Steemmonsters ရဲ့ စည်းမျည်းအသစ်များ

ဒီပိုစ့်မှာကတော့ အခုလက်ရှိ ရာသီ ၃ ခုမြောက်မှာ အသုံးပြုနေတဲ့ စည်းမျည်း အသစ်တွေကို ရေးသားသွားမှာဖြစ်ပါတယ်။

Aim Ture: အနီးပစ် နဲ့ အဝေးပစ်တွေရဲ့ ပစ်ခတ်မှုတွေ အကုန်လုံး ပစ်မှတ်ကို ထိပါတယ်။ အဲ့ဒိအတွက် dodge, flying စတဲ့ စွမ်းရည်တွေက အသုံးမကျပါဘူး။ အခြား mana တူပြီး သွေးများတာပဲဖြစ်ဖြစ် damage များတာပဲဖြစ်ဖြစ်ရှိခဲ့ရင် အဲ့ ဒိအကောင်ကို ဦးစားပေးရွေးချယ်သင့်ပါတယ်။

Back to Basics: မွန်းစတားတွေရဲ့ စွမ်းရည်တွေ အကုန်ဆုံးရှုံးပါတယ်။ ဥပမာ ချောင်းမြောင်းတိုက်နိုင်တဲ့ စွမ်းရည်
သူတို့ဆီမှာ ရှိနေတဲ့ သွေး၊ dagame၊ ဒိုင်းကာ တွေကတော့ မဆုံးရှုံးပါဘူး။

Lost Legendaries: Legendary မွန်းစတားတွေကို တိုက်ပွဲမှာ ပါဝင်ခွင့်မပြုပါဘူး။ ဒါကတော့ ရှင်းပါတယ်။

Melee Mayhem: အနီးကပ် တိုက်ခိုက်နိုင်တဲ့ မွန်းစတားတွေက ဘယ်နေရာကမဆိုတိုက်ခိုက်နိုင်ပါတယ်။ သာမန်အားဖြင့်ဆိုရင် sneak လုပ်နိုင်တဲ့ စွမ်းရည်ရှိမှသာ နောက်ဆုံး မွန်းစတားကို တိုက်ခိုက်နိုင်တာပါ။ အဝေးပစ်နဲ့ မှော် မွန်းစတားတွေ အစား အနီးကပ်တိုက်နိုင်တဲ့ အကောင်တွေကို ဦးစားပေး ရွေးချယ်သင့်ပါတယ်။

Rise of the Commons: သာမန်(common) နဲ့ ရှားပါး (rare) မွန်းစတားတွေကိုပဲ တိုက်ပွဲမှာ သုံးလို့ရမှာဖြစ်ပါတယ်။ Epic နဲ့ legendary မွန်းစတားတွေကို သုံးလို့မရပါဘူး။

Silenced Summoners: Summoner တွေကနေ ပေးတဲ့ buffs ဒါမှမဟုတ် debuffs တွေ မပါတော့ပါဘူး။ ဒီပွဲတွေမှာတော့ ဘာ buff, debuff မှ မပါတဲ့ summoner တွေကို သုံးတာက မန်နာ တစ်ခုပို ရစေပါတယ်။
Standard: ရိုးရိုး စွမ်းရည်တွေ အတိုင်းပဲ ပိုင်ဆိုပါတယ်။

Super Sneak: အနီးကပ်တိုက်ခိုက်တဲ့ မွန်းစတားတွေ အကုန်လုံးက နောက်ဆုံး က အကောင်ကို တိုက်ခိုက်နိုင်ပါတယ်။ အဲ့ဒိတော့ နောက်ဆုံးမှာ shield ပါတဲ့ ကောင် ဒါမှမဟုတ် heal လုပ်နိုင်တဲ့ ကောင်ကို ထည့်ထားဖို့လိုပါတယ်။ damage ထပ်ထည့်ပေးနိုင်ရင်တော့ နိုင်ဖို့ အခွင့်အလမ်း ပိုများပါတယ်။

Target Practice: အဝေးပစ်တွေနဲ့ မှော် မွန်းစတားတွေ အကုန်လုံးမှာ ချောင်းပစ်နိုင်တဲ့ စွမ်းရည်ပါလာပါတယ်။ snipe ဆိုတာကတော့ အဝေးပစ် ဒါမှ မဟုတ် မှော်မွန်းစတားကို ပစ်တာပါ။ အဲ့ဒိတော့ ကိုယ့်ရဲ့ ပထမဆုံး ဖြစ်တဲ့ အဝေးပစ် ဒါမှ မဟုတ် မှော် မွန်းစတားက သွေးများများရှိဖို့၊ ဒါမှမဟုတ် သွေးပြန်ဖြည့်တဲ့ ဒါမှမဟုတ် ဒိုင်းကာ ရှိတဲ့ မွန်းစတား ဖြစ်ဖို့လိုပါတယ်။ ဥပမာ Spirit of the forest.

Unprotectd: မွန်းစတားတွေမှာ ဒိုင်းကာ မရှိတော့ပါဘူး။ ဒိုင်းကာတွေ ပြုတ်ကုန်တဲ့ အတွက် life splinter ကို မရွေးချယ်သင့်ပါဘူး။

Weak Magic: မှော်နဲ့ တိုက်ခိုက်မှုတွေက ဒိုင်းကာကို အရင်ထိပါတယ်။ သာမန်အားဖြင့်ဆိုရင် မှော်နဲ့ တိုက်ခိုက်မှုတွေကို ဒိုင်းကာကို မထိပါဘူး။ အဲ့ဒိအတွက် water splinter ကို မရွေးချယ်သင့်ပါဘူး။

Steemmonsters ကစားချင်တယ်ဆိုရင်တော့ အောက်ကလင့်ခ်ကို သုံးပြီး ဝင်ပေးစေချင်ပါတယ်။

https://steemmonsters.com?ref=mmunited




The Lodgers(2017) movie review in myanmar language

 

ဒီတစ်ခါ ဇတ်လမ်းကလဲ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒီတစ်ခါလဲ incest နဲ့ပတ်သက်တဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။ သရဲ ကား ဆန်ဆန်ပါပဲ။ ဒါပေမဲ့ ကြောက်စရာတော့ မကောင်းပါဘူး။

