RC နည်းနေလို့ upvote, comment ပေးမရတာကို ဘယ်လိုဖြေရှင်းမလဲ။

ဒီပြဿနာကို ဖြေရှင်းဖို့အတွက် blocktrades ကနေ SP တွေကိုလျှော့ဈေးနဲ့ ငှားပေးနေပါတယ်။ အရင်နှုန်းရဲ့ တစ်ဝက်လောက်ပဲရှိပါတော့တယ်။ ဘယ်လိုငှားရသလဲဆိုတာကို အောက်က video မှာ ကြည့်လို့ရပါတယ်။ ဒါမှမဟုတ်ရင်လဲ ကျွန်တော့်အနေနဲ့ ဝန်ဆောင်မှုပေးလို့ရပါတယ်။

Source Video

ဒါက အရမ်းကို ကောင်းမွန်တဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ လူတိုင်းလဲ တတ်နိုင်တဲ့ ဈေးနှုန်းတစ်ခုဖြစ်ပါတယ်။ မြန်မာငွေနဲ့ဆိုရင် ၂၅၀၀ လောက်ပဲကျသင့်မှာဖြစ်ပါတယ်။ အဲ့ဒိလောက်တောင် အရင်းအနှီး မစိုက်ထုတ်နိုင်ဘူးလားဆိုတာ မေးခွန်းထုတ်စရာပါ။ အရင်လို အလကားရတဲ့ခေတ်က ကုန်ဆုံးသွားပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ steemit အကောင့်တစ်ခုကို အလွယ်တကူဖန်တီးပြီး comment spamming လုပ်တဲ့သူတွေကအများကြီးပါ။ တူညီတဲ့ မှတ်ချက်တစ်ခုကို ပိုစ့်တွေအများကြီးမှာ လိုက်ရေးနေကြတဲ့သူတွေကလဲ အများကြီးပါ။ ဒါတွေကို ဖြေရှင်းဖို့လိုပါတယ်။

အရင်ကဆို steemit အကောင့်တစ်ခုကို အလွယ်တကူဖန်တီပြီး spam လုပ်ကြပါတယ်။ သူတို့ကို downvote လုပ်လိုက်ရင်လဲ နောက်အကောင့်တစ်ခု ထပ်ဖွင့်ပါတယ်။ အခုလိုမျိုး တစ်ခုခုရင်းရမယ်ဆိုရင်တော့ အရင်လို မလုပ်နိုင်တော့ပါဘူ။ HF 20 ပြီးတဲ့နောက်မှာ ပိုမိုကောင်းမွန်တဲ့ steemit ကြီးကို မြင်တွေ့ရမယ်လို့ မျှော်လင့်မိပါတယ်။

Steemit ဟာ အရမ်းကောင်းမွန်ပါတယ်။ ဒါပေမဲ့ ဖျက်လိုဖျက်ဆီးလုပ်လို့တဲ့ လူတစ်စုကိုတော့ တားဆီးဖို့လိုပါတယ်။ လူတိုင်းအနေနဲ့ မိမိယုံကြည်ရာကို တစ်စုံတစ်ရာ မြှုပ်နှံခိုင်တာမျိုးပါပဲ။

Believe in steem and steem on.

image_pdfimage_print

Leave a Reply

Your email address will not be published. Required fields are marked *