How to trade steemmonsters cards

ကျွန်တော်က Steemmonsters ဂိမ်းကစားဖို့ပဲပြောနေတယ်။ ပိုက်ဆံဘယ်လောက်ရမယ်ပဲပြောနေတယ်။ ဒါပေမဲ့ ဘယ်လို အရောင်းအဝယ်လုပ်ရမလဲ ဆိုတာကို မပြောမိဘူး။ အခုပြောပြတော့မှာဖြစ်ပါတယ်။ အောက်ကပုံမှာပြထာသလို market ဆိုတဲ့နေရာကို နှိပ်လိုက်ပါ။ ဖုန်းနဲ့သုံးတာ ဆိုရင်တော့ ညာဘက်က dropdown menu ကိုနှိပ်လိုက်တာနဲ့ context menu တွေပေါ်လာမှာဖြစ်ပါတယ်။ အဲ့ဒိအထဲကမှ market ကိုနှိပ်လိုက်ပါ။

Editition ဆိုတဲ့နေရာမှာ beta ကိုရွေးပါ။ အဲ့ဒါဆိုရင် beta ကဒ်တွေပေါ်လာမှာဖြစ်ပါတယ်။ အဲ့ဒိအထဲကမှ ကိုယ်ရောင်းချင်တဲ့ ကဒ်ရဲ့ ဈေးနှုန်းကို စစ်ကြည့်ပါ။

Giant Roc ဆိုရင် cards တစ်ခုကို 0.04 တန်ကြေးရှိပါတယ်။ Malric Inferno ဆိုရင် 0.28 တန်ကြေးရှိပါတယ်။ ဒါက အနည်းဆုံးရောင်းဈေးပါ။ အများဆုံးရောင်းဈေးက ဒေါ်လာ ၄၀၀ ဖြစ်ပါတယ်။ ကျွန်တော်တို့ပုံမှန်ဆိုရင် Common card လေးခုနဲ့ Rare card တစ်ခုရလေ့ရှိပါတယ်။ အဲ့ဒိလိုဆိုရင် အားလုံးပေါင်းလိုက်ရင်တောင် တစ်ဒေါ်လာမပြည့်ပါဘူး။ ဒါပေမဲ့ကံကောင်းရင်တော့ Epic, Legendary, Gold foil စတာတွေပါရတတ်ပါတယ်။ Epic summoner ဆိုရင် ၂.၅ ဒေါ်လာလောက်တန်ပါတယ်။ Legendary ဆိုရင်တော့ ၅ ဒေါ်လာလောက်တန်ပါတယ်။ Epic Xander Foxwood ဆိုရင် 2.45 ဒေါ်လာတန်ပါတယ်။ Legendary Angel of Light ဆိုရင် ၄.၃၇ ဒေါ်လာတန်ပါတယ်။ Lord of Darkness ဆိုရင် ၃.၇၅ ဒေါ်လာတန်ပါတယ်။

Epic card တွေရဲ့ ဈေးကလဲ မနည်းပါဘူး။ Epic, Legendary နဲ့ Gold card တွေကို အစဉ်လိုက်ပြသွားမှာဖြစ်ပါတယ်။ Gold card ကတော့ ဘယ် rarity မှာမဆိုရှိပါတယ်။ Common ဆို lvl 4 ကျော်ပြီးတော့ rare ဆိုရင် lvl 3 ကျော်ပါတယ်။ သူက card တစ်ခုထဲနဲ့ကို တန်ဖိုးရှိနေတာပါ။ နောက်တစ်ခုကတော့ gold ဖြစ်နေလို့လဲ ပိုတန်ဖိုးကြီးပါတယ်။

Epic

Legendary

Gold Foil

Gold Foil တွေကတော့ ဈေးအကြီးဆုံးပါပဲ။အဲ့ဒိတော့ ဘယ်လိုရောင်းရမလဲ ဆိုတာကို ပြောမှာဖြစ်ပါတယ်။

ရောင်းတဲ့နေရာမှာ နည်းနှစ်နည်းရှိပါတယ်။ ပထမတစ်နည်းကတော့ သူများရောင်းတဲ့ဈေးထက် အနည်းငယ်လျှော့ရောင်းပါ။ ဒုတိယနည်းကတော့ သူများရောင်းတဲ့ဈေးထက် အနည်းငယ်တင်ထားပါ။ ပထမနည်းကတော့ မြန်မြန်ရောင်းထွက်ပါလိမ့်မယ်။ ဒုတိယနည်းကတော့ အချိန်အနည်းငယ်စောင့်ရမယ် ဒါပေမဲ့ ပိုက်ဆံပိုရမှာဖြစ်ပါတယ်။

ဥပမာ AOL ကိုရောင်းမယ်ဆိုပါစို့။ 4.38 လောက်နဲ့ရောင်းမယ်ဆိုရင် ဝယ်သူရှိလာတာနဲ့ တန်းပြီးတော့ ရောင်းထွက်မှာဖြစ်ပါတယ်။ ဒါမှမဟုတ် သိပ် အလျင်မလိုဘူးဆိုရင်တော့ ၄.၄ လောက်မှာထားပေးပါ။

Gold card Cyclops ကိုရောင်မယ်ဆိုပါစို့။ သူ့အပေါ်ကို ကလစ်နှိပ်လိုက်ပါ။ နောက်တစ်ဆင့်မှာကတော့ လေးထောင့်ကွက်လေးကို အမှန်ခြစ်လိုက်ပြီး Sell ကိုနှိပ်လိုက်ပါ။

Price (USD) ဆိုတဲ့နေရာမှာ ကိုယ်လိုချင်တဲ့ ဈေးကိုထည့်ပြီး Sell ကိုနှိပ်လိုက်ရင်ရပါပြီ

image_pdfimage_print

Leave a Reply

Your email address will not be published. Required fields are marked *