စမူဆာ အစားကြူးလေသူ

ဝေဠုကျော် တရားစွဲ ခံရတဲ့ သတင်းကြားတော့ စိတ်ထဲမှာ တစ်မျိုးပဲ ခံစားရတယ်။ ဖြစ်ပုံက သမီးရည်းစားချင်း ပြတ်သွားတယ်။ ယောင်္ကျားလေးကလဲ လက်ထပ်ပါ့မယ်လို့ ကတိပေး မထားဘူး။ ဒီကြားထဲမှာ အတူနေတာတွေတော့ ရှိတယ်ပေါ့။ အဲ့ဒါကို ၄၁၇ နဲ့ တရားစွဲတယ်။ အဲ့ဒိမှာ တင် မိန်းကလေး ပရိသတ်နဲ့ ယောင်္ကျားလေး ပရိသတ် နှစ်ပိုင်းကွဲသွားတယ်။ ဒီကြားထဲမှာ မိန်းကလေးရဲ့ အရင်က ရှုပ်ခဲ့တဲ့ ဇာတ်လမ်းတွေ တက်လာသေးတယ်။

အဲ့ဒိတော့ ၄၁၇ ဆိုတာက ဘာလဲ။ မိန်းကလေး တစ်ယောက်ဆီက ကာမလိမ်လည်ရယူမှုပါ။ ယုံကြည်လောက်အောင် ပြောပြီး မိန်းကလေး တစ်ယောက်ရဲ့ ကာမကို ရယူမှုပေါ့။ အခုကိစ္စမှာတော့ ၄၁၇ နဲ့ မဆိုင်ဘူး ထင်တာပဲ။ မိန်းကလေးရဲ့ ကာမကို ရယူတဲ့ နေရာမှာ ယောင်္ကျားလေး အနေနဲ့ လက်ထပ်ယူပါ့မယ် လို့ ယုံကြည်လောက်အောင် ပြောမှာ ၄၁၇ မြောက်တာပါ။ တစ်ကယ်လို့ မပြောခဲ့ဘူး ဒီအတိုင်းပဲ အတူနေလိုက်တယ်ဆိုရင် ၄၁၇ မမြောက်ပါဘူး။ ဒါပေမဲ့ အဲ့ဒိအချိန်မှာ မိန်းကလေး အနေနဲ့ သဘောမတူဘူး ဆိုရင် အခြား ပုဒ်မတစ်ခုနဲ့ တရားစွဲလို့ ရပါတယ်။ ငြိမ်နေတယ် ဆိုတာကတော့ သဘောတူလို့လို့ ကောက်ယူရမှာ ဖြစ်ပါတယ်။

တစ်ကယ်လို့ အခုကိစ္စမှာ ဝေဠုကျော်သာ အရေးယူ ခံခဲ့ရရင် ယောင်္ကျားသား အများစု မျက်ခုံးလှုပ်နေ လောက်ပြီ။ သူတို့ရဲ့ ရည်းစားဟောင်းတွေက တရားလာစွဲမှာကို ရင်မ နေရလောက်ပြီ။ ကောင်းတာ တစ်ခုကတော့ နောက်နောင်မှာ ယောင်္ကျားလေးတွေ အနေနဲ့ မိန်းကလေးတွေနဲ့ လွယ်လင့်တကူ အတူမနေရဲ့တော့ ဘူးပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ သမီးရည်းစား ဘဝမှာ ဘယ်လိုပဲနေခဲ့ နေခဲ့ ပြတ်သွားတာနဲ့ တရားစွဲ ခံရတော့မှာပါ။

တရားစွဲ ခံရပြီ ဆိုတာနဲ့ အရင်ဆုံး သိက္ခာကျ ရတော့မှာပါ။ ပြစ်မှု ထင်ရှားရင်တော့ ထောင်သုံးနှစ် ကျခံရမှာ ဖြစ်ပါတယ်။ တစ်ကယ်လို့ အဲ့ ဒိလို မဖြစ်ချင်ဘူးဆိုရင်တော့ လက်ထပ်ယူ ရတော့မှာပါ။




Gold III ကို ရောက်ပြန်ပြီပေါ့ တစ်ခါ

ဒီတစ်ခါလဲ Gold III ကို ရောက်ပြန်ပြီ။ ကျွန်တော့် life summoner က rare level ၆ ဖြစ်နေတဲ့ အတွက် Gold III ကိုတော့ အလွယ်တကူရောက်နိုင်ပါတယ်။ အခြား စပရင်တာတွေနဲ့ ကတော့ မရောက်နိုင်ပါဘူး။ ဒါပေမဲ့ level ၄ rare summoner ရှိရင်တော့ Gold III ကိုရောက်နိုင်ပါတယ်။ အဲ့ ဒိထက် လယ်ဗယ် နိမ့်နေရင်တော့ ရောက်ဖို့က မလွယ်လှပါဘူး။

