Ideas on Steem Blockchain part #7 – Steem-ua

User Authority ဆိုတဲ့ စိတ်ကူးကို @scipio နဲ့ @holger80 တို့က စတင်ခဲ့တာဖြစ်ပါတယ်။ အဲ့ ဒိတော့ User Authority ဆိုတာဘာလဲ ဆိုတာ သိဖို့လိုလာပါပြီ။

Source Link

User Authority

UA ဆိုတာကတော့ google page rank လိုပါပဲ။ Google page rank မှာကျတော့ တစ်ခုခုကို ရှာလိုက်မယ်ဆိုရင် ကလစ်အနှိပ်များတဲ့ website က ရှေ့ဆုံးစာမျက်နှာမှာ နေရာယူပါတယ်။ လူများများကြည့်တဲ့ page လူကြိုက်များတယ်လို့ယူဆပါတယ်။ Steem-ua ကလဲ အဲ့ဒိလိုပါပဲ။ Follower များတဲ့သူက UA ranking မြင့်ပါတယ်။ ပိုစ့်မှာ ဆိုရင်တော့ upvote များများရတဲ့သူ၊ comment များများရတဲ့သူက ranking မြင့်ပါတယ်။ ဒါဆိုရင် မေးခွန်းတစ်ခုရှိပါတယ်။ အကောင့်တွေအများကြီးနဲ့ အပြန်အလှန် follow လုပ်ထားရင်ရော ဘယ်လိုလုပ်မလဲ။ UA နည်းတဲ့ အကောင့်တွေ အပြန်အလှန် follow လုပ်ထားပေမဲ့လဲ UA က တက်မလာပါဘူး။ UA များတဲ့ အကောင့်တွေက follow လုပ်မှ UA တက်လာမှာပါ။ မိမိရဲ့ UA score ဘယ်လောက်ရှိလဲ ဆိုတာ အောက်ကလင့်ခ်မှာ သွားကြည့်နိုင်ပါတယ်။

https://steem-ua.com/

@Steem-ua ကိုပြုလုပ်ထားရတဲ့ ရည်ရွယ်ချက်ကလဲ upvote ပေးဖို့ပါပဲ။ @steem-ua ဆီကနေ upvote ရဖို့နည်းလမ်းနှစ်ခုရှိပါတယ်။ ပထမနည်းလမ်းကတော့ အခုမှ စလုပ်တဲ့ red fish လေးတွေက ကောင်းမွန်တဲ့ ပိုစ့်တွေ ရေးမယ်ဆိုရင် UA scout က ရှာဖွေပြီး upvote လုပ်ပေးမှာဖြစ်ပါတယ်။ အဲ့ဒိတာဝန်ကိုတော့ @helpies ကိုပေးထားပါတယ်။ နောက်နည်းလမ်းတစ်ခုကတော့ SP delegate လုပ်တာပါ။ Voting weight က delegate လုပ်တဲ့ SP နဲ့ မသက်ဆိုင်ပါဘူး။ ကိုယ့်ရဲ့ UA score ပေါ်ကို မူတည်ပြီး upvote ပေးပါတယ်။ ဒါပေမဲ့ vote ပေးတဲ့ အကြီမ်အရေအတွက်နဲ့တော့ သက်ဆိုင်ပါတယ်။ အောက်မှာ ဇယားနဲ့ ပြပေးမှာဖြစ်ပါတယ်။

@steem-ua ကပေးတဲ့ upvote ပမာဏများလာအောင် ဘယ်လိုလုပ်ရမလဲ

  1. ကိုယ့်ရဲ့ UA ရမှတ်ကမြင့်ရမယ်။
  2. ကိုယ့်ကို upvote ပေးတဲ့သူများရမယ်။
  3. ကိုယ့်ပိုစ့်မှာ comment လာပေးတဲ့ အရေအတွက် များရမယ်။

 

Rewarding to steemians who believe in @steem-ua

@neoxian@cryptoctopus@stellabelle@rival  စတဲ့ အကောင့်တွေက steem-ua ကို ယုံကြည်တဲ့ အတွက် သူတို့ဆီမှာ ရှိတဲ့ SP အကုန်လုံးနီးပါးကို delegate လုပ်ထားပါတယ်။ အဲ့ဒိသူတွေအတွက်ကိုရော ဘယ်လိုလုပ်ပေးရမလဲ။ အခိျု့သူတွေကတော့ ဘာအကျိုးအမြတ်မှ မယူပါဘူး။ ဒါပေမဲ့ ယူချင်တဲ့သူတွေတော့ ရှိဦးမှာပါ။

အဲ့ဒိအတွက်

  • @steem-ua.pay ကို ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။
  • တစ်ပတ်တစ်ခါ report ပိုစ့်တစ်ခုတင်မှာဖြစ်ပါတယ်။
  • သူတို့အတွက် အလိုအလျောက် comment တစ်ခု ရေးပေးမှာဖြစ်ပါတယ်။
  • အဲ့ဒိ comment ကို Steem-ua ကနေ မိမိတို့ပေးထားတဲ့ SP အလိုက် upvote ပေးသွားမှာဖြစ်ပါတယ်။
  • အဲ့ဒိအတွက် မိမိအကောင့်ရဲ့ posting key ပေးထားရပါမယ်။ ဒါမှမဟုတ် အခြား အကောင့်တစ်ခုရဲ့ posting key ပေးထားရပါမယ်။ ဘယ်နည်းလမ်းကို ရွေးမလဲ ဆိုကတော့ SP delegator တွေက ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

Ref Link: https://steemit.com/ua/@steem-ua/steem-ua-announcements-partnerships-and-exciting-news

 

UA, Steem User Authority: Use Your Influence!

တစ်ကယ်လို့ @steem-ua ကို SP delegate လုပ်ချင်တယ်ဆိုရင် အောက်ကလင့်ခ်တွေကနေ လုပ်လို့ရပါတယ်။

 

Quick Delegation Links:

25 SP | 50 SP | 100 SP | 250 SP |
500 SP | 1,000 SP | 2,500 SP |
5,000 SP

Join our Discord:

image_pdfimage_print

Leave a Reply

Your email address will not be published. Required fields are marked *