Steemmonsters Mechanics Explained in Myanmar Language

မြန်မာနိုင်ငံမှာ Steemmonsters ဂိမ်းကို အနည်းငယ် စိတ်ဝင်စားမှု ရှိလာတဲ့အတွက် ဝမ်းသာမိပါတယ်။ အခုဒီ ပိုစ့်မှာတော့ quest တစ်ခုဘယ်လိုလုပ်ရတယ်ဆိုတာကို ရေးသားသွားမှာ ဖြစ်ပါတယ်။

နောက်ဆုံး စကားလုံး နှစ်လုံးကို ကြည့်ကြည့်ပါ။ အဲ့ဒိနေရာမှာ Water Splinter ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်။ Water Splinter ဆိုတာဘာလဲ ဆိုတာကို ရှင်းပြဖို့လိုလာပါပြီ။ ဒီနေရာမှာ summoner တွေကိုပဲဖော်ပြသွားမှာဖြစ်ပါတယ်။ ကျန်တဲ့ Monsters တွေကတော့ summoner ကိုရွေးလိုက်တာနဲ့ သူ့အလိုလိုပေါ်လာမှာဖြစ်ပါတယ်။

ame Splinter Rarity Mana Cost
Malric Inferno Fire Rare 3
Talia Firestrom Fire Epic 2
Alric Strombringer Water Rare 3
Xia Seachan Water Epic 2
Lyanna Natura Earth Rare 3
Xander Foxwood Earth Epic 2
Tyrus Paladium Life Rare 3
Kiara Lightbringer Life Epic 2
Zintar Mortaus Death Rare 3
Jarlax the Undead Death Epic 2

သာမန်အားဖြင့်တော့ Rare summoners တွေကိုပဲရရှိမှာဖြစ်ပါတယ်။ Rare summoner တွေမှာ ability တစ်ခုပါပါတယ်။ ဒါပေမဲ့ mana ကတော့ တစ်ခုပိုကုန်ပါတယ်။ Epic summoner မှာတော့ ability မပါပါဘူး။ ဒါပေမဲ့ mana ကတော့ တစ်ခု လျော့ပါတယ်။

Quest တစ်ခပြီးသွားတာနဲ့ ဘယ် splinter နဲ့ဆော့ရမလဲ ဆိုတာပြောင်းသွားပါတယ်။ ပထမနေ့က splinter နဲ့လဲ ဖြစ်ရင်ဖြစ်မယ် နောက်ထပ် splinter တစ်ခုနဲ့လဲ ဆော့ရင်ဆော့ရပါတယ်။

Quest လုပ်ဖို့ဆိုရင်တော့ ပထမဆုံး battle ကို နှိပ်ရပါတယ်။ mobile မှာ ဆိုရင်တော့ ပုံမှာပြထားသလိုပေါ်မှာမဟုတ်ပါဘူး။ ညာဘက် အပေါ်ဆုံးနေရာမှာ dropdown menu ရှိပါတယ်။ အဲ့ ဒါကိုနှိပ်ရမှာဖြစ်ပါတယ်။ အဲ့ဒိ menu ကိုပဲနောက်တစ်ချက်နှိပ်လိုက်ရင်တော့ ပေါ်လာတဲ့ menu ကပျောက်သွားမှာဖြစ်ပါတယ်။

အဲ့ဒိလို နှိပ်ပြီးတာနဲ့ ကိုယ့်က ဘယ် splinter နဲ့ကစားရမလဲ ဆိုတာကြည့်ပါ။ နောက်တစ်ဆင့်မှာကတော့ Ranked ကိုနှိပ်ပါ။ ဖုန်းထဲမှာ ဆိုရင်တော့ Ranke အထိပဲပေါ်မှာဖြစ်ပါတယ်။

 

ဒီပုံကတော့ Ranked ကိုနှိပ်လိုက်ပြီးတဲ့နောက်မှာ ပေါ်လာတာဖြစ်ပါတယ်။ ကျွန်တော့်အနေနနဲ့ကတော့ Alric Strombringer ကို ရွေးရမှာဖြစ်ပါတယ် ဘာဖြစ်လို့လဲ ဆိုတော့ Water splinter နဲ့ ကစားရမှာမို့လို့ဖြစ်ပါတယ်။

 

သာမန်အားဖြင့်ဆိုရင်တော့ melee monsters ကို ထိပ်ဆုံးကရွေးရပါတယ်။ အပေါ်ဆုံးကပေါ့။ သူ့အောက်မှာမှ အခြား monsters တွေကိုရွေးရပါတယ်။ Melee, Ranged, Magic နဲ့ ability တစ်ခုချင်းစီကို နောက် ပိုစ့်တစ်ခုမှာ ပြောပြသွားမှာဖြစ်ပါတယ်။ သူ့မှာ စည်းမျဉ်းတွေရှိပါတယ်။ အခုလက်ရှိစည်းမျည်းကတော့ melee monsters တွေ ချည့်ပဲရွေးလို့ရပါတယ်။ သူ့မှာ ပေးထားတဲ့ mana ထက် ပိုရွေးလို့မရပါဘူး။ Monsters ရွေးပြီးသွားရင်တော့ battle ကို နှိပ်ပါ။

အပေါ်ကပုံလိုပေါ်လာမှာဖြစ်ပါတယ်။ စောင့်လိုက်ပါ။

Rumble ကိုနှိပ်ပါ။

Battle ကို မကြည့်ချင်ရင် Skip to result ကို နှိပ်ပါ။

10 ပွဲနိုင်ပြီးသွားရင်တော့ Claim ကိုနှိပ်လို့ရပါပြီ။ ပြီးရင် Open pack>Open Now>

Card 5 ခုပေါ်လာမှာဖြစ်ပါတယ်။ Card တစ်ခုချင်းစီကို တစ်ချက်စီနှိပ်ပြီး ဖွင့်ပေးပါ။ မဖွင့်ချင်ဘူးဆိုရင် သူများကို လက်ဆော်ပေးလို့လဲရပါတယ်။ ဒါမှမဟုတ် ရောင်းမယ်ဆိုရင်လဲ ရပါတယ်။ ကျွန်တော်တော့ ဒီနေ့ဖွင့်လိုက်တာ 22 ဒေါ်လာနီးပါးတန်တဲ့ gold card တစ်ခုရပါတယ်။

https://steemmonsters.com?ref=mmunited

စိတ်ဝင်စားတယ် ဆိုရင် အပေါ်ကလင့်ခ်ကိုသုံးပြီးLogin လုပ်ပေးပါ။

image_pdfimage_print

Leave a Reply

Your email address will not be published. Required fields are marked *