Introduction to SMT Week #4 – @steem-1up

 

မိတ်ဆက်
1up ဆိုတာကတော့ vote တွေအကုန်လုံးက တူညီတဲ့အခွင့်အရေးရမဲ့ curation system တစ်ခုဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းကို ပံ့ပိုးပေးမဲ့သူတွေကို cruation ဆုလာဒ်တွေ ပိုမိုရရှိအောင် လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းအနေနဲ့ သူ့ရဲ့ ကိုယ်ပိုင် SMT ကို သုံးမှာဖြစ်ပါတယ်။ ပြီးတော့ airdrop နဲ့ bounty တွေကနေ တစ်ဆင့် ဖြန့်ဖြူးပေးမှာဖြစ်ပါတယ်။

 

ဒီအချိန်ကစပြီး @steem-1up အကောင့်ကနေပဲပိုစ့်တွေ တင်တော့မှာဖြစ်ပါတယ်။ @utopian-1up အကောင့်မှာ follower ၅၀၀ ကျော်ရှိပါတယ်။ ဒါပေမဲ့ အဲ့ဒိ အကောင့်ကို အနားပေးပြီး ဒီအကောင့်ကနေပဲ ပိုစ့်တွေ တင်သွားမှာဖြစ်ပါတယ်။

Steem ဈေးတွေကျနေတဲ့ဒီလိုအချိန်မှာ 1up ကို အောင်မြင်အောင်လုပ်ဆောင်ဖို့က ခက်ခဲပါတယ်။ ကျွန်တော်တို့အနေနဲ့ 4000 Steem ကို ရင်းနှီးမြုပ်နှံထားပါတယ်။ ဒါပေမဲ့ လိုအပ်တဲ့ပမာဏကို မရသေးတဲ့အတွက် Fundition project တစ်ခုကို စတင်နေပါတယ်။ ဒီ project မှာ ဒေါ်လာ ၃၀၀၀ အထိရဖို့ရည်မှန်းထားပါတယ်။ အောက်တိုဘာလမှာ စမဲ့ beta မတိုင်ခင်မှာ ရဖို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့ကို လှူဒါန်းမဲ့သူတွေအတွက် token ၆ သန်းကို ပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ကိုပံ့ပိုးပေးမဲ့သူတွေ အကြားမှာ ခွဲဝေပေးသွားမှာဖြစ်ပါတယ်။

UP Token Distribution

Up token တွေ ကို SMT ပေါ်မှာ အခြေခံပြီး ခွဲဝေပေးသွားမှာဖြစ်ပါတယ်။ March 2019 မှာ စတင်ပေးသွားမှာဖြစ်ပါတယ်။ အခုလက်ရှိ Steem supply နဲ့ညီမျှတဲ့ token သန်း ၂၈၀ ကို ဖြန့်ဖြူးပေးသွားမှာဖြစ်ပါတယ်။ အောက်ကပုံကတော့ ဘယ်လိုခွဲဝေပေးမယ်ဆိုတာကို ပြထားတာဖြစ်ပါတယ်။

Airdrop Via User Authority

Up token တွေကို တက်ကြွတဲ့ steemians တွေကို ခွဲဝေပေးသွားမှာဖြစ်ပါတယ်။ အခြား SMT တွေလုပ်သလို Steem Power နဲ့ မခွဲပဲနဲ့ UA score ကို သုံးပြီး ခွဲဝေပေးသွားမှာဖြစ်ပါတယ်။ ဒီဖြစ်စဉ်တစ်ခုလုံးကို သိပ်မကြာခင်ထွက်လာတော့မည့် 1up platform ကနေလုပ်ဆေင်သွားမှာဖြစ်ပါတယ်။ 1up wallet ကိုလဲ အဲ့ဒိ ပလက်ဖောင်းမှာထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။ ဒီလို token ဖြန့်ဖြူးမှုကိုတော့ Mar 2019 မှာစတင်ပြုလုပ်မှာဖြစ်ပါတယ်။

User Bounty Program

နောက်ထပ် token ၆၅ သန်းကိုတော့ bounty တွေကနေတစ်ဆင့်ပေးသွားမှာဖြစ်ပါတယ်။ အောက်တိုဘာ 2018 မှာ beta app ကို စလုပ်မှာဖြစ်ပါတယ်။ ဒီ bounty တွေကိုတော့ 1up ကို SP ပေးထားခြင်း၊ ပိုစ့်တွေကို 1up app ကိုသုံးပြီး upvote ပေးခြင်းနဲ့ 1up အကောင့်မှ upvote ရရှိခြင်းစတာတွေနဲ့ ကိုက်ညီတဲ့ အကောင့်တွေကို ပေးသွားမှာဖြစ်ပါတယ်။

Community Bounty Program

ဒီအပိုင်းကတော့ ကျွန်တော်တို့နဲ့သိပ်မဆိုင်လှပါဘူး။ နောက်ထပ် token ၆၅ သန်းကို 1up ပလက်ဖောင်းမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေအကုန်လုံးကို ခွဲဝေပေးသွားမှာဖြစ်ပါတယ်။ တစ်ကယ်လို့ အဖွဲ့အစည်းတွေမှာ community account ရှိခဲ့တယ်ဆိုရင် အဲ့ဒိ အကောင့်ကိုခွဲဝေပေးသွားမှာဖြစ်ပါတယ်။

1UP Team, 1UP Account and Investor Pool

steem-1up အကောင့်အတွက် token သန်း ၄၀ ချန်ထားမှာဖြစ်ပါတယ်။ ဒီအကောင့်ကို မူလစတင်တဲ့နေရာ အောက်ရောက်အောင် ဘယ်တော့မှ power down မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ရလာတဲ့ ဆုကြေးတွေကိုတော့ ပါဝါဒေါင်းပြီး ရန်ပုံငွေအနေနဲ့နဲ့ အခြားကုန်ကျစရိတ်တွေအတွက် သုံးသွားမှာဖြစ်ပါတယ်။ သန်း ၃၀ ကိုတော့ ပြင်ပက ရင်းနှီးမြုပ်နှံချင်တဲ့သူတွေအတွက် ချန်ထားမှာဖြစ်ပါတယ်။

image_pdfimage_print

Leave a Reply

Your email address will not be published. Required fields are marked *