 

၁၉၂၀ ခုနှစ် အိုင်ယာလန် နိုင်ငံ ဆင်ခြေဖုံး ဒေသမှာ ဇာတ်လမ်းကို စတင်ထား ပါတယ်။ Rachel နဲ့ Edward ဆိုတဲ့ အမွာမောင် နှမ နှစ်ယောက်က အိမ်ကြီး တစ်လုံးရယ် ခြံကြီး တစ်ခြံရယ်ကို ပိုင်ဆိုင်ထားပါတယ်။ အဲ့ဒိအိမ်နဲ့ ခြံက ညဘက်ဆိုရင် ခြောက်ခြားစရာ အဖြစ်ကို ပြောင်းလဲသွားပါတယ်။ သူတို့ကို စည်မျည်းသုံးခုကို လိုက်နာခိုင်း ပါတယ်။

  1. ညသန်းခေါင်မတိုင်ခင် အိပ်ရာထဲမှာ ရှိရမယ်။
  2. ဒီခြံကြီးထဲကို ဘယ်သူ့ကိုမှ ပေးမဝင်ရဘူး။
  3. တစ်ယောက်က ကျန်တဲ့ တစ်ယောက်ကို ထားခဲ့ပြီး အဝေးကို ထွက်သွားရင် ချန်ထားခံရတဲ့ သူမှာ ဘေးတွေ့လိမ့်မယ်။

သူတို့လိုက်နာရမည့် စည်းကမ်းတွေကို အင်္ဂလိပ် လို ကဗျာ လို လုပ်ထားပါတယ်။

“Girl child, boy child, listen well. Be in bed by midnight’s bell. Never let a stranger through your door. Never leave each other all alone. Good sister, good brother be, follow well these cautions three. Long as your blood be ours alone, we’ll see you ever from below.”

Disclaimer: The above sentences are from wikipeida about “The Lodgers(2017)”.

ဘာဖြစ်လို့ ဒီလိုဖြစ်ရတာလဲ ဆိုတော့ သူတို့မိသားစုအပေါ်ကို ကျိန်စာ တစ်ခု သက်ရောက်နေပါတယ်။ ကျိန်စာအတိုက် ခံထားရတယ်ပေါ့။ ဘယ်လိုကျိန်စာမျိုးလဲ။ သူတို့ကိုယ်တိုင်က အမွာဖြစ်သလို (ယောင်္ကျားနဲ့ မိန်းမ) မွေးလာတဲ့ ကလေးတွေကလဲ အမွာပဲဖြစ်တယ်။ အဲ့ဒိ အမွာမောင်နှမက ပြန်လက်ထပ်ပြီး နောက်ထပ် အမွာ မောင်နှမ နှစ်ယောက်ကို ထပ်မွေးပါတယ်။ မွေးလာတဲ့ ကလေးတွေ အရွယ်ရောက်ပြီဆိုတာနဲ့ မိဘ နှစ်ပါးစလုံးက ရေထဲမှာ ဆင်းပြီး ကိုယ့်ဘာသာကိုယ် သတ်သေကြပါတယ်။ အဲ့ဒိဝိညာဉ်တွေ အကုန်လုံးက ရေထဲမှာ ရှိနေပြီး ညကျရင် အပေါ်ကို တက်လာပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ စာသားတွေကို ရေရွတ်ပြီးတော့ သန်းခေါင်မတိုင်ခင် အိပ်ရာထဲမှာ ရောက်နေဖို့ ဖိအားပေးပါတယ်။

နှမ ဖြစ်တဲ့ Rachel ကတော့ ဒီဖြစ်စဉ်ကြီးကို အဆုံးသတ် ချင်ပါတယ်။ မောင်ဖြစ်သူကို ခေါ်ပြီး ထွက်ပြေးဖို့စဉ်းစားထားပါတယ်။ သူ့မောင်ကတော့ သဘောမတူပါဘူး။ ဒီကျိန်စာကို Rachel အနေနဲ့ အဆုံးသတ်နိုင်မလား ဆိုတာ ငွေရောင် ပိတ်ကားပေါ်မှာ ကြည့်ကြရအောင်လားဗျာ။ စိတ်ဝင်စားစရာ ကောင်းတဲ့ မြင်ကွင်းတစ်ခုကတော့ ဝိညာဉ်တွေ ထွက်လာတဲ့ အချိန်မှာ ရေတွေက မြေကြီးပေါ်ကနေ မျက်နှာကြက်ပေါ်ကို လွင့်ပျံတက် သွားတာပါပဲ။




Crimson Peak movie review in myanmar language

Disclaimer: This image is copied from wikipedia.

ဒီကားကတော့ သရဲ ကားဆန်ဆန် ရိုက်ထားတာပါ။ စိတ်ဝင်စားစရာ ကောင်းတဲ့ အပိုင်းကတော့ incest နဲ့ ပတ်သက်တဲ့ အပိုင်းတွေရယ် အမရဲ့ သြဇာ လွမ်းမိုးမှုကို ခံနေရတဲ့ အပိုင်းတွေရယ် ဖြစ်ပါတယ်။

ဇတ်လမ်းကတော့ မောင်နှမ နှစ်ယောက်ရှိပါတယ်။ Thomas sharpe နဲ့ သူ့အစ်မ Lucille sharpe တို့ဖြစ်ပါတယ်။ သူတို့ နှစ်ယောက်ကလဲ အချင်းချင်း အပြန်အလှန် ချစ်နေကြတယ်။ Thomas sharpe က ရွံ့တူးတဲ့ စက်ကိုထွင်နေပါတယ်။ အဲ့ဒိအတွက် ရင်းနှီးမြှုပ်နှံမယ့်သူ လိုက်ရှာနေပါတယ်။ ဒါပေမဲ့ ဘယ်သူကမှ စိတ်မဝင်စားပါဘူး။ အဲ့ဒိအတွက် သူ့ရုပ်ရည်ကို ဗန်းပြပြီး မိန်းမတွေကို လက်ထပ် ပြီးတော့ အဲ့ဒိမိန်းမကို သတ်ပစ်ပြီး ပိုက်ဆံတွေကို အပိုင်စီးတဲ့ နည်းလမ်းနဲ့ ငွေရှာပါတယ်။ သတ်တာ အများစုကိုတော့ အမဖြစ်သူ က လုပ်ပါတယ်။

