Abilities of Monsters

Monsters များရဲ့စွမ်းရည်များ

ကျွန်တော်ပြီးခဲ့တဲ့ပိုစ့်မှာ ကတိပေးခဲ့သလိုပဲ ဒီနေ့မှာတော့ monsters တွေရဲ့ စွမ်းရည်(ability)တွေနဲ့ပတ်သက်ပြီးရေးသားပေးမှာဖြစ်ပါတယ်။

Monster တွေမှာ သူ့ရဲ့ level နဲ့လိုက်ပြီးတော့ စွမ်းရည်တွေရရှိပါတယ်။ လယ်ဗယ် အမြင့်ဆုံးမှာကတော့ သူ့ရဲ့ စွမ်းရည်တွေ အကုန်လုံးကို ရရှိပါတယ်။ အများဆုံးရနိုင်တာကတော့ စွမ်းရည် ၄ မျိုးဖြစ်ပါတယ်။ ဥပမာ Angel of Light ဆိုရင် ပျံသန်းနိုင်စွမ်း၊ သူများကို သွေးပြန်ဖြည့်နိုင်စွမ်း၊ သူများကို အသက်ပြန်သွင်းနိုင်စွမ်းနဲ့ damage ကိုတိုးစေနိုင်တဲ့ စွမ်းရည်ရှိပါသည်။ သူများကို အသက်ပြန်ရှင်စေတဲ့ စွမ်းရည်ကတော့ ဂိမ်းတစ်ခုလုံးမှာ သူမဆီမှာပဲရှိပါတယ်။

နောက်တစ်ခုပြောချင်တာကတော shield ပါ။ ပါဝင်တဲ့ ရာခိုင်နှုန်းကို နှိုင်းယှဉ်ရင် အနီးကပ်နဲ့ အဝေးပစ်တွေက မှော်(magic သုံးတဲ့သူက ပိုများပါတယ်)။ Shield ကတော့ အဲ့ဒိ dagame နှစ်မျိုးစလုံးကို ၁ လျှော့ပေးပါတယ်။ အဲ့ဒိတော့ အဲ့ဒိ စွမ်းရည်က အတော်အသုံးဝင်တဲ့ စွမ်းရည်ဖြစ်ပါတယ်။ သူနဲ့ အလားတူ စွမ်းရည်ကတော့ Void ဖြစ်ပါတယ်။ သူကတော့ magical damage ကို ၁ လျှော့ပေးပါတယ်။ Alric Strombringer နဲ့ရင်ဆိုင်ရတဲ့ အခါမှာ သုံးမယ်ဆိုရင် ကောင်းမွန်ပါတယ်။

အခိျု့အကောင်တွေက သွေးပြန်ဖြည့်ပေးနိုင်ပါတယ်။ ဒီနေရာမှာ နှစ်မျိုးရှိပါတယ်။ ကိုယ့်ဘာသာကိုယ် ဖြည့်တာနဲ့ သူများကို ဖြည့်ပေးတာပါ။ Haunted Spirit လို အကောင်တွေကို ကိုယ့်ဘာသာကိုယ်သွေးပြန်ဖြည့်ပါတယ်။ Divine Healer လိုအကောင်တွေကတော့ သူများကို သွေးဖြည့်ပေးပါတယ်။

Weaken ဆိုတာကတော့ ရန်သူ့ရဲ့ သွေးကို တစ်ခုလျှော့ပေးပါတယ်။ သူ့ကို တန်ပြန်နိုင်တာကတော့ Lyanna Natura ရဲ့ စွမ်းရည်ပဲဖြစ်ပါတယ်။ Slow ကတော့ monster ရဲ့ လှုပ်ရှားနိုင်စွမ်းကို ၁ လျှော့ပေးပါတယ်။ ဘယ်သူက အရင်တိုက်ရမလဲ ဆိုတာကို monster ရဲ့ လှုပ်ရှားနိုင်စွမ်းနဲ့ တိုင်းတာတဲ့အတွက် အရင်ဆုံး တိုက်ခိုက်ရတဲ့သူက ပိုပြီး အသာရပါတယ်။

Rampage ကတော့ လွယ်လွယ်ပြောရရင် ကိုယ့်ကို လာထိရင် စိတ်ဆိုတယ်ပေါ့။ အဲ့ဒိအခါမှာ damage လဲတက်လာပါတယ်။ Naga Warrior, Clay Golem တို့မှာ တွေ့ရပါတယ်။ သူ့ရဲ့ သွေးလျော့သွားတာနဲ့ damage တက်လာပါတယ်။

Sneak ကိုလဲ မေ့ထားလို့မရပါဘူး။ Sneak ဆိုတာကတော့ ချောင်းတိုက်တာပါ။ နောက်ဆုံးမှာ ထားတဲ့အကောင်ကို တိုက်ပါတယ်။ သူကတော့ အနီးပစ်၊အဝေးပစ်မရွေးပါဘူး။ Snipe ဆိုတာကတော့ လက်ဖြောင့်တပ်သားပေါ့။ ရန်သူ့ရဲ့ အဝေးပစ်ကို အဓိက ထားတိုက်ပါတယ်။ တစ်ဖက်အသင်းမှာ snipe လုပ်တဲ့သူပါရင် ကိုယ့်ရဲ့ အဝေးပစ်သမားတွေ အရင်ကျကုန်ပါတယ်။