ကျွန်တော့်မှာ level ၄ rare summoner က စပရင်တာ နှစ်ခုမှာ ရှိပါတယ်။ မီးနဲ့ သစ်ရွက် တွေမှာ ရှိတာပါ။ သစ်ရွက်ကတော့ Spirit of the forest လယ်ဗယ် ၂ ပါရှိတဲ့ အတွက် ပိုကောင်းပါတယ်။ Fire ကတော့ ထပ်ဖြည့်ရဦးမှာပါ။

Death နဲ့ water ကတော့ level 3 summoner ပဲရှိပါတယ်။ တစ်ဆင့်နိမ့်နေတာပေါ့။ သူတို့ပါ လယ်ဗယ် ၄ ဖြစ်သွားရင်တော့ Silver မှာ အေးအေးဆေးဆေး ကစားလို့ရပါပြီ။ ဒိထက် နိမ့်ရင်လဲ ဆော့လို့ရပါတယ်။ ဒါပေမဲ့ ပွဲစဉ်တွေမှာ အရှုံးပေးရတာ များလာ ပါလိမ့်မယ်။

Gold ရောက်ရင် ရတဲ့ ဆုကြေးတွေက များလာမလားလို့ တင်ကြည့်တာပါ။ ဒါပေမဲ့ ဒိထက်ပိုတက်လို့ကလဲ ကိုယ့် စပရင်တာက အဆင့်နိမ့်နေတော့ တင်လို့ မရဘူးဖြစ်နေတယ်။ ရာသီကုန်ကာနီးမှပဲ တင်ပါတော့မယ်လေ။ Silver III မှာတုန်းက quest ကစားရင် ၅ ကဒ်ရပါတယ်။ Silver I မှာ ဆိုရင်ရော ဘယ်လောက် ရမလဲ ဆိုတာ သိချင်နေမိ ပါပြီ။ Quest ကတော့ ညကျမှ ကစားလို့ရမှာပါ။ ကစားပြီးမှပဲ pack ဘယ်နှစ်ခုရတယ် ဆိုတာကို ပြောပြပါတော့မယ်။ အောက်က ပွဲလေးကတော့ စိတ်ဝင်စားစရာ ကောင်းလို့ တင်ပေးလိုက်တာပါ။ ကြည့်ကြည့်ပါ။ ပြီးရင် comment တွေလဲ ရေးပေးဉီးနော်။

https://steemmonsters.com?battle=ff2b271017936fa5c19d05bc2d3927b1ab2abe81&ref=mmunited




မေးစေ့မွေး

ကျွန်တော့် သမီးလေး ငယ်ငယ်တုန်းကပေါ့။ အဲ့ဒိတုန်းက သူက စကားပြော တတ်ခါစ အချိန်ပေါ့။ ကျွန်တော့် မုတ်ဆိတ်မွေးကို ကြည့်ပြီး မေးစေ့မွေးလို့ ပြောပါတယ်။ ကျွန်တော်ကတော့ ပြောတာပေါ့ အဲ့ဒါကို မုတ်ဆိတ်မွေး လို့ခေါ်တယ် လို့ပြောလိုက်ပါတယ်။

Goat with bread

Image Source

ကျွန်တော်လဲ သူပြောမှပဲ စဉ်းစားကြည့် မိတယ်။ ဘာဖြစ်လို့ မုတ်ဆိတ်မွေး လို့ခေါ်တာလဲပေါ့။ တစ်ကယ်ဆိုရင် မေးစေ့မွေးလို့ ခေါ်ရမှာလေ။

  • ခေါင်းမှာ ပေါက်ရင် ဆံပင်မွေး(အခိျု့ နေရာမှာတော့ ခေါင်းမွေး လို့ သုံးပါတယ်။ ခေါင်းမွေးဖြူတယ် စသဖြင့်)
  • ချိုင်းမှ ပေါက်ရင်  ချိုင်းမွေး
  • ခြေသလုံးမှာ ပေါက်ရင် ခြေသလုံးမွေး
  • မျက်ခုံးမှာ ပေါက်ရင် မျက်ခုံးမွေး

အဲ့ဒိလို ဆိုရင် မေးစေ့မှာ ပေါက်ရင် မေးစေ့မွေးလို့ ခေါ်သင့်တာပေါ့။ ဘာဖြစ်လို့များ မုတ်ဆိတ်မွေးလို့ ခေါ်သလဲ မသိဘူး။