ဇတ်လမ်းစတဲ့ အချိန်မှာ အမေရိကန်က ပိုက်ဆံရှိတဲ့ အမျိုးသမီး တစ်ဦးဖြစ်တဲ့ Edith cushing ကို Thomas က ချည်းကပ်နေတာပါ။ ဒိအရင်က အခြားအမျိုးသမီး သုံးယောက်ကိုလဲ လက်ထပ်ခဲ့ပြီးပါပြီ။ သတ်လဲ သတ်ပစ်ပြီးပါပြီ။ ဒီကောင်မလေးက ငယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့အစ်မ က လက်မခံချင်ပါဘူး။ ဒါပေမဲ့ သူ့မောင်ကတော့ သဘောကျနေဟန်တူပါတယ်။ အဲ့ဒိတော့ သူ့အစ်မဆီက လက်စွပ်ကို ယူပြီး ပရိုပိုစ့် လုပ်ဖို့ကြိုးစားပါတယ်။ အဲ့ဒိ အဖြစ်အပျက်မတိုင်ခင်မှာတော့ ဒီကြား က သရဲကားဖြစ်တဲ့အတွက် သေသွားပြီဖြစ်တဲ့ Cushing ရဲ့ အမေက သူ့သမီးကို လာပြီးတော့ သတိပေးပါတယ်။ “Crimson Peak” ကို သတိထားလို့ပါ။ ဒါပေမဲ့ Crimson Peak ဆိုတာ ဘာလဲ ဆိုတာ သူမသိပါဘူး။

Cushing မှာ အဖေ ရှိပါသေးတယ်။ Cushing ရဲ့ အဖေကတော့ သဘောမတူပါဘူး။ Thomas ကို စတွေ့ကထဲက သဘောမကျပါဘူး။ အဲ့ ဒါနဲ့ သူတို့နောက်ကြောင်းကို လိုက်ခိုင်းလိုက်တော့ Thomas ဟာ လက်ထပ်ပြီးသား ဖြစ်ကြောင်း သိုက်တူးသမား တစ်ယောက်ဖြစ်ကြောင်း သိလာတဲ့ အတွက် သူတို့မောင်နှမကို ခေါ်တွေ့ပါတယ်။ ပြီးတော့ ပိုက်ဆံပေးပြီး Thomas တို့ မောင်နှမ နှစ်ယောက်ကို buffalo မြို့ကနေ ထွက်သွားခိုင်းပါတယ်။ နောက်နေ့ မနက်မှာပဲ Lucille က Cushing ရဲ့ အဖေကို သတ်ပစ်လိုက်ပါတယ်။ အဖေမရှိတော့တဲ့ နောက်မှာတော့ Cushing က Thomas ကို လက်ထပ်ပြီး သူ့အိမ်ကို လိုက်နေပါတယ်။ အိမ်ကိုရောက်တော့မှ အဲ့ဒိအိမ်ကြီးကို “Crimson Peak” လို့ခေါ်တာကို သိခဲ့ရပါတယ်။

Lucille ရဲ့ စိတ်ဓာတ်က ကြောက်စရာ ကောင်းပါတယ်။ ပိုက်ဆံကိုလဲ လိုချင်တယ်။ သူ့မောင်(လင်) ကိုလဲ အပိုင်စီးထားချင်ပါတယ်။ Cushing နဲ့ပတ်သက်ပြီးတော့ သူ့မောင်ရဲ့ စိတ်ကို မလွမ်းမိုးထားနိုင်တော့ပါဘူး။ Thomas က Cushing ကို နောက်ဆုံးမှာ ချစ်သွားပါတော့တယ်။

ဒီကားက တစ်ကယ့်ကို ကောင်းမွန်တဲ့ ဇာတ်လမ်းတစ်ခုပါ။ ကြည့်ရတာ ပေါ့သွားမှာ စိုးတဲ့ အတွက် ဒီလောက်နဲ့ပဲ ရပ်ထားလိုက်ပါတယ်။ ပါဝင်တဲ့ သူတွေကတော့ Cushing အဖြစ် Edith Cushing, Lucille အဖြစ် Jessica Chastain, Thomas အဖြစ် Tom Hiddleston, Dr. Alan Mcmichael အဖြစ် Charlie Hunnam တို့ဖြစ်ပါတယ်။

Dr. Alan Mcmichael ဆိုတာကတော့ Cushing ကို တစ်ဖက်သတ်ကြိုက်နေပြီး cushing ကို ကယ်ဖို့အတွက် “Crimson Peak” အိမ်ကြီးအထိ လိုက်လာခဲ့တဲ့ သူပဲဖြစ်ပါတယ်။

Perfection has no place in love.

ပြီးပြည့်စုံတဲ့ ချစ်သူဆိုတာ မရှိပါဘူး။ မပြည့်စုံတာကိုပဲ ချစ်နေကြရတာပါ။




ပညာရေး ပြောင်းလဲမှုနဲ့ ပတ်သက်ပြီးတော့ ကြားနေပဲ လုပ်ပါရစေ

မြန်မာနိုင်ငံက ဂွကျကျ အနေအထားကို ရောက် နေပါတယ်။ နိုင်ငံရေးမှာ ဆိုရင်လဲ ဒီမိုကရေစီ နဲ့ အာဏာရှင် စနစ် ဘာကို ရွေးမလဲ။ ဒီကိစ္စကတော့ ပိုပြီ ရှုပ်ထွေးပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နှစ်ဖက်စလုံးမှာ အားသာချက် အားနည်းချက်တွေ ရှိနေပါတယ်။ ဦးနေဝင်း အာဏာ မသိမ်းခင်တုန်းက ဆိုရင်တော့ မြန်မာတွေက အင်္ဂလိပ်စာမှာ အတော်ကို ရှေ့တန်းရောက်ခဲ့ပါတယ်။ အခုအချိန်မှာတော့ အဲ့ဒိ အားသာချက်မရှိတော့ပါဘူး။ အတော်များများက english စာတွေ့ရင် သရဲ တွေ့သလို ဖြစ်နေကြပါပြီ။ ဒီအချိန်မှာတော့ ဘယ်လိုပဲ လုပ်လုပ် လုပ်လို့ အဆင်ပြေတယ်လို့ထင်ပါတယ်။ ဒါပေမဲ့ ကိုယ်ဖြစ်ချင်တာနဲ့ ကိုယ်လုပ်ခဲ့တဲ့ အလုပ်က ကိုက်ညီမှုရှိဖို့လိုပါတယ်။

