမားတွေအတွက်ကတော့ retalitate ရှိပါတယ်။ သူ့ကိုထိတာနဲ့ ပြန်ချပါတယ်။ Magic reflection ကတော့ Magic သုံးတဲ့သူတွေကို ပြန်လည်တိုက်ခိုက်တာဖြစ်ပြီးတော့ retalitate ကတော့ physical damage သမားတွေကို တန်ပြန်တိုက်ခိုက်တာဖြစ်ပါတယ်။

Protect ဆိုတာကတော့ ကိုယ့်အကောင်တွေရဲ့ armor ကို ထပ်ပေါင်းပေးတာဖြစ်ပါတယ်။ Armor တစ်ခုထဲရှိနေပေမယ့် ရန်သူ့ရဲ့ attack ကိုကာကွယ်နိုင်ပါတယ်။ ဥပမာ ရန်သူရဲ့ damage က ၅ ဖြစ်နေတယ်ဆိုရင်တော့ armor တစ်ခုထဲနဲ့ ကာကွယ်နိုင်ပါတယ်။ ဒီနေရာမှာ ခြွင်းချက်တော့ ရှိပါတယ်။ Piercing ကတော့ armor ကိုဖောက်ပြီးတိုက်ခိုက်တာပါ။ ကိုယ့်အကောင့်က 3 damage ရှိတယ်ဆိုပါစို့။ ရန်သူ့အကောင့်မှာ armor တစ်ခုနဲ့ သွေးနှစ်ခုကျန်သေးတယ်ဆိုရင် သေပါတယ်။ Piercing မပါတဲ့အကောင်ဆိုရင်တော့ နှစ်ခါတိုက်ရမှာဖြစ်ပါတယ်။ Trample ဆိုတာကတော့ သူတိုက်လိုက်လို့ တစ်ကောင်သေသွားတာနဲ့ နောက်က အကောင်ကို ဆက်တိုက်ပါတယ်။ ရန်သူသေသွားတိုင်းသူ့မှာ တိုက်ခိုက်ဖို့အလှည့်တစ်လှည့်ပိုလာပါတယ်။

Inspire ကတော့ ကိုယ့်အကောင်ရဲ့ physical damage ကိုတိုးစေတာပါ။ အနီးပစ်ကိုပဲ တိုးပေးပါတယ်။ Splash ကတော့ သိပြီးသားဖြစ်မှာပါ။ ဘေးက monster ကိုပါ damage ထိပါတယ်။ Screaming banshee က magical, Fire Demon က physical damage ထိစေပါတယ်။

Stun ဆိုတာကတော့ မူးစေတာဖြစ်ပါတယ်။ မူးနေတဲ့သူက မတိုက်ခိုက်နိုင်ပါဘူး။ နောက်တစ်ခုကတော့ dodge ပါ။ အနီးပစ်နဲ့ အဝေးပစ်တွေကနေ လွဲချော်စေနိုင်ပါတယ်။ magic ကိုတော့ မရှောင်နိုင်ပါဘူး။

ကျွန်တော်ကျန်ခဲ့တဲ့ အချက်တွေရှိရင်လဲ မှတ်ချက်ပေးခဲ့နိုင်ပါတယ်။ နောက်ဆုံးအနေနဲ့ ညာဏ်စမ်းမေးမှာဖြစ်ပါတယ်။ မိမိတို့ နှစ်သက်တဲ့ splinter နဲ့ သူ့ရဲ့ ထူးခြားချက်ကဘာလဲ။ သူ့မှာ ဘယ်လိုစွမ်းရည်မျိုးမရှိဘူးလဲ။ ဘယ်လို ထူးခြားတဲ့ စွမ်းရည်မျိုး သူများဆီမှာ မရှိတဲ့ စွမ်းရည်ကို ပိုင်ဆိုင်ထားသလဲ။

image_pdfimage_print

Leave a Reply

Your email address will not be published. Required fields are marked *