တစ်ခါ တလေကျတော့လဲ အခေါ်အဝေါ်တွေက ကိုယ် စဉ်းစားနိုင်တဲ့ အနေအထားထက်ကို ကျော်လွန်နေတတ်တယ်။ ဥပမာ ယောက္ခထီးပေါ့။ ယောက္ခမရှိ လို့ ယောက္ခထီး ရှိရမယ်ပေါ့။ ဒါပေမဲ့ မြန်မာ စကားမှာ ယောက္ခထီး ဆိုတာ မရှိပါဘူး။ ယောက္ခမ အမရယ်၊ ယောက္ခမ အထီးရယ် ဆိုတာပဲ ရှိပါတယ်။ စဉ်းစားရင်းနဲ့ ရှုပ်ထွေးလာတယ်။ ဆက်ပြီး မစဉ်းစားတာပဲ ကောင်းပါတယ်လေ။




နောက်ထပ် အပြောင်းအလဲ တစ်ခု

အပြောင်းအလဲ တွေကတော့ အမြဲတမ်း ရှိနေမှာပါပဲ။ ဒီ တစ်ခါကတော့ ကောင်းတာနဲ့ မကောင်းတာနဲ့ တွဲနေပါတယ်။ WordPress ၅.၀ နဲ့ အတူ Gutenberg ကို ပုံသေအနေနဲ့ သုံးလာပါတယ်။ သုံးလို့တော့ ပိုကောင်းလာပါတယ်။ Steempress ကလဲ gutenberg ကို support လုပ်တယ်ဆိုတော့ သုံးရတာ ပိုအဆင်ပြေလာပါတယ်။

Gutenberg နဲ့ ပတ်သက်ပြီး လေ့လာစရာတွေတော့ အများကြီး ရှိပါသေးတယ်။ တဖြည်းဖြည်းနဲ့တော့ လေ့လာလို့ရလာမှာပါ။

မကောင်းတဲ့ အပြောင်းအလဲကတော့ SM က quest လုပ်တဲ့ အချိန်မှာ အရင်က beta version က ကဒ်တွေကို ပေးနေပေမဲ့ အခုအချိန်မှာတော့ Rewarded Edition က ကဒ်တွေကို ထုတ်ပေးနေပါတယ်။ အရင်က booster pack တစ်ခုကို ငါးခုရပေမဲ့ အခုအချိန်မှာတော့ တစ်ခုပဲရပါတော့တယ်။ သူကတော့ league နဲ့ လိုက်ပြီးတော့ ပေးတာပါ။ League မြင့်တဲ့ သူက card ပိုရပါလိမ့်မယ်။ Reward farming လုပ်လို့မရအောင် တားတဲ့သဘောပါ။ အဲဒိအတွက် ကဒ်တွေ ပိုဝယ်ဖို့လိုလာပါတော့တယ်။

စပရင်တာ တိုင်းမှာ ကဒ် လယ်ဗယ်မြင့်တာတွေ ရှိနေဖို့ လိုအပ်နေပါတော့တယ်။ ဒါမှလဲ ဝယ်လိုအားများလာမှာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ အနည်းဆုံး သွေးပြန်ဖြည့်ပေးနိုင်တဲ့ ပမာဏက နှစ်ကို ပြောင်းလိုက်ပါတယ်။ သရဲ ခေါင်းဆောင်ရဲ့ damage လျှော့ချမှုက သုညကို မရောက်တော့ပါဘူး။ အနည်းဆုံး ၁ မှာ ကျန်နေမှာဖြစ်ပါတယ်။ ဒီအချက်က အဆင့်နီမ့် တိုက်ပွဲတွေမှာ မွန်းစတားတွေ မပါဝင်ပဲ ဖြစ်ရတာတွေကို ရှောင်လွှဲနိုင်စေမှာ ဖြစ်ပါတယ်။

ရာသီကုန်မှာတော့ ဘီတာ ကဒ်တွေကို ပေးဦးမှာဖြစ်ပါတယ်။ အဲ့ဒိအတွက် ရာသီကုန်မှာ ဖလားတင်တာတွေကလဲ အသုံး ဝင်နေဦးမှာပါ။ ဘူစတာ ပက် ရတာတွေကတော့များသွားတယ်။ ပက်တစ်ခုမှာ ကဒ်တစ်ခုပဲ ပါမယ်လို့ထင်ပါတယ်။ ဒါဆိုရင်တော့ ကဒ်တွေ ဈေးက ထောင်တက်လာမယ်လို့ထင်ပါတယ်။




Gutenberg မိတ်ဆက်

Introduction to Gutenberg wordpress editor

Gutenberg ကအတော်တော့ လွယ်ကူပါတယ်။ စသုံးတဲ့သူ အဖို့ကတော့ အနည်းငယ်ခက်မှာပါ။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ အဆင်ပြေသွားမှာပါ။ ကျွန်တော်ကတော့ စထွက်ကထဲက သုံးဖို့ပါပဲ။ Steempress က support မလုပ်သေးတာနဲ့ မသုံးသေးပဲ နေနေတာပါ။ အခုတော့ စသုံးပါပြီ။