ဘာဖြစ်လို သင်ရိုးကို မြန်မာလို ပြောင်းသင့်တာလဲ။
မြန်မာလို သင်ရင် သင်ရတာ ပိုလွယ်ပါတယ်။ ကိုယ်ကျွမ်းကျင်နဲ့ ဘာသာစကားနဲ့ သင်တာက အကောင်းဆုံးပါ။

ဘာဖြစ်လို့ english လို သင်သင့်တာလဲ။
English လို သင်မယ်ဆိုရင် ကျောင်းသားတွေက အင်္ဂလိပ်လို့ အရင်သိနေဖို့လိုပါတယ်။ အင်္ဂလိပ်လိုသာ တတ်ထားမယ်ဆိုရင် ဘယ်လို စာမျိုးမဆို ကိုယ့်ဘာသာ ကိုယ်ဖတ်နိုင်ပါလိမ့်မယ်။

တစ်နည်းက လွယ်တယ်။ မြန်မာလိုသင်တဲ့အတွက် ထိရောက်အောင် သင်ပေးနိုင်တယ်။ နောက်တစ်နည်းကတော့ လူတစ်ယောက် ချင်းစီရဲ့ အင်္ဂလိပ်စာ စွမ်းရည်ကို တိုးတက်လာအောင် လုပ်ပေးရမှာဖြစ်တဲ့အတွက် အချိန်ယူရလိမ့်မယ်။ အဲ့ဒိတော့ ဘယ်လိုနည်းလမ်းကို သုံးချင်တာလဲ။ အခိျု့နေရာတွေမှာ မြန်မြန်ဆန်ဆန် လုပ်တတ်ဖို့ လိုတယ်ဆိုရင် (ဥပမာ စက်မှုလက်မှု)မြန်မာလိုသင် ဒါမှမဟုတ် အရှေ့ကို အများကြီး တက်လမ်းရှိတယ် ဆိုရင် အင်္ဂလိပ်လိုသင် ဖို့လိုပါတယ်။

ကျွန်တော့်အနေနဲ့ အကြံပေးရရင်တော့ BC လိုမျိုးအဖွဲ့အစည်းတွေနဲ့ ပေါင်းပြီး မြန်မာတွေ အင်္ဂလိပ်စာ အရည်အသွေး တိုးတက်လာအောင် လုပ်ရင် မရနိုင်ဘူးလား။ အခြား ဟာတွေ သင်မယ့်အစား ငယ်ငယ်ထဲက အင်္ဂလိပ်လို ပိုင်နိုင်အောင် သင်မယ်ဆိုရင် ပိုမဖြစ်နိုင်ဘူးလား။ ဂျပန်လို နိုင်ငံမှာတော့ online ကနေ learning လုပ်တာများပါတယ်။ စာအုပ်ထုတ်ဖို့ဆိုတာက အချိန်ကြာတယ်။ ဒီအတိုင်း website မှာ တင်လိုက်တာက ပိုမြန်ပါတယ်။ မြန်မာနိုင်ငံမှာရော အဲ့ဒိလိုလုပ်နိုင်မှာလား။

အခြားသူတွေရော ဘယ်လို လုပ်နေသလဲ ဆိုတာ လေ့လာကြည့်ရအောင်
အခိျု့နိုင်ငံတွေက english လိုပဲ သင်ပေးပါတယ်။ အိမ်နီးချင်းနိုင်ငံတွေကို ကြည့်ရင် india, phillipine စတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ သူတို့နိုင်ငံတွေက english လို ပြောတာပဲဖြစ်ဖြစ် ရေးတာပဲဖြစ်ဖြစ် ပြဿနာမရှိပါဘူး။ အခိျု့နိုင်ငံတွေက မိမိရဲ့ ဘာသာစကားကို ပြောင်းယူပါတယ်။ ဥပမာ တရုတ်၊ဂျပန်၊ ကိုရီးယား

မိမိရဲ့ ဘာသာစကားကို ပြောင်းယူတဲ့ နိုင်ငံတွေက အင်္ဂလိပ်သာသာနဲ့ စာအုပ်တစ်အုပ်ထွက်တာနဲ့ တန်းပြီးတော့ မိမိတို့ဘာသာကို ပြောင်းပြီး စာအုပ်ထုတ်ပါတယ်။ အဲ့ဒိစာပေတွေကို လူအများစုက လေ့လာကြပါတယ်။ English လို ဖတ်တတ်တဲ့နိုင်ငံတွေကတော့ အဲ့ဒိ လိုမျိုးလုပ်စရာ မလိုပါဘူး။ မြန်မာနိုင်ငံအနေနဲ့ မြန်မာလိုပဲသင်မယ်ဆိုရင်တော့ ဘာသာရပ်ဆိုင်ရာ စာပေတွေကို မြန်မာလို ဘာသာပြန်ဖို့လိုပါတယ်။ အဲ့ဒိလိုမှ မပြန်နိုင်ရင်တော့ ဒိထက်ပိုဆိုးလာဖို့ပဲ ရှိပါတယ်။ ကျောင်းသာတွေကို အင်္ဂလိပ်လို တတ်အောင်သင်မယ်ဆိုရင်တော့ အဲ့ဒိလို လုပ်စရာ မလိုပါဘူး။ သူတို့ကို အင်္ဂလိပ်လို တတ်အောင် သင်ပေးလိုက်ရုံပါပဲ။

