ပြောင်းလဲခြင်းနှင့်အတူ − ၎

ကမ္ဘာကြီးက ပြောင်းလဲလာနေတယ်။ ကျွန်တော်တို့အနေနဲ့ အဲ့ဒိ အပြောင်းအလဲကို အမှီလိုက်နိုင်ဖို့လိုပါတယ်။ ဒီလိုအမှီလိုက်နိုင်ဖို့ဆိုတာ စာများများဖတ်မှ ရမှာပါ။

ဒီနေ့အတွက်အပြောင်းအလဲ တစ်ခုကတော့ Facebook ကနေ 5 dollar တန် credit တစ်ခုပေးတာပါ။ အဲ့ဒိ ငါးဒေါ်လာတန် credit ကို မိမိရဲ့ page ကို promote လုပ်တဲ့နေရာမှာသုံးလို့ရပါတယ်။ ဒီလိုမျိုးပေးတာတော့ တစ်ခါမှ မတွေ့ဖူးပါဘူး။ အခြားသူတွေရော ရသလားဆိုတာလဲ မသိရသေးပါဘူး။ ကျွန်တော်ကတော့ ရလာတဲ့ credit ကို ကျွန်တော့် page ကို ကြော်ငြာထည့်ဖို့အတွက် သုံးလိုက်ပါတယ်။

နောက်တစ်ခုကတော့ HF20 ပြီးတဲ့နောက်မှဖြစ်လာတဲ့ အပြောင်းအလဲပါ။ အရင်ကဆို postpayout value တွေကမမှန်ပါဘူး။ အခုအချိန်မှာတော့ SP မပြောင်းလဲပဲနဲ့ကို ဈေးက နှစ်ဆလောက်ဖြစ်သွားပါတယ်။ ဒါကလဲ ကောင်းမွန်တဲ့ အချက်တစ်ခုပါ။ အရင်ကဆို post payout မှာ ပြထားတဲ့ တန်ဖိုးကနည်းနေပေးမည့် တစ်ကယ်တမ်းရလာတဲ့ တန်ဖိုးက များပါတယ်။ အခုအချိန်မှာတော့ HF ၂၀ မစခင်ကထက်ကို ၂ဆ များနေပြီဖြစ်ပါတယ်။ အရင်က ကျွန်တော့်ရဲ့ 100% upvote က ၀.၀၁ တန်ပါတယ်။ အခုအချိန်မှာတော့ 0.02 တန်နေပြီဖြစ်ပါတယ်။ ဘာပဲပြောပြော ဒီလိုများလာတာဟာ ဝမ်းသာစရာ ကိစ္စဖြစ်လာတာပါပဲ။ Thanks to hf20.

နောက်ကောင်းတဲ့ အချက်တစ်ခုကတော့ spammer တွေနည်းလာတာပါပဲ။ အရင်ကလို comment တွေပေးချင်သလောက်ပေးလို့မရတော့ပါဘူး။ ဒီနေရာမှာ လှိျု့ဝှက်ချက်တစ်ခုတော့ ရှိပါသေးတယ်။ comment မှာပါတဲ့ စာလုံးအရေအတွက်ကို ကန့်သတ်မထားပါဘူး။ စာလုံးအရေအတွက်ကိုပဲ ကန့်သတ်ထားပါတယ်။ အဲ့ဒိအတွက် ပိုစ့်တစ်ခုထဲမှာပဲ ကျန်တဲ့သူတွေကို mention ခေါ်ပြီး ပြောချင်တာတွေအကုန်ပြောလိုက်ရင်လဲ အဆင်ပြေမယ်လို့ထင်ပါတယ်။ သုံးလစာကို အနည်းဆုံး 2 Steem လောက်သုံးမှ comment ကောင်းကောင်းရေးနိုင်မယ်လို့ထင်ပါတယ်။ ဆက်လက်ကြိုးစားပြီးတော့ ကောင်းမွန်တဲ့ပိုစ့်တွေကို ဖန်တီးကြပါစို့။

https://steemmonsters.com/?ref=mmunited

 

 

image_pdfimage_print

Leave a Reply

Your email address will not be published. Required fields are marked *