 အ  ပေါ်ကပုံမှာ ပြထားသလိုပဲ သူ့မှာ ထည့်စရာ block type က သုံးမျိုးရှိပါတယ်။ ပုံကို တိုက်ရိုက်ထည့်တာရယ်၊ စာထည့်တာရယ်၊ quote အနေနဲ့ ထည့်တာရယ်ဆိုပြီး သုံးမျိုးရှိပါတယ်။ 

သူ့က block ပုံစံနဲ့ရေးရတာပါ။ ရိုးရိုး editor နဲ့ မတူပါဘူး။

အပေါ်ကပုံကတော့ quote အနေနဲ့ ထည့်တာကို ပြထားတာပါ။ ပုံအနေနဲ့ ထည့်တာကတော့ အရင် editor လိုပါပဲ။ upload လုပ်မလား။ media libraty ကနေ ထည့်မလား၊ ဒါမှမဟုတ် အခြား လင့်ခ်တစ်ခုကနေ ထည့်မလား ဆိုတာကို ရွေးချယ်နိုင်ပါတယ်။

စာပိုဒ်တစ်ခု ဒါမှမဟုတ် ပုံတစ်ပုံကို block တစ်ခုလို့ယူဆပါတယ်။ အဲ့ဒိ block တွေကို အပေါ်အောက် ရွှေ့လို့ရပါတယ်။ စဉ်းစားတဲ့ နေရာမှာ block တစ်ခုချင်းစီအလိုက် စဉ်းစားဖို့လိုပါတယ်။ Enter ကို နှိပ်လိုက်တာနဲ့ နောက်ထပ် block တစ်ခုဖြစ်သွားပါတယ်။

Transform to

စာအနေနဲ့ ထည့်မယ်ဆိုရင် စာပိုဒ် အနေနဲ့ ထည့်မှာလား။ quote အနေနဲ့ ထည့်မှာလား ဒါမှမဟုတ် cover အနေနဲ့ ထည့်မှာလားဆိုပြီး ထည့်လို့ရပါတယ်။ ဒါမှ မဟုတ် ခေါင်းစဉ် အနေနဲ့လဲ ထည့်လို့ ရပါတယ်။ Cover ကတော့ အောက် အပိုဒ်မှာ စမ်းသုံးကြည့်ပါ့မယ်။ ကျန်တာတွေကတော့ သိပြီးပြီလို့ ထင်ပါတယ်။

Gutenberg မိတ်ဆက်

အပေါ်ကပုံကတော့ cover ကို စမ်းသုံးထာတာပါ။ အလယ်မှာ ခေါင်းစဉ်ကို ထည့်လို့ရပါတယ်။ ကျန်တာတွေကတော့ အရင် editor နဲ့ အတူတူပါပဲ။ ထိပ်ဆုံးမှာလဲ cover ကို သုံးပြီး ထည့်ပေးထားပါတယ်။ စတီးမစ် မှာတော့ ဘယ်လိုပုံစံ ထွက်လာမလဲ ဆိုတာ စောင့်ကြည့်ရဦးမှာပါ။ သူ ကတော့ HTML ကို မသိပဲနဲ့ တောင်မှ blog တစ်ခုကို အလွယ်တကူရေးနိုင်အောင် လုပ်ထားပါတယ် လို့ ဆိုပါတယ်။




မင်းနောင်း ဖြစ်ပြီလား

ကျွန်တော် ဒီပိုစ့်ကို ခြောက်ရက် ဒီဇင်ဘာမှာ ရေးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒိအချိန်မှာတော့ မင်းနောင်း မဖြစ်သေးပါဘူး။ အဲ့ဒိအချိန်မှာ လက်ထဲမှာ ၄၉၃.၃၇၈ SP ရှိနေပါတယ်။တစ်ရက်ကို ၂ SP နှုန်းနဲ့သာ တက်သွားခဲ့ရင် ကျွန်တော် မင်းနောင်း ဖြစ်နေပါပြီ။ ဒါပေမဲ့ လက်တွေ့မှာတော့ ဘယ်လို ဖြစ်လာမလဲ ဆိုတာ မသိပါဘူး။

မင်းနောင်းဖြစ်ခဲ့ရင်တော့ စတီးမစ်သုံးတဲ့ နေရာမှာ အားသာချက်ရှိပါတယ်။ ကိုယ်ပေးလိုက်တဲ့ ဗုတ်ရဲ့ ရာခိုင်နှုန်းကို ချိန်လို့ရပါတယ်။ အခြား ဖရောင့် အန့်တွေ သုံးတဲ့ သူတွေကတော့ နဂိုထဲက ချိန်လို့ရတဲ့ အတွက် သိပ်ထားလှတယ်တော့ မထင်ပါဘူး။ ဒါပေမဲ့ မင်းနောင်းဖြစ်သွားပြီ ဆိုတဲ့ ခံစားချက်ကတော့ တစ်မျိုးပါပဲ။