မြန်မာလို သင်မယ်ဆိုရင်လဲ ဒီကျောင်းစာနဲ့တင် မပြီးပါဘူး။ ဒိထက်အဆင့်မြင့်တဲ့ စာပေတွေကို မြန်မာလို လေ့လာနိုင်အောင် လုပ်ပေးရမယ်။ အင်္ဂလိပ်လို သင်မယ်ဆိုရင်လဲ အင်္ဂလိပ်လို အခြေခံကောင်းအောင် လုပ်ပေးရမယ်။ ဘယ်လမ်းကိုပဲ ရွေးရွေး ခက်ခဲမယ် ပင်ပန်းမယ်။ အချိန်အကြာကြီးယူရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာလို သင်ဖို့ရွေးမယ်ဆိုရင်တောင် ဘာသာပြန်ဖို့အတွက် လူတွေ အရင် မွေးထုတ်ရဦးမယ်။ အဲ့ဒါက ဘယ်လောက် အချိန်ယူရမလဲ။ ငါးနှစ်လား ဆယ်နှစ်လား။ ပြီးရင် ဘာသာပြန်ပြီးသား စာပေတွေကို စာအုပ် ပုံနှိပ်ထုတ်ဝေရမယ်။ အဲ့ဒိအတွက် က ငွေတွေ အချိန်တွေ အများကြီး ကုန်မယ်။

နောက်တစ်ခု စဉ်းစားရမှာက online ကနေ သင်ယူတာပါ။ Google translate ကို သုံးရင် အခြား ဘာသာစကားတွေမှာ ဆိုရင် လုံးစေ့ပတ်စေ့ မဟုတ်ပေမဲ့ နားလည်အောင်တော့ ဖတ်လို့ရတယ်။ မြန်မာ ဘာသာစကားမှာတော့ မရဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ တစ်ကမ္ဘာလုံးက ယူနီကုဒ်ကိုပဲ လက်ခံတယ်။ မြန်မာတွေကတော့ ဇော်ဂျီမှ ဇော်ဂျီပဲ။ အဲ့ဒါကို အရင်ပြောင်းဖို့လိုပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာက online learning ကလဲ မတိုးတက်သေးဘူး။




Steemmonster မှာ Champion League ကို ရောက်ခဲ့ပြီ

မနေ့ကတော့ SM မှာ Champion III ကို ရောက်ခဲ့ပါပြီ။ ကို ဘိုဘိုကျော်ကို အားကျမိတာနဲ့ ကြိုးစားကြည့်လိုက်တာပါ။ Champion II ကို ရောက်ဖို့တော့ ဆက်ကြိုးစားနေပါတယ်။ ဒါပေမဲ့ သူ့ဆီရောက်ဖို့က ဖလာ ငါးရာ လိုဦးမယ်ဆိုတော့ သိပ်တော့မလွယ်လှပါဘူး။ နောက်ပြီးတော့ သုံးပွဲနိုင်ရင် နှစ်ဆ ရတဲ့ streak bonus ကလဲ မရှိတော့ဘူးဆိုတော့ ဖလားရနှုန်းက တစ်ဝက်လောက်လျော့သွားပါတယ်။

Champion II ကို ရောက်ခဲ့ရင် ၂၅ ဘုစတာ ပက် ရမှာဖြစ်ပါတယ်။ ကဒ်အနေနဲ့ ဆိုရင်တော့ ၇၅ ကဒ်ရမှာဖြစ်ပါတယ်။ ရာသီကုန်သွားရင်တော့ ဖလား ၂၆၀၀ ကနေ ပြန်စမှာဖြစ်ပါတယ်။ ပြိုင်ပွဲအနေနဲ့ဆိုရင်တော့ Gold I ကနေပြန်စမှာဖြစ်ပါတယ်။

အောက်ပိုင်းမှာ နေ့တိုင်းတိုက်နေရင်လဲ အဲ့ဒိလောက်တော့ ရနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ဘယ်လောက် များများရနိုင်သလဲ ဆိုတာကို တိုင်းတာကြည့်တဲ့ သဘောပါ။

Steemmonster ဆော့နေတဲ့ သူတွေ အခုအချိန်မှာ အရင်းကြေရုံမက အမြတ်တွေ တောင် ထွက်နေပါပြီ။ SP နည်းနေလို့လဲ စိတ်ပူစရာ မလိုပါဘူး။ ကိုယ့် ဝယ်တဲ့ တန်ဖိုးရဲ့ 10% ကို SP အဖြစ် ပြန်ပေးမှာဖြစ်ပါတယ်။ အဲ့ဒိ ပမာဏက ဘယ်လောက်လဲ ဆိုတာတော့ မသိသေးပါဘူး။ ဘယ်အချိန်အထိ ပေးမလဲ ဆိုတာလဲ မသိသေးပါဘူး။ ဒါပေမဲ့ ကစားတဲ့ သူတွေအနေနဲ့ကတော့ အဆင်ပြေမယ်လို့ ထင်ပါတယ်။

မိမိရဲ့ မိတ်ဆွေတွေနဲ့ အတူကစားမယ် ဆိုရင် ပိုပျော်ဖို့ ကောင်းပါတယ်။ ကျွန်တော်တို့က ချန်ပီယံတွေပါ။

Let’s play steemmonsters.

https://www.steemmonsters.com/?ref=mmunited




Contest ideas

Contest ideas

ကျွန်တော်တို့ မြန်မာတွေ အနေနဲ့ ပြိုင်ပွဲတစ်ခုလောက်တော့ ပုံမှန်ကျင်းပသင့်တယ် ထင်ပါတယ်။ အရင်တုန်းကလဲ ပြိုင်ပွဲတွေ လုပ်ခဲ့ပေမဲ့ ဘယ်ပြိုင်ပွဲမှာ တာရှည်မခံပါဘူး။ အဲ့ ဒိတော့ ဘာတွေများ လိုအပ်ချက်တွေ ရှိနေတာလဲ။ ဘယ်လို ပြိုင်ပွဲမျိုးလုပ်မှ ရေရှည်တည်တံ့မှာလဲ ဆိုတာ အကြံပေးကြပါဦး။

