Steemmonsters ရဲ့စည်းမျည်းများ

 

ဒီနေရာမှာ စည်းမျဉ်းလို့ပဲဘာသာပြန်လိုက်ပါ့မယ်။ ဂိမ်းရဲ့စည်းမျဉ်းတွေက နှစ်ရက်တစ်ခါလိုလိုပြောင်းလဲနေပါတယ်။ ဒါမှလဲ ကစားတဲ့သူတွေအနေနဲ့ အတွေ့အကြုံအသစ်တွေရမှာဖြစ်ပါတယ်။ အဲ့ဒိတော့ သူ့ရဲ့ စည်းမျဉ်းတွေအကြောင်းသိဖို့လိုလာပြီလို့ထင်ပါတယ်။

ကျွန်တော်သိရသလောက်ကတော့ စည်းမျဉ်း ၅ ခုရှိပါတယ်။ အင်္ဂလိပ်လိုမှတ်မိတာကတော့ သုံးခုလောက်ပဲရှိပါတယ်။ အဲ့ဒါတွေကတော့ Standard, melee mayhem, Lost legendry တိုပဲဖြစ်ပါတယ်။ Standard ကတော့ ပုံမှန်ကစားသလိုပါပဲ ဘာစည်းမျဉ်းမှ မပါပါဘူး။ ဘာစည်းမျဉ်းမှမရှိတာကိုက စည်းမျဉ်းအခိျု့ရှိပါတယ်။ Melee ကောင်က ကိုယ့်အနားကပ်နေတဲ့ ရန်သူကိုပဲ တိုက်လို့ရပါတယ်။ Range ကောင်ကတော့ ကိုယ့်အဝေးက အကောင်ကိုပဲတိုက်လို့ရပါတယ်။ကိုယ့်အနားကပ်နေရင်တိုက်လို့မရပါဘူး။ Magic ကောင်ကတော့ နီးနီးဝေးဝေး တိုက်လို့ရပါတယ်။ Melee mayhem ကတော့ melee ကောင်က နီးနီဝေးဝေး ဘယ်နေရာမှာပဲရှိရှိတိုက်လို့ရပါတယ်။ Lost legendry ဆိုတာကတော့ legendary card ထည့်ပြီး ကစားလို့မရပါဘူး။ နောက်ပြီးတော့ summoner ရဲ့ စွမ်းရည်ကို နှုတ်တာလဲရှိပါသေးတယ်။ ဥပမာ Tyrus Paladium ရဲ့ armor ထပ်ထည့်ပေးနိင်တဲ့ စွမ်းရည်ကို နှုတ်ထားတဲ့အတွက် armor ထပ်ပေါင်းထည့်မပေးပါဘူး။ အဲ့ဒါဆိုရင် Kaira Lightbringer နဲ့အတူတူဖြစ်သွားပါတယ်။ ဒါပေမဲ့ mana cost ကတော့ တစ်ခုသက်သာပါတယ်။ နောက်ဆုံးတစ်ခုကတော့ monsters တွေရဲ့စွမ်းရည်ကို နှုတ်တာပါ။ ဥပမာ Undead priest ရဲ့ weaken စွမ်းရည်ကို နှုတ်ထားတယ် ဆိုရင် အခြား အကောင်တစ်ကောင်ကို ရွေးတာက ပိုအဆင်ပြေပါလိမ့်မယ်။ ဒီလိုနည်းနဲ့ အခိျု့အကောင်တွေကို ကစားပွဲထဲ့က ဖယ်ထုတ်ပြီး တွဲဖက်မှုအသစ်တွေကို လုပ်ဆောင်စေတာဖြစ်ပါတယ်။

Mana cap ပြောင်းတဲ့ ကိစ္စကတော့ ရှင်းပါတယ်။ သူပေးထားတဲ့ mana cap အတွင်း ဝင်အောက် မိမိ အကောင်တွေကို တွဲဖက်ဖို့လိုပါတယ်။ Steemmonsters ရဲ့ စည်းမျည်းအခိျု့ပြောင်းထားပါတယ်။ အခိျု့တွေက bot တွေသုံးပြီး ကစားတယ်။ အခိျု့တွေက ကဒ်တွေကိုလဲ ပြီး မိမိရဲ့ rating ကို တက်အောင်လုပ်ကြပါတယ်။ အဲ့ဒိအတွက် card တစ်ခုကို တစ်စုံတစ်ယောက်ကသုံးပြီး အခြားသူကို လွှဲပေးလိုက်ရင် အလွှဲခံရတဲ့သူက ၇ရက်အတွင်း အဲ့ဒိ ကဒ်နဲ့ ကစားလို့မရပါဘူး။ ဂိမ်းကစားတဲ့ပုံစံကိုလဲ ပြောင်းလဲမှာဖြစ်ပါတယ်။ ရန်သူကို အရင်ရှာပြီး ရှာလို့တွေ့မှ အကောင်ရွေးရမှာပါ။ ရန်သူရဲ့ ပြီးခဲ့တဲ့ ပွဲမှာ ကစားခဲ့တဲ့ အကောင်တွေကိုလဲ တွေ့ရမှာဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ bot တွေကို ဟန့်တားဖို့လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။

ဒီလောက်ဆိုရင် သဘောပေါက်လောက်ပြီလို့ထင်ပါတယ်။ နောက်တစ်ပတ်မှာတော့ monster တွေရဲ့ စွမ်းရည်တွေကို ရေးသားသွားမှာဖြစ်ပါတယ်။

image_pdfimage_print

Leave a Reply

Your email address will not be published. Required fields are marked *