မင်းနောင်းဖြစ်လာတဲ့ အချိန်မှာ နောက်ထပ်ရည်မှန်းချက် တစ်ခုကို ချရတော့မှာ ဖြစ်ပါတယ်။ နောက်ရည်မှနုးချက်ကတော့ SP 1000 အထိ ရောက်ရှိဖို့ ဖြစ်ပါတယ်။ သိပ်မကြာခင်ကာလမှာ မန့်တွေ ပြန်ရေးနိုင်တော့ မှာပါ။ အဲ့ ဒိအချိန်ကျရင်တော့ တက်ကြွတဲ့ ကျွန်တော့်ကို ပြန်လည်မြင်တွေ့ ရဦးမှာပါ။

I am supposed to become minnow in 10-Dec-2018. It takes more than 140 days to become a minnow. I hope to make more engagements and curation in the near feature. I also wish my friends to become minnow soon. Thanks @paulag and @abh12345 for encouraging me to become minnow. Best luck to you all.

 




စတီးမစ် ပင် ပိုစ့်

ဒီနေ့မှ ပဲ ထရမ်းဒင်းကို သတိထား ကြည့်ဖြစ်တယ်။ ned ရဲ့ ပိုစ့်တစ်ခုကို ပင် လုပ်ထားတာတွေ့ရတယ်။ ပင် ဆိုတာက ပင်အပ်နဲ့ စိုက်ထားတယ် လို့ဆိုလို့တာပါ။ အရေးကြီးတဲ့ ပိုစ့်တစ်ခုကို ထိပ်ဆုံးမှာ အမြဲတမ်း ဖော်ပြချင်ရင် ပင် လုပ်ထားလို့ရပါတယ်။ ဒါပေမဲ့ အရင်တုန်းက ဒီ ပင် ပိုစ့်ကို မမြင် မိပါဘူး။ အခုမှ ပဲ မြင်မိတာပါ။

ned ရေးထားတာကတော့ RocksDB နဲ့ SMT တွေကို ဝိတ်လျှော့မယ့် အကြောင်းရေးထားတာ ဖြစ်ပါတယ်။ SMT တွေ ထွက် ဖို့အချိန်က နောက်ကျနေပါပြီ။ အဲ့ဒိတော့ စောစောထွက်နိုင်အောင်လို့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ SMT အနေနဲ့ မထွက်ပဲနဲ့ SMT-lite အနေနဲ့ပဲ အရင်ထွက်လာမှာဖြစ်ပါတယ်။

RocksDB နဲ့ ပတ်သက်လို့ကတော့ BMIC(Boost Mulit-Index Containter) အင်တာဖေ့ အဒက်ပတာ တစ်ခုကို သုံးပြီးတော့ RocksDB ရဲ့ လုပ်ဆောင်ချက်တွေကို ပြောင်းလဲ သွားမှာဖြစ်ပါတယ်။ ဒီလိုလုပ် လိုက်တဲ့အတွက် Steemd အနေနဲ့ ဘာမှ အပြောင်းအလဲ လုပ်စရာ မလိုတော့ပါဘူး။ လက်ရှိ BMIC အနေနဲ့ကလဲ memory အသုံးပြုမှုကို ၉၅% လျော့ကျစေမှာဖြစ်ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ Full Nodes တွေအတွက် သုံးစွဲရတဲ့ ငွေကြေးကို လျှော့ချဖို့ပါပဲ။ ဒီလိုလုပ်ခြင်းအားဖြင့် 4GB ပဲ ရှိတဲ့ RAM နဲ့ ရိုးရိုး SSD နဲ့ပဲ လုပ်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။

Witnesses တွေအနေနဲ့ full noed အတွက် ကုန်ကျစရိတ်က အရမ်းများပါတယ်။ အဲ့ဒါကြောင့် RocksDB နဲ့ လုပ်ဆောင်တော့မှာပါ။ အချက်အလက်တွေကို memory ပေါ်မှာ မထားပဲနဲ့ hard disk ပေါ်မှာ ထားမှာဖြစ်ပါတယ်။ ဒီအချက်က ကုန်ကျစရိတ်ကို သက်သာစေမှာဖြစ်ပါတယ်။ ဒါပေမဲ့ စွမ်းဆောင်ရည်တော့ ကျသွားမယ်လို့ ထင်မြင်မိပါတယ်။ မြန်မာနိုင်ငံသားတွေ အတွေက်ကတော့ သိပ်ထူးမယ် မထင်ပါဘူး။ ဒီက အင်တာနက် စပိက သိပ်မှ မကောင်းတာကိုး။




