လေဆန်ကို နှင်၍

ကျွန်တော့်ရဲ့ steemit အစပိုင်းခရီးက အနည်းငယ်ကြမ်းတမ်းခဲ့ပါတယ်။ အဓိကကတော့ ပံ့ပိုးပေးမဲ့သူမရှိခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော်ကြိုးစားခဲ့ပါတယ်။ ပထမဆုံး @steempress-io ဆီကနေ အကူအညီရယူခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကိုဒီပကျော်ရဲ့ msu ကို ပူးပေါင်းပါဝင်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ engagement လုပ်ဖို့လိုတယ်ဆိုတာကို သဘောပေါက်လာတဲ့အတွက် msu မှာ ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။ အဲ့​ဒိအချိန်မှာ မြန်မာ steemit လောကက အကျပိုင်းကို ရောက်နေခဲ့ပြီ။ (ကျွန်တော့်အမြင်သက်သက်ပါ) msu လဲပဲ အကျပိုင်းကို ရောက်နေတာပါပဲ။ လူတွေ အတော်များများက စာမရေးကြတော့ပါဘူး။ သူတို့စဉ်းစားတာက ပိုက်ဆံမရရင် စာမရေးဘူးပေါ့။ ဒါပေမဲ့ ဒါဟာ အခွင့်အလမ်း တစ်ခုဆိုတာကို မေ့လျှော့နေခဲ့တယ်။ Steemit မှာ လူတွေများနေတဲ့အချိန် တက်ကြွစွာလှုပ်ရှားနေတဲ့အချိန်မှာ ကိုယ့်ရဲ့ ပိုစ့်တင်တာ၊ comment ပေးတာ၊ စတာတွေကို လူတွေက သိပ်သတိမထားမိပါဘူး။ ဒါပေမဲ့ လူနည်းလာတဲ့ အချိန်မှာတော့ ကိုယ့်ကိုစတင်သတိထားမိလာပါတယ်။ ဒါကတော့ network တစ်ခုကို တည်ဆောက်တာပါပဲ။

အဲ့ဒိနောက်မှာတော့ လူတွေနဲ့ထိတွေ့ဖို့ပိုအရေးကြီးတယ်လို့ခံစားလာရပါတယ်။ အဲ့ဒိအတွက် @paulag ရဲ့ Redfish Powerup League, @abh12345 ရဲ့ Curation and Engagement Leagues စတာတွေမှာပါဝင်ခဲ့ပါတယ်။ နောက်ပြီးတော contest အခိျု့မှာပါဝင်ခဲ့ပါတယ်။ အထူးသဖြင့် ဆုကြေးသိပ်မရပေမဲ့ engagement အတွက်ကောင်းတဲ့ ပြိုင်ပွဲအခိျု့မှာ ပါဝင်ဖြစ်ခဲ့ပါတယ်။ @pifc ရဲ့ payitforward curation contest, @reonlouw ရဲ့ share your world contest စတာတွေမှာ ဝင်ပြိုင်ဖြစ်ခဲ့ပါတယ်။ ဒီပြိုင်ပွဲတွေက လူတွေအများကြီးနဲ့တွေ့ဆုံခွင့်ပေးခဲ့ပါတယ်။ ကိုယ်မသိသေးတာတွေ အများကြီးကိုလဲ သိခွင့်ရခဲ့ပါတယ်။ သူတို့တွေဟာ steemit မှာ တစ်ကယ်ကို တက်ကြွတဲ့သူတွေပါ။ အဲ့ဒိတော့ ကိုယ့်စိတ်ကိုလဲ အလိုလိုတက်ကြွလာစေပါတယ်။

နောက်ထပ်ခြေလှမ်းတစ်ခုကတော့ @c-squared ရဲ့ discord server ကို curator အနေနဲ့ ပါဝင်ခွင့်ရခဲ့တာပါ။ ကျွန်တော် ဖတ်သမျှပိုစ့်တွေထဲက ကောင်းတဲ့ပိုစ့် သဘောကျတဲ့ပိုစ့်တွေရင် အဲ့ဒိနေရာကို ပို့ပြီး သူတို့ကို upvote လုပ်ခိုင်ပါတယ်။ အဲ့ဒိလိုပဲ မကောင်းတဲ့ပိုစ့် သူများရဲ့စာတွေကို ကူးချထားတာတို့ သူများစာတွေကိုဖြစ်ဖြစ် ကိုယ်ပုံကိုပဲဖြစ်ဖြစ် ထပ်ခါထပ်ခါ ပိုစ့်တင်နေတာတို့ကိုတွေ့ရင် @steemcleaners ကို သတင်းပို့ပါတယ်။ ကျွန်တော့်အတွက်ကတော့ ဘယ်လိုဖြစ်ဖြစ် အကျိုးရှိပါတယ်။

 

ကျွန်တော် မြန်မာ တွေကို လဲ အဲ့ဒိလို active ဖြစ်စေချင်ပါတယ်။ English လိုမဖတ်တတ်ရင်တောင်မှ မြန်မာလိုရေးထားတဲ့စာတွေကိုတော့ ဖတ်နိုင်ပါတယ်။ C2 discord server မှာ မြန်မာ channel တစ်ခုရထားပါတယ်။ အဲ့ ဒါကို အသုံးချပြီး မြန်မာတွေရေးတဲ့အထဲကနေ ကောင်းမွန်တဲ့ပိုစ့်တွေကို ရွေးချယ်ပြီး upvote ပေးနိုင်အောင်ကြိုးစားသွားမှာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ ကျွန်တော့်မှာ @mmcg ဆိုတဲ့အကောင့်ရှိပါသေးတယ်။ အဲ့ဒိအကောင့်ကနေ complication (ကိုယ် curate လုပ်ထားတဲ့ပိုစ့်တွေကို စုပေါင်းပြီးတော့ ပိုစ့်တစ်ခုရေးတာပါ) လုပ်ထားတဲ့ပိုစ့်တစ်ခုတင်မှာဖြစ်ပါတယ်။ အဲ့ဒိပိုစ့်ကနေ ရလာတဲ့ပိုက်ဆံတွေကို တစ်ယောက်ကို ၂၀ % အထိခွဲဝေပေးသွားမှာဖြစ်ပါတယ်။ Curator အတွက်ကတော့ ပိုစ့်သုံးခုစလုံးကို ရွေးချယ်ပေးခဲ့ရင်တော့ 20% အထိပေးမှာဖြစ်ပါတယ်။ အခုအချိန်မှာတော့ ရတာနည်းနေဦးမှာဖြစ်ပါတယ်။ ဒါပေမဲ့ကိုယ့်ရဲ့ ပိုစ့်ကို ရွေးချယ်ခံရတဲ့အပြင် ဆုကြေးပါထပ်ရဦးမှာဆိုတော့ စာတွေပိုမိုရေးဖြစ်လာဦးမယ်လို့ထင်ပါတယ်။

ကျွန်တော့်ရဲ့ complication ပိုစ့်တွေကို @bobokyaw, @kyawhlaing, @mm7, @pyaesonekhinkhin, @paingheinkyaw စတဲ့ SP များတဲ့သူတွေနဲ့ msc, msu စတဲ့အဖွဲ့အစည်းတွေကလဲ ပံ့ပိုးပေးကြပါဦးလို့ တောင်းဆိုပါရစေ။

 

image_pdfimage_print

Leave a Reply

Your email address will not be published. Required fields are marked *