Ideas on Steem blockchain #9 – Curation Circle Creed

Curation Circle Creed ဆိုတာဘာလဲ။
ဒီအကြောင်းကို ပြောမယ်ဆိုရင် dust vote ကနေ စပြောရမှာဖြစ်ပါတယ်။ Dust vote ဆိုတာကတော့ မြန်မာလိုပြောမယ်ဆိုရင် အမှိုက်ပေါ့။ ဘာမှ အသုံးမဝင်တဲ့ vote တွေပါ။ ၀.၀၂ အောက်နည်းတဲ့ upvote တွေကို dust vote လို့သတ်မှတ်ပါတယ်။ ဒါပေမဲ့ ပိုစ့်မှာ dust vote ပေးတာက သိပ်ပြဿနာမရှိပါဘူး။ vote တဲ့သူတွေများလာရင် ပိုစ့် payout က တက်လာမှာဖြစ်ပါတယ်။ ဒါပေမဲ့ comment မှာပေးရင်တော့ အဲ့ဒိ vote က ဆုံးသွားမှာဖြစ်ပါတယ်။ အဲ့ဒိတော့ 0.01 ထက်နည်းတဲ့ vote တွေကို ကိုယ့်ဘာသာကိုယ် မပေးရပါဘူး။ 0.01 ထက်များရင်တော့ ပေးလို့ ရပါတယ်။ ဒါကတော့ CCC ရဲ့စည်းမျည်းပဲဖြစ်ပါတယ်။ ကိုယ့်ဘာသာကိုယ် self vote မပေးရင်တော့ အကောင်းဆုံးပါ။

သူများကို vote ပေးတဲ့အချိန်မှာ 15 SP ပဲရှိနေရင်တောင် မှ ၈၀% နဲ့ vote ပေးဖို့လိုပါတယ်။ Effective SP အနေနဲ့ကတော့ 12 SP ပဲဖြစ်ပါတယ်။ အရင်စည်းမျဉ်းတုန်းကတော့ ၁၂ SP နဲ့ ပိုစ့် ၁၀ ခုကိုvote ပေးမှ ကိုယ့်ပိုစ့်မှာ vote တစ်ခုရမှာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ မလိုတော့ပါဘူး။ MSU ရဲ့စည်းမျဉ်းကတော့ အနည်းဆုံး ၅၀% နဲ့ vote ပေးရမှာဖြစ်ပါတယ်။

CCC ဆိုတာကတော့ SP နည်းတဲ့သူအချင်းချင်း အပြန်အလှန်အကူအညီပေးဖို့ပဲဖြစ်ပါတယ်။ သူ့မှာ စည်းမျဉ်းအခိျု့ရှိပါတယ်။

  • ပင်ကိုယ်ရေးတွေကိုပဲ ရေးမှာဖြစ်ပါတယ်။
  • အခြားသူရဲ့ စာတွေကို မှီငြမ်းထားတယ်ဆိုရင်လဲ မူလ ရင်းမြစ်ကို ရှင်းရှင်းလင်းလင်း ဖော်ပြပေးရမှာဖြစ်ပါတယ်။
  • အခြားသူတွေရဲ့ အမြင်၊ နိုင်ငံသားဖြစ်မှု၊ ဘာသာရေးယုံကြည်ချက်၊ ဘာသာစကား နဲ့ယဉ်ကျေးမှုစတာတွေကို လေးစားသမှုပြုရပါမယ်။
  • FAQမှာရေးသားထားတဲ့အချက်တွေနဲ့ အဖွဲ့အစည်းအတွင်းမှာ အများစုက လက်ခံတဲ့အချက်တွေကိုလဲ လက်ခံကျင့်သုံးသွားမှာဖြစ်ပါတယ်။

ပိုစ့်တင်ရာမှာ ဘယ်လို ကန့်သတ်ချက်တွေ ရှိနေသလဲ။

  • အနည်းဆုံး စာလုံးရေ ၂၀၀ ကျော်ရေးသားရမှာဖြစ်ပါတယ်။
  • အခြားသူတွေရဲ့ ပိုစ့်တွေကိုလဲ အနည်းဆုံး ၁၂ SP နဲ့ ၁၀ vote ဒါမှမဟုတ် ကိုယ်ပေးနိုင်သလောက်ပေးပါ။

သူ့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လူတွေနဲ့ထိတွေပြီးတော့ comment ပေးတာ၊ upvote ပေးတာတွေကို လုပ်စေချင်တာပါ။ ဒိအတွက် သူ့ဆီကနေ upvote ပေးထားပါတယ်။ အောက်ကဇယားမှာ အခုပြောင်းလဲလိုက်တဲ့ စည်းမျဉ်းအသစ်တွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

CCC ကိုဘယ်သူမဆို join လို့ရပါတယ်။ သူရေးထားတဲ့ စည်းမျဉ်းတွေကို လိုက်နာမယ်။ မိမိရဲ့ tag မှာ #ccc ကို သုံးမယ်။ ပိုစ့်မှာ သူ့ရဲ့ invitation code ကို ထည့်ပေးမယ်ဆိုရင် သူ့ဆီကနေ upvote ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ccc ကိုဝင်ထားပြီး အချင်းချင်း upvote ပေးနေလဲ ရမယ်လို့ထင်ပါတယ်။ ပြဿနာက တစ်ခုပဲရှိပါတယ်။ မိမိဘာသာ upvote ပေးနေတာကို ရပ်ဖို့ပဲလိုပါတယ်။ ဒါကလဲ vote value ၀.၀၁ ထက်နည်းနေတဲ့သူတွေကိုပဲ ပြောတာဖြစ်ပါတယ်။

 

image_pdfimage_print

Leave a Reply

Your email address will not be published. Required fields are marked *