ကျွန်တော်ကတော့ Inktober art contest ကျင်းပတဲ့ ပုံစံကို သဘောကျ ပါတယ်။ သူက တစ်လစာ ခေါင်းစဉ်ပေး ထားတယ။် အဲ့ဒိ အထဲကမှ တစ်ရက်ချင်းစီအတွက် ခေါင်းစဉ်အလိုက် ပိုစ့်တင်ရတာပါ။ ပြိုင်ပွဲဝင်တဲ့ သူအနေနဲ့လဲ ပိုစ့် သုံးဆယ့် တစ်ခုရတယ်။ ဒါပေမဲ့ သူကတော့ art အတွက်ပဲဖြစ်ပါတယ်။ အဲ့ဒိ ခေါင်းစဉ်အလိုက် နေ့တိုင်းပိုစ့် တင်စရာမ လိုဘူးလို့ထင်ပါတယ်။ နောက်ပြီးတော့ နောက်ကျမှပြိုင်လဲ ရတယ်။ သုံးဆယ့်တစ်ခု ပြည့်အောင် ပြိုင်သွားဖို့ပဲလိုတာ ပါ။

ကျွန်တော် မသိသေးတာတွေတော့ ရှိပါသေးတယ်။
ဆုကြေးဘယ်လောက် ပေးတာလဲ။
ဘယ်နှစ်ယောက် ပေးတာလဲ။
ပိုစ့်တစ်ခု ချင်းစီကို ဆုကြေးပေးတာလား။
တစ်လစာ ပြည့်မှ အနိုင်အများဆုံး ရတဲ့ သူကို ဆုကြေးပေးတာလား။

ကျွန်တော်တို့ အဲ့ဒိလို လုပ်မယ်ဆိုရင် ရက်သုံးဆယ်စာ ခေါင်းစဉ်ရွေးပေးရမယ်။
အကြောင်းအရာ ကတော့ အစုံ ဖြစ်မှရမယ်။
နောက်ပြီးတော့ အချိန်ကာလကို တစ်လကျော်ကျော် လောက်ထားပေးဖို့ လိုပါတယ်။
ပိုစ့်တွေကို စိစစ်ဖို့ အဖွဲ့တစ်ခုလဲ လိုပါတယ်။
ဆုကြေး ကရော ဘယ်လို ပေးမှာလဲ။
စဉ်းစားစရာတွေ ကတော့ အများကြီးပါ။ Steem ဈေးကလဲ ကျနေတော့ ရေးချင်တဲ့ သူတွေကလဲ နည်းနေဟန်တူပါဘယ်။ မိတ်ဆွေတို့ရဲ့ စိတ်ကူးကိုရော ရေးထားပေး ခဲ့ပါဦး။

တစ်ကယ်လို့ ပြိုင်ပွဲတစ်ခု ရေရှည် လုပ်ဖြစ်တယ် ဆိုရင်တော့ အခြား အဖွဲ့အစည်းတွေ ဆီကနေ အကူအညီ တောင်းလို့ ရပါတယ်။




Water Splinter ကိုလေ့လာသုံးသပ်ခြင်း

Water splinter က magic ကို အဓိကထားပါတယ်။ သူ့ရဲ့ summoner ဖြစ်တဲ့ Alric Strombringer က မွန်းစတားတွေရဲ့ magic ကို ၁ ပေါင်းထည့်ပေးပါတယ်။ ဒိအတွက် magic ကောင်အများစုနဲ့ သုံးရင် ပို အားသာစေရပါတယ်။

အားသာချက်များ

  • နေရာစုံကို တိုက်ခိုက်နိုင်ပါတယ်။
    magic ကို အဓိက အားပြုပါတယ်။
  • သူ့မှာ စွမ်းရည် အတော်များများပါနေတာကို တွေ့ရမှာပါ။
  • Medusa မှာ ရန်သူကို မူးနိုင်တဲ့ စွမ်းရည် ပါနေပါတယ်။
  • Water elemental မှာ ကိုယ့်ဘာသာ ကိုယ် သွေးပြန်ဖြည့်နိုင်ပါတယ်။

အာနည်းချက်များ

  • Blast လုပ်နိုင်တဲ့ စွမ်းရည် မရှိပါဘူး
  • Void နိုင်တဲ့ စွမ်းရည် မပါပါဘူး။
    ပျံနိုင်တဲ့ အကောင်မပါပါဘူး။
  • အဆိပ် သင့်စေနိုင်တဲ့ စွမ်းရည် မပါပါဘူး။

သူ့ splinter သက်သက်ချည့်ပဲ သုံးမယ်ဆိုရင်တော့ Selenia Sky နဲ့ တွဲသုံးလို့ မကောင်းပါဘူး။ အခုနောက်ဆုံးတွေ့ထားတာတော့ ရာမီရက် အကောင့်ကနေ centaur, shin-lo တို့နဲ့ တွဲသုံးထားတာတွေတယ်။ Spineback turtle, Shin-lo. pirate captain, crustacean king နဲ့ နောက်ဆုံးမှာ centaur ကိုထားထားတယ်။ ကျွန်တော်အပေါ်က ပြောခဲ့တဲ့ အားနည်းချက်တွေဖြစ်တဲ့ ပျံနိုင်တဲ့ အကောင်ရယ်၊ အဝေးပစ်တွေရယ်ကို ထပ်ပေါင်းထည့်ပေးထားပါတယ်။ ရှင်းလိုရဲ့ mana cost က ၁ ပဲ ရှိတာလဲ ပါတာပေါ့လေ။

Level မြင့်လာရင်တော့ medusa က မပါမဖြစ်ပါ။ Magic နဲ့ မူးတာနဲ့ဆိုတော့ ရန်သူ့ Tank ကို ဘာမှမလုပ်နိုင်အောင် လုပ်ထားနိုင်ပါတယ်။ သွေးကလဲ အတော်များတယ်။ ဒါပေမဲ့ ပြိုင်ဘက်အသင်းမှာ Silvershield paladin ရှိနေရင်တော့ သိပ်မလွယ်လှဘူး။

နောက်ပြီးတော့ Crustacean king ကိုလဲ မဖြစ်မနေ ထည့်ရမှာပါ။ သူပါမှပဲ ကိုယ့် tank ကို သွေးဖြည့်ပေးနိုင်မှာပါ။ Slow ကလဲ frost giant မှာပဲ ပါတဲ့ အတွက် သိပ်တော့ အဆင်မပြေလှပါဘူး။ Mana လစ်မစ်ကို နည်းနည်းပဲ ပေးထားတဲ့ အချိန်မျိုးမှာ ပြဿနာရှိနိုင်ပါတယ်။

