steemmonsters

Gold III ကို ရောက်ပြန်ပြီပေါ့ တစ်ခါ

ဒီတစ်ခါလဲ Gold III ကို ရောက်ပြန်ပြီ။ ကျွန်တော့် life summoner က rare level ၆ ဖြစ်နေတဲ့ အတွက် Gold III ကိုတော့ အလွယ်တကူရောက်နိုင်ပါတယ်။ အခြား စပရင်တာတွေနဲ့ ကတော့ မရောက်နိုင်ပါဘူး။ ဒါပေမဲ့ level ၄ rare summoner ရှိရင်တော့ Gold III ကိုရောက်နိုင်ပါတယ်။ အဲ့ ဒိထက် လယ်ဗယ် နိမ့်နေရင်တော့ ရောက်ဖို့က မလွယ်လှပါဘူး။ ကျွန်တော့်မှာ level ၄ rare summoner က စပရင်တာ နှစ်ခုမှာ ရှိပါတယ်။ မီးနဲ့ သစ်ရွက် တွေမှာ ရှိတာပါ။ သစ်ရွက်ကတော့ Spirit of the forest …

နောက်ထပ် အပြောင်းအလဲ တစ်ခု

အပြောင်းအလဲ တွေကတော့ အမြဲတမ်း ရှိနေမှာပါပဲ။ ဒီ တစ်ခါကတော့ ကောင်းတာနဲ့ မကောင်းတာနဲ့ တွဲနေပါတယ်။ WordPress ၅.၀ နဲ့ အတူ Gutenberg ကို ပုံသေအနေနဲ့ သုံးလာပါတယ်။ သုံးလို့တော့ ပိုကောင်းလာပါတယ်။ Steempress ကလဲ gutenberg ကို support လုပ်တယ်ဆိုတော့ သုံးရတာ ပိုအဆင်ပြေလာပါတယ်။ Gutenberg နဲ့ ပတ်သက်ပြီး လေ့လာစရာတွေတော့ အများကြီး ရှိပါသေးတယ်။ တဖြည်းဖြည်းနဲ့တော့ လေ့လာလို့ရလာမှာပါ။ မကောင်းတဲ့ အပြောင်းအလဲကတော့ SM က quest လုပ်တဲ့ အချိန်မှာ အရင်က beta version က ကဒ်တွေကို ပေးနေပေမဲ့ အခုအချိန်မှာတော့ Rewarded Edition က ကဒ်တွေကို ထုတ်ပေးနေပါတယ်။ အရင်က …

SM ကဒ်များပေါင်းစပ်ခြင်း

အခု Steemmonsters ရာသီသစ်အစမှာ စည်းမျည်းအသစ်တွေ ထပ်ပေါင်း ထည့်လိုက်တယ်ဆိုတာ SM ကစားတဲ့သူတိုင်း သိကြမယ်လို့ ထင်ပါတယ်။ တစ်ကယ်လို့ တစ်ယောက်ယောက် ကစားထားတာကို အခြား တစ်ယောက်ကို လွှဲလိုက်တယ် ဆိုရင် အဲ့ဒိလူက ငါးရက် အတွင်းမှာ ကစားလို့ မရပါဘူး။ ဒါပေမဲ့ လက်ရှိ ရှိနေတဲ့ ကဒ်တစ်ခုနဲ့ ပေါင်းမယ်ဆိုရင်ရော ဘယ်လိုဖြစ်လာမလဲ။ အဲ့ဒိ အကြောင်းကို သိချင်လို့ စမ်းသပ်ထားပါတယ်။ အဲ့ဒိ စမ်းသပ်ချက်က ဘယ်လိုများဖြစ်လာမလဲ။ အပေါ်ကပုံက မပေါင်းရသေးခင် ပုံပါ အောက်ကပုံကတော့ ပေါင်းစပ်ပြီးသားပုံဖြစ်ပါတယ်။ အပေါ်က ပုံမှာ ကျွန်တော့်ရဲ့ lvl ၆ ရှိတဲ့ Divine Healer ကို လက်ရှိ အချိန်မှာ ကစားလို့မရသေးတဲ့ ကဒ်တစ်ခုနဲ့ ပေါင်းမှာဖြစ်ပါတယ်။ အောက်ကကဒ်က …