SM ကဒ်များပေါင်းစပ်ခြင်း

အခု Steemmonsters ရာသီသစ်အစမှာ စည်းမျည်းအသစ်တွေ ထပ်ပေါင်း ထည့်လိုက်တယ်ဆိုတာ SM ကစားတဲ့သူတိုင်း သိကြမယ်လို့ ထင်ပါတယ်။ တစ်ကယ်လို့ တစ်ယောက်ယောက် ကစားထားတာကို အခြား တစ်ယောက်ကို လွှဲလိုက်တယ် ဆိုရင် အဲ့ဒိလူက ငါးရက် အတွင်းမှာ ကစားလို့ မရပါဘူး။ ဒါပေမဲ့ လက်ရှိ ရှိနေတဲ့ ကဒ်တစ်ခုနဲ့ ပေါင်းမယ်ဆိုရင်ရော ဘယ်လိုဖြစ်လာမလဲ။ အဲ့ဒိ အကြောင်းကို သိချင်လို့ စမ်းသပ်ထားပါတယ်။

အဲ့ဒိ စမ်းသပ်ချက်က ဘယ်လိုများဖြစ်လာမလဲ။ အပေါ်ကပုံက မပေါင်းရသေးခင် ပုံပါ အောက်ကပုံကတော့ ပေါင်းစပ်ပြီးသားပုံဖြစ်ပါတယ်။ အပေါ်က ပုံမှာ ကျွန်တော့်ရဲ့ lvl ၆ ရှိတဲ့ Divine Healer ကို လက်ရှိ အချိန်မှာ ကစားလို့မရသေးတဲ့ ကဒ်တစ်ခုနဲ့ ပေါင်းမှာဖြစ်ပါတယ်။ အောက်ကကဒ်က ဘယ်ဘက်မှာ နာရီပုံလေး ပါပါတယ်။ အဲ့ဒိ ကဒ် နှစ်ခုကို ပေါင်းလိုက်ပါပြီ။

အောက်ကပုံမှာ ကြည့်ပါ။ ပေါင်းပြီးသားကဒ်မှာ နာရီပုံလေး မပါတော့ပါဘူး။ အဲ့ဒါဆို သုံးလို့ရတယ်ပေါ့။

ကျွန်တော်တို့ ဒီအချက်ကို သိပြီးတဲ့ နောက်မှာတော့ ဈေးကွက်ထဲက သုံးပြီးသားကဒ်တွေကို ဝယ်ဖို့က ပြဿနာမရှိတော့ဘူးထင်ပါတယ်။ အဓိက ကျတဲ့ ကဒ်တွေကို ပဲ ကစားဖို့ ပိတ်ထားပါတယ်။ တကယ်လို့ ကိုယ်က အဓိကကျတဲ့ ကဒ်တစ်ခုကို နောက်ထပ် ကဒ်တစ်ခုနဲ့ ပေါင်းမယ်ဆိုရင်တော့ အရင်အတိုင်းပဲ စောင့်ရလိမ့်မယ် လို့ထင်ပါတယ်။ ဆိုလိုတာက လယ်ဗယ် အမြင့်ဆုံး ကဒ်က cool down လွတ်နေဖို့လိုပါတယ်။




အိမ်အပြန် ခရီး

ဒီနေ့ မနက် ပိုစ့်တင်တဲ့ အချိန်လောက်ဆိုရင် ကျွန်တော့် အပြန်ခရီး စတင်နေပါပြီ။ သင်္ဘောပေါ်မှာ ၃၁ ရက်ကြာခဲ့ပါတယ်။ နောက်ဆုံးတော့လဲ ပြန်ရမယ့် အချိန်ရောက်ခဲ့ပါပြီ။ ဒီတော့ သင်္ဘောပေါ်က အတွေ့အကြုံတွေ အကြောင်း ရေးသားမှာဖြစ်ပါတယ်။