Blast လုပ်နိုင်တဲ့ စွမ်းရည်မပါတာရယ်၊ သွေးနည်းတဲ့ အကောင်တွေ အများကြီး ရွေးချယ်ရတာတွေရယ်က သူ့အတွက် အားနည်းချက်ဖြစ်လာနိုင်ပါတယ်။ အဓိက ပြိုင်ဘက်ကတော့ death splinter ဖြစ်လာမှာပါ။

Haunted spirit ရဲ့ သွေးပြန်ဖြည့်နိုင်စွမ်းနဲ့ magic ကို ၁ လျှော့နိုင်တဲ့ စွမ်းရည်၊ Screaming banshee ရဲ့ magic နဲ့ blast လုပ်နိုင်တဲ့ စွမ်းရည်၊ နောက်ပြီးတော့ Zenitar Mortaus ရဲ့ damage ကို ၁ လျှော့နိုင်တဲ့စွမ်းရည် စတာတွေက water splinter ကို အခက်တွေ့စေမှာပါ။ နောက် ပြီးတော့ haunted spider ရဲ့ အဆိပ်၊ twisted jester ရဲ့ snipe နိုင်တဲ့ စွမ်းရည် စတာတွေကလဲ water splinter ကို အခက်တွေ့စေမှာဖြစ်ပါတယ်။




Fire Splinter ကိုလေ့လာ သုံးသပ်ခြင်း

Fire Splinter ၏ အားသာချက်များ
ရန်သူ့ရဲ့ Tank ကို ချိုးနှိမ်ထားခြင်း
နေရာစုံကို တိုက်ခိုက်နိုင်ခြင်း
Melee ကောင်များအား damage ပေါင်းထည့်ပေးနိုင်ခြင်း
Blasting စွမ်းရည်ရှိခြင်း

Fire Splinter ၏ အားနည်းချက်
Heal လုပ်နိုင်သည့် အကောင် မပါရှိခြင်း

Fire Splinter မှာ Tank လေးကောင်ပါရှိပါသည်။ လေးကောင် စလုံးကလဲ ရန်သူ့ရဲ့ အနီး၊အဝေး တိုက်ခိုက်မှုတွေကို ခုခံနိုင်ဖို့ ရည်ရွယ်ပြုလုပ်ထားပါတယ်။ အဓိက ဇာတ်လိုက်ကတော့ Pit Orge ဖြစ်လာဖို့များပြီး ရန်သူ့ရဲ့ Tank ကို မူးအောင်လုပ်ထားနိုင်ပါတယ်။ သူ့ကို ထိတဲ့ အချိန်မှာ damage တိုးလာပါတယ်။ နောက်ဆုံး Level မှာ void စွမ်းရည်ပါပေါင်းထည့်ထားတဲ့ အတွက် maigc ကိုလဲ ကြောက်စရာမလိုတော့ပါဘူး။ ပြီးတော့ Fire beetle ကလဲ ရန်သူ့ရဲ့ အဝေးပစ်နဲ့ magic ကောင်တွေကို အလွယ်တကူ ခြေမှုန်းပစ်နိုင်ပါတယ်။ Kobold miner ကလဲ ရန်သူ့ရဲ့ နောက်ဆုံးသူကို အလွယ် တကူ ခြေမှုန်းပစ်နိုင်ပါတယ်။ Fire demon ရဲ့ Blast နိုင်တဲ့ စွမ်းရည်ကလဲ ရန်သူနှစ်ယောက်ကို တစ်ပြိုင်ထဲ ထိစေပါတယ်။

ပြောရမယ်ဆိုရင်တော့ fire splinter က အတော်ကို အားသာချက်တွေရှိနေပါတယ်။ ကျန်တဲ့ splinter တွေအနေနဲ့ မျှော်လင့်နိုင်တာကတော့ စည်းကမ်းတွေ အပြောင်းအလဲ ဖြစ်တဲ့အချိန်မှာ အနိုင်ကစားနိုင်တာပါပဲ။

သူ့ရဲ့ အဓိက ရည်ရွယ်ချက်တော့ ရန်သူ့ရဲ့ Tank ကို တားထားပြီးတော့ ရန်သူ့ရဲ့ နောက်ပိုင်းကို ဖြိုတာပါ။ Pit orge ပါလာတာနဲ့ ရန်သူ့ရဲ့ Tank က သုံးလို့မရပါဘူး။ Heal ပါတဲ့ အကောင်တွေဖြစ်ရင်တောင်မှာ သူတို့ရဲ့ heal တွေက အသုံးမဝင်တော့ပါဘူး။ အဲ့ဒိအတွက် ရှောင်နိုင်တဲ့ အကောင်တွေကိုပဲ ရွေးချယ်ရတော့မှာပါ။ ပြီးရင်တော့ နောက်ကအကောင်တွေကို သွေးများများ၊ damage များများရှိဖို့ ရွေးချယ်ရမှာပါ။

Elemental phoenix ဆိုရင် flying နဲ့ dodge နိုင်တဲ့ စွမ်းရည်ပါဝင်နေပြီးတော့ magic reflect နိုင်တဲ့ စွမ်းရည်လဲ ပါဝင်ပါတယ်။ ပြီးတော့ magical damage ကို blast လုပ်နိုင်ပါတယ်။ သူနဲ့ fire demon နဲ့ပေါင်းလိုက်ရင် ရှေ့က ရန်သူ့ မွန်းစတား နှစ်ကောင်ကို ဒုက္ခတွေ့စေမှာဖြစ်ပါတယ်။ သူ့ကို နှိုင်နိုင်တဲ့ အကောင် သိပ်မရှိပါဘူး။ ဒါကြောင့်မို့လို့ fire splinter က လူကြိုက်အများဆုံးဖြစ်နေတာပါ။




Answers for the questions of @jacekw

After reading your post I am asking myanmar community for your question. Only a fews people are interesting to answer your questions. So I will answer your questions. My answers would not represent the whole myanmar community but you may know about myanmar community.