တွေးမိတွေးရာ ရေးမိရေးရာ

ဒီနေ့တော့ ပင်လယ်ထဲမှာ လှိုင်းမူးနေတာနဲ့ ပိုစ့်မတင် ဖြစ်တော့ဘူး လို့တောင် ထင်နေတာ။ နောက်မှ အစဉ်အလာ မပျက်တင်လိုက် ဦးမှ ပါလို့ တွေးမိတာနဲ့ ဒီပိုစ့်ကို ရေးလိုက်တာပါ။ အင်္ဂလိပ်လိုတော့ assorted လို့ခေါ် မလားပဲ။ အခိျု့လူတွေက နေ့တိုင်းနီးပါးပိုစ့်တင်တယ်။ ဒါပေမဲ့ monthly author badge ကို မရဘူး။ ဘာဖြစ်လို့လဲ။ ကျွန်တော့်တို့က ပိုစ့်တင်တယ်ဆိုရင် ၂၄ နာရီအတွင်းဆိုရင် ပြီးပြီလို့ထင်နေတာ။ ဒါပေမဲ့ မဟုတ်ဖူးဗျ။ Steemit board က UTC+0 နဲ့ တွက်ပေးတာ။ အဲ့ဒိတော့ မနက် ၆ နာရီ ၃၀ ကနေ နောက်နေ့ မနက် ၆ နာရီ ၃၀ ကို တစ်ရက်လို့ သတ်မှတ်ပါတယ်။ …

Life Splinter အကြောင်းလေ့လာသုံးသပ်ခြင်း

Life စပရင်တာကတော့ ကျွန်တော့်ရဲ့ အကြိုက်ဆုံး စပရင်တာ တစ်ခုပဲဖြစ်ပါတယ်။ သူ့မှာ ဘာတွေ အားသာချက်ရှိနေသလဲ ဆိုတာကို လေ့လာကြည့်ကြရအောင်….  သုံးထပ် Heal လုပ်လို့ ရပါတယ်။ Summoner မှာ မွန်းစတားတွေကို ဒိုင်းကာ ထည့်ပေးနိုင်ပါတယ်။ အနီးပစ်နဲ့ အဝေးပစ်တွေကို တစ်ချက် အလဟဿဖြစ်အောင် လုပ်နိုင်ပါတယ်။ လယ်ဗယ် အနိမ့်မှာထဲက မှော်စွမ်းအားကို လျှော့နိုင်ပါတယ်။ နောက်ဆုံး ကတော့ သေပြီးသား မွန်းစတားကို ပြန်ရှင်သန်စေတာပါ။ ပြန်ရှင်သန် လာတဲ့ အချိန်မှာ သွေးက ၁ ပဲရှိပေမယ့် သူ့ရဲ့ စွမ်းရည် က နှစ်ဆတိုး လာပါတယ်။ သူ့အပေါ်မှာ ပဲတိုးတာပါ။ ဥပမာ Defender of truth ကို ပြန်အသက် သွင်းလိုက်တဲ့ အချိန်မှာ …

Earth Splinter ကို လေ့လာသုံးသပ်ခြင်း

Earth Splinter ကလဲ သုံးတတ်ရင်တော့ ကစားလို့ ကောင်းပါတယ်။ Lyanna Natura က အစွမ်းကတော့ မွန်းစတားတွေရဲ့ သွေးကို ၁ ပေါင်းထည့်ပေးတာပါ။ ဒီအချက်ကလဲ တိုက်ပွဲကို အလှည့်အပြောင်းဖြစ်သွားစေနိုင်ပါတယ်။ သူ့ရဲ့ အားသာချက်တွေက ဘာတွေများဖြစ်မလဲ။ မိမိကိုယ်ကို သွေးပြန်ဖြည့်နိုင်တဲ့ မွန်းစတား နှစ်ကောင်ပါပါတယ်။ Flesh Golem + Earth Elemental သူများကို သွေးပြန်ဖြည့်နိုင်တဲ့ မွန်းစတား တစ်ကောင်ပါပါတယ်။ Spirit of the Forest သူများရဲ့ သွေးကို ၁ လျှော့နိုင်တဲ့ မွန်းစတား တစ်ကောင်ပါပါတယ်။ ဒီနှစ်ခု ပေါင်းလိုက်ရင် သွေး ကွာခြားချက်က ၂ ဖြစ်သွားပါပြီ။ ရန်သူရဲ့ နောက်ဆုံး မွန်းစတားကို မှော်နဲ့ တိုက်ခိုက် နိုင်ပါတယ်။ …

Steemmonsters ရဲ့ စည်းမျည်းအသစ်များ

ဒီပိုစ့်မှာကတော့ အခုလက်ရှိ ရာသီ ၃ ခုမြောက်မှာ အသုံးပြုနေတဲ့ စည်းမျည်း အသစ်တွေကို ရေးသားသွားမှာဖြစ်ပါတယ်။ Aim Ture: အနီးပစ် နဲ့ အဝေးပစ်တွေရဲ့ ပစ်ခတ်မှုတွေ အကုန်လုံး ပစ်မှတ်ကို ထိပါတယ်။ အဲ့ဒိအတွက် dodge, flying စတဲ့ စွမ်းရည်တွေက အသုံးမကျပါဘူး။ အခြား mana တူပြီး သွေးများတာပဲဖြစ်ဖြစ် damage များတာပဲဖြစ်ဖြစ်ရှိခဲ့ရင် အဲ့ ဒိအကောင်ကို ဦးစားပေးရွေးချယ်သင့်ပါတယ်။ Back to Basics: မွန်းစတားတွေရဲ့ စွမ်းရည်တွေ အကုန်ဆုံးရှုံးပါတယ်။ ဥပမာ ချောင်းမြောင်းတိုက်နိုင်တဲ့ စွမ်းရည် သူတို့ဆီမှာ ရှိနေတဲ့ သွေး၊ dagame၊ ဒိုင်းကာ တွေကတော့ မဆုံးရှုံးပါဘူး။ Lost Legendaries: Legendary မွန်းစတားတွေကို တိုက်ပွဲမှာ ပါဝင်ခွင့်မပြုပါဘူး။ …