ဒီပုံကတော့ သင်္ဘောရဲ့ ဦးပိုင်းကို ရိုက်ထားတာပါ။ ကျွန်တော့်ပုံကတော့ ရိုက်လေ့ မရှိတော့ မြင်ရမှာ မဟုတ်ပါဘူး။ သင်္ဘောပေါ်မှာ ကျွေးတာကတော့ ဘူဖေးပါ။ မြန်မာနိုင်ငံက ဘူဖေးလိုတော့ မဟုတ်ပါဘူး။ ကိုယ်ကြိုက်တာ ထည့်စားလို့ ရပါတယ်။ ကိုယ့်ဘာသာကိုယ် ယူစားရတဲ့ စနစ်ပါ။ စားစရာတွေ ထည့်ထားတဲ့ ဗန်းတွေရဲ့ အောက်မှာ ရေနွေးငွေ့နဲ့ အပူပေးထားပါတယ်။ အဲ့ဒိတော့ ပူပူနွေးနွေးစားရတာပေါ့။ ချက်တာကတော့ ဖိလစ်ပိုင် တွေ ချက်တာပါ။ မြန်မာတွေလဲ ချက်ပါတယ်။ မြန်မာစာဖိုမှုးတွေကတော့ တွင်းတူးစင်တွေ ပေါ်မှာလုပ်တာပါ။ ဆာဗေး သင်္ဘောတွေပေါ်မှာတော့ မလုပ်ကြပါဘူး။ စားသောက်ခန်းကို စဝင်ဝင်ချင်းနေရာမှာ လက်ဆေးဖို့အတွက် hand sanitizer တွေထားပေးထားပါတယ်။ ထမင်းစားရတာကတော့ အချိန်နဲ့ပါ။ နံနက် ၁၁ နာရီခွဲကနေ ၁၂ နာရီ ခွဲအတွင်း ညနေ ၅ နာရီခွဲကနော ၆ နာရီခွဲအတွင်းစားရပါတယ်။ အဆာပြေ စားဖို့ကတော့ နံနက် ၉ နာရီနဲ့ ညနေ ၃ နာရီမှာ စီစဉ်ပေးထားပါတယ်။ ကျန်တဲ့ အချိန်တွေမှာလဲ ကော်ဖီ၊ အချိုရည်၊ သစ်သီး မုန့်တွေကို စားသုံးလို့ရပါတယ်။

တစ်ပတ်ကို တစ်ရက် ပင်လယ်စာနဲ့ ကျွေးပါတယ်။ အခိျု့ အပတ်တွေမှာ အပြင်ဘက်ထွက်ပြီး အကင်နဲ့ ကျွေးပါတယ်။ စားရတာကလဲ အတော်ကို ကောင်းမွန်ပါတယ်။ ဒီသင်္ဘောက မလေးရှားကုမ္ပဏီက ငှားထားတဲ့ သင်္ဘောဖြစ်တာကြောင့် ဝက်သားတော့ မကျွေးပါဘူး။ အမဲသား၊ ကြာက်သား၊ သိုးသား၊ ငါ:၊ စတာတွေကျွေးပါတယ်။ စားစရာတွေ အကြောင်းရေးထားတဲ့ ပိုစ့်ဖြစ်တဲ့ အတွက် @mamamyanmar ကတော့ သဘောကျမယ်ထင်ပါတယ်။

အခန်းသန့်ရှင်းရေးကတော့ သုံးရက် တစ်ကြီမ်လောက် လုပ်ပေးပါတယ်။ ဒီကြားထဲ အိမ်သာ ညစ်ပတ်သွားရင်တော့ ကိုယ့်ဘာသာကိုယ် ဆေးရတာပေါ့။ အဝတ်လျှော်တာကလဲ စက်ထဲ ထည့်လိုက်ရုံပါပဲ။ နေရတာတော့ ကောင်းပါတယ်။ MOGE ကိုလဲ အဲ့ဒိလိုတွေ လုပ်စေချင်တာ ဘယ်တော့များမှာ ဖြစ်လာမလဲ မသိဘူး။

ကျွန်တော်ကတော့ အားရင် ပင်ပေါင် ရိုက်ပါတယ်။ ရုပ်ရှင်လဲ ကြည့်ပါတယ်။ ရုပ်ရုင် ကြည့်တဲ့နေရာကလဲ အတော်ကို ကောင်းမွန်ပါတယ်။ တီဗွီကလဲ အကြီးကြီး အသံစနစ်ကလဲ အတော်ကို ကောင်းမွန်ပါတယ်။ လေ့ကျင့်ခန်းလုပ်ဖို့ နေရာလဲ လုပ်ပေးထားပါတယ်။ သွားတော့ မကစားဖြစ်ပါဘူး။ ချွေးထုတ်တဲ့ နေရာလဲ ရှိပါတယ်။ အဲ့ဒါလဲ သွားမလုပ်ဖြစ်ပါဘူး။ အခန်းထဲမှာတော့ အဲယားကွန်း လွတ်ထားပေးပါတယ်။

ပြဿနာကတော့ အိမ်ကို လွမ်းတာပါ။ ကျွန်တော်နဲ့ အဖော်တစ်ယောက်နဲ့ပဲ မြန်မာဆိုလို့ ရှိတာပါ။ ကျန်တာကတော့ နိုင်ငံခြားသားတွေချည့်ပါပဲ။ တော်သေးပြီ။ နောက်နေ့တွေမှပဲ ဆက်ရေးပါတော့မယ်။ အလုပ်အကြောင်းတွေကတော့ မရေးချင်ပါဘူး။




