နောက်ထပ် အပြောင်းအလဲ တစ်ခု

C-squared မှာ ကျွန်တော်ရယ်၊ @aggamun, @nayhlaingsoe ရယ် @lwanwai တို့ရယ်က curator အဖြစ်ဆောင်ရွက်နေတယ်ဆိုတာ အတော်များမျာသိကြလိမ့်မယ်လို့ထင်ပါတယ်။ အဲ့ဒါတင်မကပါဘူး။ eSteem မှာလဲ ကျွန်တော်က educator အနေနဲ့ဆောင်ရွက်နေပါတယ်။

အခုအချိန်မှာတော့ ဒိထက်ပိုပြီး ဝင်ငွေတိုးဖို့ အတွက် ခြေလှမ်းလှမ်းနေပါပြီ။ သိပ်မကြာခင်တွေ့မြင်ရတော့မှာပါ။ အဲ့ဒိလိုဆိုရင်တော့ အခုလုပ်နေတဲ့ c-squared ရော esteem ရော ကျွန်တော့်အတွက် ဘာမှ အကျိုးအမြတ်မရှိတော့ပါဘူး။ အကုန်လုံးက ​စေတနာအလျှောက်လုပ်ဆောင်ပေးမှုပဲဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ကျွန်တော့်ရဲ့အဖွဲ့သားတွေကိုတော့ follow လုပ်ပေးခြင်းဖြင့် ကူညီပေးကြပါဦး။

နောက်တစ်ခုကတော့ engagement ပါ။ engagement ကိုသုံးပြီးတော့ကျွန်တော် ဒီနေရာအထိ တက်လှမ်းလာနိုင်ခဲ့ပါတယ်။ အဲ့ဒိတော့ တတ်နိုင်သလောက် comment ပေး upvote ပေးခြင်းဖြင့် သူများတွေရဲ့ အာရုံစူးစိုက်မှုကို ရရှိနိုင်ပါတယ်။ အဲ့ဒီတော့ အချိန်ရသရွေ့ engagement လုပ်ပေးကြပါ။ အခုအချိန်မှာ esteem upvote လဲပြန်ရနေပြီဖြစ်တဲ့အတွက် engagement ပြန်လည်လုပ်ဆောင်သင့်ပြီထင်ပါတယ်။ ဆရာကြီးအဆင့်မှ မရောက်သေးရင်တော့ engagement လုပ်ဖို့လိုပါတယ်။

နောက်ဆုံးတစ်ခုကတော့ steemmonsters ဂိမ်းပဲဖြစ်ပါတယ်။ ဒီဂိမ်းကအတော် စွဲလမ်းစေပါတယ်။ သူပေးထားတဲ့ ဆုကြေးကလဲ အတော်ကိုများပါတယ်။ တစ်လကို ဒေါ်လာ ၆၀ လောက်အထိရနိုင်ပါတယ်။ ဈေးကွက်ကလဲ ရှိနေပြီးသားပါ။ ဒီအကြောင်းကို နောက်နေ့မှာ ပိုစ့်တစ်ခုထပ်တင်ပေးပါ့မယ်။ booster pack ကိုဖွင့်လိုက်ပြီးတော့ အထဲက ကဒ် တစ်ခုချင်းစီကိုလဲ ရောင်းလို့ရပါတယ်။ ဒါမှ မဟုတ် pack အလိုက်လဲ ရောင်းလို့ရပါတယ်။ ဘယ်လိုရောင်းမလဲဆိုတာကတော့ ကိုယ့်ဘာသာကို ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ Booster pack ပဲရောင်းမယ်ဆိုရင် pack တစ်ခုကို ၁.၈ ဒေါ်လာလောက်တန်ပါတယ်။ အခိျု့တွေကျတော့လဲ card တွေကို ဝယ်ကြပါတယ်။ card ဝယ်တာက ဈေးကြီးပေမဲ့ လိုချင်တဲ့ကဒ်ကို တိုက်ရိုက်ရနိုင်ပါတယ်။ booster pack ကတော့ ကံကောင်းရင် အတော်ကို အဖိုးတန်တာတွေရနိုင်ပါတယ်။

အခိျု့ကဒ်တွေဆို card တစ်ခုကို ဆယ်ဒေါ်လာလောက်တန်ပါတယ်။ အခိျု့ကဒ်တွေကတော့ ၀.၀၅ လောက်ပဲတန်ပါတယ်။ ပျမ်းမျှတွက်ကြည့်ရင်တော့ ဖွင့်တာက ရှုံးပါတယ်။ ဒါပေမဲ့ကံကောင်းရင်တော့ တန်ဖိုးကြီးတဲ့ card ရနိုင်ပါတယ်။ အဲ့ဒိတော့ ကစားချင်တယ်ဆိုရင်တော့ ကျွန်တော်အများကြီးကူညီပေးနိုင်ပါတယ်။ ကျွန်တော့်ရဲ့ referral ဖြစ်နေဖို့တော့လိုပါတယ်။

https://steemmonsters.com?ref=mmunited

အပေါ်ကလင့်ခ်ကို သုံးပြီးမှတ်ပုံတင်ပေးပါ။ ၁၀ ဒေါ်လာတော့ အနည်းဆုံးရင်းရမှာဖြစ်ပါတယ်။ card တွေကိုရောင်းမယ်ဆိုရင်တော့ ဈေးကွက်ရှိပါတယ်။ ဈေးကွက်ပေါက်ဈေးထက် အနည်းငယ်လျှော့ပေးနိုင်ရင်တော့ ချက်ချင်းရောင်းထွက်မှာဖြစ်ပါတယ်။ cb ကနေလဲ ဆက်သွယ်နိုင်ပါတယ်။