Steemmonster မှာ Champion League ကို ရောက်ခဲ့ပြီ

မနေ့ကတော့ SM မှာ Champion III ကို ရောက်ခဲ့ပါပြီ။ ကို ဘိုဘိုကျော်ကို အားကျမိတာနဲ့ ကြိုးစားကြည့်လိုက်တာပါ။ Champion II ကို ရောက်ဖို့တော့ ဆက်ကြိုးစားနေပါတယ်။ ဒါပေမဲ့ သူ့ဆီရောက်ဖို့က ဖလာ ငါးရာ လိုဦးမယ်ဆိုတော့ သိပ်တော့မလွယ်လှပါဘူး။ နောက်ပြီးတော့ သုံးပွဲနိုင်ရင် နှစ်ဆ ရတဲ့ streak bonus ကလဲ မရှိတော့ဘူးဆိုတော့ ဖလားရနှုန်းက တစ်ဝက်လောက်လျော့သွားပါတယ်။ Champion II ကို ရောက်ခဲ့ရင် ၂၅ ဘုစတာ ပက် ရမှာဖြစ်ပါတယ်။ ကဒ်အနေနဲ့ ဆိုရင်တော့ ၇၅ ကဒ်ရမှာဖြစ်ပါတယ်။ ရာသီကုန်သွားရင်တော့ ဖလား ၂၆၀၀ ကနေ ပြန်စမှာဖြစ်ပါတယ်။ ပြိုင်ပွဲအနေနဲ့ဆိုရင်တော့ Gold I ကနေပြန်စမှာဖြစ်ပါတယ်။ အောက်ပိုင်းမှာ နေ့တိုင်းတိုက်နေရင်လဲ …

Water Splinter ကိုလေ့လာသုံးသပ်ခြင်း

Water splinter က magic ကို အဓိကထားပါတယ်။ သူ့ရဲ့ summoner ဖြစ်တဲ့ Alric Strombringer က မွန်းစတားတွေရဲ့ magic ကို ၁ ပေါင်းထည့်ပေးပါတယ်။ ဒိအတွက် magic ကောင်အများစုနဲ့ သုံးရင် ပို အားသာစေရပါတယ်။ အားသာချက်များ နေရာစုံကို တိုက်ခိုက်နိုင်ပါတယ်။ magic ကို အဓိက အားပြုပါတယ်။ သူ့မှာ စွမ်းရည် အတော်များများပါနေတာကို တွေ့ရမှာပါ။ Medusa မှာ ရန်သူကို မူးနိုင်တဲ့ စွမ်းရည် ပါနေပါတယ်။ Water elemental မှာ ကိုယ့်ဘာသာ ကိုယ် သွေးပြန်ဖြည့်နိုင်ပါတယ်။ အာနည်းချက်များ Blast လုပ်နိုင်တဲ့ စွမ်းရည် မရှိပါဘူး Void နိုင်တဲ့ စွမ်းရည် မပါပါဘူး။ …

Fire Splinter ကိုလေ့လာ သုံးသပ်ခြင်း

Fire Splinter ၏ အားသာချက်များ ရန်သူ့ရဲ့ Tank ကို ချိုးနှိမ်ထားခြင်း နေရာစုံကို တိုက်ခိုက်နိုင်ခြင်း Melee ကောင်များအား damage ပေါင်းထည့်ပေးနိုင်ခြင်း Blasting စွမ်းရည်ရှိခြင်း Fire Splinter ၏ အားနည်းချက် Heal လုပ်နိုင်သည့် အကောင် မပါရှိခြင်း Fire Splinter မှာ Tank လေးကောင်ပါရှိပါသည်။ လေးကောင် စလုံးကလဲ ရန်သူ့ရဲ့ အနီး၊အဝေး တိုက်ခိုက်မှုတွေကို ခုခံနိုင်ဖို့ ရည်ရွယ်ပြုလုပ်ထားပါတယ်။ အဓိက ဇာတ်လိုက်ကတော့ Pit Orge ဖြစ်လာဖို့များပြီး ရန်သူ့ရဲ့ Tank ကို မူးအောင်လုပ်ထားနိုင်ပါတယ်။ သူ့ကို ထိတဲ့ အချိန်မှာ damage တိုးလာပါတယ်။ နောက်ဆုံး Level မှာ void စွမ်းရည်ပါပေါင်းထည့်ထားတဲ့ …

image_pdfimage_print