မြန်မာ ကွန်မြူနတီသို့တောင်း ပန်စာ

မြန်မာ ကွန်မြူနတီသို့တောင်း ပန်စ

ကျွန်တော် ဒီရက်ပိုင်းမှာ လိုင်းအသုံးပြုရတာ အဆင်မပြေတဲ့ အတွက် ကျွန်တော်တာဝန်ယူထားတဲ့ ကိစ္စအခိျု့ကို မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ အဲ့ဒါတွေကတော့ C2 အတွက် curation လုပ်ပေးတဲ့ ကိစ္စနဲ့ esteem အတွက် upvote ပေးတဲ့ကိစ္စတွေပဲဖြစ်ပါတယ်။ အဲ့ဒိအတွက် ကွန်မြူနတီကို တောင်းပန်တဲ့ ဒီပိုစ့်ကို ရေးခြင်းဖြစ်ပါတယ်။ ဘယ်သူကမှ တာဝန်ပေးထားခြင်းမရှိပေမယ့် ကျွန်တော်လုပ်ဆောင်ရမယ့်ကိစ္စတစ်ခုကို မလုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ကျွန်တော့်မှာတာဝန်ရှိပါတယ်။

eSteem အတွက် upvote ပေးတဲ့ကိစ္စကတော့ အလိုအလျှောက် မဲပေးတဲ့စနစ်မှာ ထားထားတဲ့အတွက် လူအတော်များများကိုမဲပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အခိျု့လူတွေအတွက်ကိုတော့ အခက်အခဲဖြစ်စေခဲ့ပါတယ်။ C2 ကတော့ ပိုဆိုးပါတယ်။ Discord ကို လုံးဝဝင်လို့မရတဲ့အတွက် မဲမပေးနိုင်ခဲ့ပါဘူး။

ကျွန်တော် အခုအချိန်မှာ offshore ကိုရောက်နေတာဖြစ်ပါတယ်။ ကမ်းလွန် ရေနံရှာဖွေရေး သင်္ဘောပေါ်ကိုရောက်နေတာဖြစ်ပါတယ်။ အင်တာနက် ကအလွန်ကိုနှေးပါတယ်။ အဲ့ဒိထက်ဆိုးတာက connection ကောင်းတဲ့ wifi ကို ကွန်ပြူတာနဲ့ ချိတ်လို့မရပါဘူး။ ချိတ်လို့ရတဲ့ wifi ကလဲ gmail ပဲသုံးလို့ရပါတယ်။ ကျန်တဲ့ ဝက်ဆိုက်တွေကို သွားလို့မရပါဘူး။ ဖုန်းနဲ့တော့ connection ကောင်းတဲ့ wifi ကို ချိတ်လို့ရပါတယ်။ ဒါပေမဲ့ steemit မှာ vote ပေးလို့ရလောက်အောင် တော့ မကောင်းပါဘူး။ အဲ့ဒိတော့ အခုအချိန်မှာ ကျွန်တော်အလိုအလျှောက်စနစ်နဲ့ပေးထားတဲ့ vote ကိုပဲရအောင်ယူဖို့ အကြံပေးချင်ပါတယ်။

### ဒါဆိုရင် ဘာဖြစ်လို့ ပိုစ့်တွေတင်နိုင်နေတာလဲ။ ###

ကျွန်တော်ပိုစ့်တင်နေတာက steemit ကိုသုံးပြီးတင်နေတာမဟုတ်ပါဘူး။ website တစ်ခုကနေတင်နေတာပါ။ အဲ့ဒိ website ကို သုံးတဲ့သူက နည်းနေတဲ့အတွက် ဝင်ဖို့အတွက် အခက်အခဲမရှိပါဘူး။ တစ်ကယ်လို့ အခက်အခဲရှိခဲ့ရင်တောင်မှ gmail ကနေ တစ်ဆင့်ပိုစ့်တင်လို့ရပါတယ်။ အဲ့ဒိလိုပါပဲ။facebook group တွေကိုလဲ gmail ကနေ ပိုစ့်တင်လို့ရပါ တယ်။ အခက်အခဲဖြစ်နေတာက Steemmonster ဆော့လို့မရတာပါ။ ရတော့ရတယ် connection နှေးနေတဲ့အတွက် အကြာကြီးစောင့်ပြီး ကစားရပါတယ်။ တစ်ပွဲဆော့ဖိုကို ဝင်လိုက်ထွက်လိုက် ကစားရပါတယ်။ ဒီညနေဆို တစ်ပွဲမှ မတိုက်လိုက်ရပါဘူး။ သူများတွေ quest တွေပြီးနေတာကို အားကျနေရုံပါပဲ။

နောက်ဆုံးတစ်ခုကတော့ @jacekw ရဲ့မေးခွန်းတွေက ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေကိုထောက်ပြသလိုများဖြစ်နေမလားလို့တွေးမိပါတယ်။ ကျွန်တော်တို့ဆီမှာ ဘယ်လို initiatives မျိုးမှ မရှိပါဘူး။ ကျွန်တော်လုပ်ထားတဲ့ giveaway တစ်ခုကလွဲလို့ပေါ့။ အနာဂတ်ကာလမှာ ဘယ်လိုမျိုးဆက်လက် လုပ်ဆောင်သွားမှာလဲ ဆိုတာကို သိချင်နေမိပါတယ်။ ဘယ်လို ပရောဂျက်မျိုးကို မြန်မာ ကွန်မြူနတီ အနေနဲ့ လုပ်ဆောင်နိုင်မလဲ ဆိုတာကို လဲ သိချင်နေမိပါတယ်။

image_pdfimage_print

Leave a Reply

Your email address will not be published. Required fields are marked *