အကယ်၍များ

ကျွန်တော်တို့ မြန်မာ စကားမှာတော့ တကယ်လို့ ဒါမှမဟုတ် တကယ်လို့များ စာမှာဆိုရင်တော့ အကယ်၍၊ အကယ်၍များ ဆိုပြီး သုံးလေ့ရှိပါတယ်။ တကယ်လို့ နဲ့ တကယ်လို့များနဲ့က အဓိပ္ပာယ် အတူတူပါပဲ။ တကယ်လို့များက ပိုပြီး လေးနက်စေမလားတော့ မပြောတတ်ပါဘူး။ အင်္ဂလိပ်လို ဆိုရင်တော့ IF လို့သုံးပါတယ်။ ဒါဆိုရင် အကယ်၍များ ဆိုရင်ရော ဘယ်လိုသုံးမလဲ IFS များ ဖြစ်နေမလား။

ဒီနေ့ရေးမှာ ကတော့ excel function တစ်ခုဖြစ်တဲ့ IFS အကြောင်းပဲ ဖြစ်ပါတယ်။ Excel 2019 မှာ အဲ့ဒိ function ပါနေပါပြီ။ သူ အသုံးပြုပုံကတော့ အောက်မှာရေးပေးထားပါတယ်။

=IFS(Logical test 1, Value if true 1, Logical test 2, Value if true 2…..)

သူက IF ထက်စာရင် သုံးရတာ ပိုလွယ်ပါတယ်။ ဘယ်လိုလွယ်သလဲ ဆိုတာကို ထပ်မံရှင်းပြပေးသွားမှာဖြစ်ပါတယ်။

အောက်ကပုံကတော့ ကုမ္ပဏီတစ်ခုကနေ သူတို့ရဲ့ ကုန်ပစ္စည်းတွေကို ဝယ်ယူတဲ့ အရေအတွက်အလိုက် ဈေးလျှော့ပေးထား
ပါတယ်။ အခုရေ ၆၀၀၀ နှင့် အထက်ဝယ်ရင် ၄% လျှော့ပေးပြီးတော့ အခုရေ ၁၀၀၀၀ နှင့် အထက်ဝယ်ရင် ၆%
 ဈေးလျှော့ပေးပါတယ်။သူတို့မှာ အော်ဒါတွေလဲ ရထားပါတယ်။ ပထမဆုံး Nested if နဲ့ အရင်တွက် 
ကြည့်ကြရအောင်...
Image Source


=IF(logical test, Value if true, Value if False)

အပေါ်ကတော့ If ရဲ့ အသုံးပါ။ မှန်ခဲ့ရင် တန်ဖိုး တစ်မျိုးပေးပြီးတော့ မှားခဲ့ရင် တန်ဖိုး တစ်မျိုးပေးပါတယ်။ 
ကျွန်တော်တို့ ဖော်မြူလာကို အောက်မှာပြထားသလို ရေးလိုက်ပါတယ်။

=IF(B6>10000,6%,IF(B6>6000,4%,0))

၁၀၀၀၀ ထက်ကျော်ခဲ့ရင် ၆% ပေးပြီးတော့ ၆၀၀၀ ထက်ကျော်ခဲ့ရင် ၄% ပေးပါတယ်။

Image Source
တစ်ကယ်လို့ ကျွန်တော်တို့က အဲ့ဒိလို မရေးပဲနဲ့ ပြောင်းပြန်ရေးမိတယ် ဆိုပါစို့ ဘာဖြစ်မလဲဆိုတာ ကြည့်ကြရအောင်...

=IF(B6>6000,4%,IF(B6>10000,6%,0))

Image Source

အဖြေအမှား ထွက်လာမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ၁၅၀၀၀ ဆိုတဲ့ ပမာဏ ဟာ ၆ပ၀၀ ထက်လဲ
 များနေပါတယ်။ အဲ့ဒိအတွက် နောက်က ၁၀၀၀၀ ဆိုတာကို စစ်မနေတော့ပဲနဲ့ အဖြေ ကို တန်းထုတ်ပေး 
လိုက်ပါတယ်။

IFS ကိုသုံးရင်တော့ အဲ့ဒိ ပြဿနာမရှိတော့ပါဘူး။ ကိုယ်ဘယ်လို့ အစီအစဉ်နဲ့ပဲရေးရေး အဖြေမှန်ကိုပဲ 
ထုတ်ပေးပါတယ်။ အောက်ကပုံနှစ်ပုံကို နှိုင်းယှဉ်ကြည့်ပါ။

Image Source

ပထမပုံမှာက ၁၀၀၀၀ ကို ရှေ့ကထားရေးပါတယ်။ ဒုတိယ ပုံမှာက ၆၀၀၀ ကို ရှေ့က ထားရေးပါတယ်။ 
နှစ်မျိုးစလုံး အဖြေမှန် ရပါတယ်။ ပြောရရင်တော့ IFS က ပိုကောင်းပါတယ်။


Image Source
Reference Link: http://theexcelclub.com/nested-if-statements-replaced-with-ifs-function/
Disclaimer: All images are taken from the reference post.