1. How would you describe the #myanmar community in a few sentences?
The #myanmar community is not very big and it is not very well organized. We use only facebook and messenger to communicate. We have discord channel but it is rarely used. I have make statstics about esteem but not about the whole community. I have to do like this.

2. Which #myanmar users are most recognized on Steem?
* @kachinhenry – @Curie’s curator and leader of Myanmar Steemit Community.
* @patricksanlinn – @Curie’s curator
* @dpakyaw – Leader of Myanmar Steemit User
* @mmunited – Curator of C2 curation and esteem for myanmar language and epic blogger. It is me.
* @bobokyaw – individual with highest reputation in myanmar.

3. What Steem projects have been created by people from your community?
Currently We have not created any project. In near future we have plan to make a project but we still need developers to make a project.

4. Which witness come from the #myanmar community.
There is no witness in myanmar community.

5. Does #myanmar community stick together or is it divided into many groups?
Previously we have at least 4 groups. Now we only have two groups. MSC is major group which has a lot of members and msu is a smaller supported by @dpakyaw.

6. What principles / conventions / initiative have you developed?
We used only #myanmar tag and no prefix system.
We planned to make a contest but it fails many times.
Currently I am making a steemmonsters cards giveaway contest.
We have curation service supported by C2 that upvotes good contents.
We upvote the users who use esteem-myanmar tag.

7. What are the biggest problems of #myanmar community?
decreasing activity in recent months because of steem price
can not community well with other community or steem user because of language barrier.

8. Mohinga


Disclaimer: The above image is downloaded from pixabay.com.

Final words
Is there a way to collaborate with your community. What is the deal? What will you give and what will you take back. I believe we can grow together.




စတင်းဈေးတွေကျတဲ့အခါ

ဒီတစ်ခါတော့ စတင်းဈေးက အတော်ကို ကျသွားတယ်။ ၀.၅ အောက်ကို ရောက်နေပြီ။ ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ။ ကျွန်တော်ကတော့ စာတွေဆက်ရေးနေမှာပါ။ “အပြုံးမပျက်ပေါင် စိတ်လက်ရှည်ရှည် …. …..” အဲ့ဒိ သီချင်းထဲကလိုပေါ့ဗျာ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါက တစ်ကမ္ဘာလုံးနဲ့ ဆိုင်တဲ့ ပြဿနာဖြစ်လို့ပါ။ စတင်းတင်မကပါဘူး။ အခြား ခရစ်တို ငွေကြေးတွေပါ ဈေးတွေကျနေတာပါ။ အမေရိကန် ဒေါ်လာက မာနေတဲ့သဘောပေါ့။ ဈေးတွေ အကုန်ထိုးဆင်းနေတဲ့အတွက် တစ်ချိန်မှာတော့ ပြန်တက်လာမှာပါ။ BTC ဆိုရင် ၄၂၈၀ ကိုရောက်နေပါပြီ။ ၂၀၁၈ အတွင်းမှာ အနီမ့်ဆုံးဈေးဖြစ်ပါတယ်။ ဝယ်စုဖို့ရာမှာ လဲ ဒေါ်လာဈေးက မာနေတဲ့အတွက် ဈေးက သိပ်သက်သာရာရတယ်တော့ မဟုတ်ပါဘူး။

ဒီအချိန်မှာ ကြိုးစားရေးထားကျရင် sp တွေအများကြီးစုမိနေမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ရေးတဲ့သူနည်းလေလေ ကိုယ့်အတွက် များများရလေလေပါပဲ။ ဒီသဘောတရားကို သုံးပြီးတော့ ဆက်ရေးနေကြပါ။ ရလာတဲ့ အက်ဘီဒီကိုတော့ ဈေးပြန်တက်လာတဲ့ အချိန်မှာ ထုတ်ရောင်းကျပေါ့။

ပိုလန် ကွန်မြူနတီက မေးထားတဲ့ မွေးခွန်းတွေကို ဖြေမဲ့သူ မရှိတော့ရင်လဲ အဆင်ပြေသလိုပဲ ကြည့်ဖြေလိုက်ပါတော့မယ်။

အီးစတင်း နဲ့ပတ်သက်တဲ့ ဗုတ်တွေကိုလဲ ဆက်ပေးနေမှာပါ။ တစ်ကယ်လို့ အီးစတင်းနဲ့ ရေးပြီး ဗုတ်မရသေးတဲ့ သူတွေရှိရင်လဲ @aggamun, @nayhlaingsoe, @lwanwai တို့နဲ့ ဆက်သွယ်နိုင်ပါတယ်။ ကျွန်တော့်ဆီကိုလဲ ဆက်သွယ်လို့ရပါတယ်။ အဆင်ပြေတဲ့သူဆီ ဆက်သွယ်ကြပါ။

စတင်းပရက် ကိုသုံးချင်တဲ့သူတွေရှိရင်လဲ ကိုဘိုဘိုကျော်ကို မေးကြည့်နိုင်ပါတယ်။ ဒီအချိန်မှာ ၅ စတင်းဆိုတာက ဘယ်လောက်မှ မကျပါဘူး။ စမ်းကြည့်ပါ ရရင်တော့ အမြတ်ပေါ့ဗျာ။ မရရင်လဲ ၅ စတင်းပဲ ဆုံးမှာပါ။

ကျွန်တော်တို့လဲ ပရောဂျက်တစ်ခုလုပ်ဖို့ စဉ်းစားသင့်ပြီလို့ ထင်ပါတယ်။ အခြား ကွန်မြူနတီတွေနဲ့ နိုင်းယှဉ်ရင် အများကြီးနောက်ကို ကျန်နေတယ်လို့ထင်ပါတယ်။ ကို @minsoenaing, ကို @sawlwin တို့က e လိုရေးထားတာတွေကို ဘာသာပြန်ပေးနေလို့တော်ပါသေးတယ်။ ဒါပေမဲ့ ဒိထက်ပိုပြီး လုပ်ကြဖို့လိုတယ်လို့ ထင်ပါတယ်။ နောက်တစ်ပိုစ့်ကျတော့မှ အသေးစိတ်ဆက်ရေးပါတော့မယ်။