Magic reflection ရန်သူ့ရဲ့ maagic နဲ့ ပစ်တဲ့သူတွေကို သူတို့ပစ်တဲ့ magic ပြန်မှန်စေတာပါ။ အနီးပစ် အဝေးပစ် သမားတွေအတွက်ကတော့ retalitate ရှိပါတယ်။ သူ့ကိုထိတာနဲ့ ပြန်ချပါတယ်။ Magic reflection ကတော့ Magic သုံးတဲ့သူတွေကို ပြန်လည်တိုက်ခိုက်တာဖြစ်ပြီးတော့ retalitate ကတော့ physical damage သမားတွေကို တန်ပြန်တိုက်ခိုက်တာဖြစ်ပါတယ်။

Protect ဆိုတာကတော့ ကိုယ့်အကောင်တွေရဲ့ armor ကို ထပ်ပေါင်းပေးတာဖြစ်ပါတယ်။ Armor တစ်ခုထဲရှိနေပေမယ့် ရန်သူ့ရဲ့ attack ကိုကာကွယ်နိုင်ပါတယ်။ ဥပမာ ရန်သူရဲ့ damage က ၅ ဖြစ်နေတယ်ဆိုရင်တော့ armor တစ်ခုထဲနဲ့ ကာကွယ်နိုင်ပါတယ်။ ဒီနေရာမှာ ခြွင်းချက်တော့ ရှိပါတယ်။ Piercing ကတော့ armor ကိုဖောက်ပြီးတိုက်ခိုက်တာပါ။ ကိုယ့်အကောင့်က 3 damage ရှိတယ်ဆိုပါစို့။ ရန်သူ့အကောင့်မှာ armor တစ်ခုနဲ့ သွေးနှစ်ခုကျန်သေးတယ်ဆိုရင် သေပါတယ်။ Piercing မပါတဲ့အကောင်ဆိုရင်တော့ နှစ်ခါတိုက်ရမှာဖြစ်ပါတယ်။ Trample ဆိုတာကတော့ သူတိုက်လိုက်လို့ တစ်ကောင်သေသွားတာနဲ့ နောက်က အကောင်ကို ဆက်တိုက်ပါတယ်။ ရန်သူသေသွားတိုင်းသူ့မှာ တိုက်ခိုက်ဖို့အလှည့်တစ်လှည့်ပိုလာပါတယ်။

Inspire ကတော့ ကိုယ့်အကောင်ရဲ့ physical damage ကိုတိုးစေတာပါ။ အနီးပစ်ကိုပဲ တိုးပေးပါတယ်။ Splash ကတော့ သိပြီးသားဖြစ်မှာပါ။ ဘေးက monster ကိုပါ damage ထိပါတယ်။ Screaming banshee က magical, Fire Demon က physical damage ထိစေပါတယ်။

Stun ဆိုတာကတော့ မူးစေတာဖြစ်ပါတယ်။ မူးနေတဲ့သူက မတိုက်ခိုက်နိုင်ပါဘူး။ နောက်တစ်ခုကတော့ dodge ပါ။ အနီးပစ်နဲ့ အဝေးပစ်တွေကနေ လွဲချော်စေနိုင်ပါတယ်။ magic ကိုတော့ မရှောင်နိုင်ပါဘူး။

ကျွန်တော်ကျန်ခဲ့တဲ့ အချက်တွေရှိရင်လဲ မှတ်ချက်ပေးခဲ့နိုင်ပါတယ်။ နောက်ဆုံးအနေနဲ့ ညာဏ်စမ်းမေးမှာဖြစ်ပါတယ်။ မိမိတို့ နှစ်သက်တဲ့ splinter နဲ့ သူ့ရဲ့ ထူးခြားချက်ကဘာလဲ။ သူ့မှာ ဘယ်လိုစွမ်းရည်မျိုးမရှိဘူးလဲ။ ဘယ်လို ထူးခြားတဲ့ စွမ်းရည်မျိုး သူများဆီမှာ မရှိတဲ့ စွမ်းရည်ကို ပိုင်ဆိုင်ထားသလဲ။




အီးစတင်း အပ်ဗုတ် မရသူများ အတွက်

 

ဒီတစ်ခါတော့ သေသေချာချာ ရှင်းပြမှ ရတော့မယ်ထင်ပါတယ်။ အီးစတင်းက အပ်ဗုတ် ဘယ်လိုပေးသလဲ။ ကျွန်တော်က အပ်ဗုတ်ဘယ်လိုပေးသလဲ။ အပ်ဗုတ်ရအောင် ဘယ်လိုလုပ်ရမလဲ။ ပိုစ့်တင်ရင်ရော ဘယ်လိုအချိန်မှာ တင်သင့်သလဲ စတာတွေကို သေသေချာချာရှင်းပြဖို့လိုပြီထင်ပါတယ်။

### အီးစတင်းက အပ်ဗုတ် ဘယ်လိုပေးသလဲ။ ###

1. ကျွန်တော် ဗုတ်ပေးတဲ့ပိုစ့်တွေကို အီးတင်းကလိုက်ပြီးတော့ ဗုတ်ပေးပါတယ်။
2. ကျွန်တော်တင်မကပါဘူး။ အခြား ကူရေးရှင်းလုပ်တဲ့ သူတွေလဲ ရှိတဲ့အတွက် ကျွန်တော် ဗုတ်မပေးပေမဲ့လဲ ဗုတ်ရနိုင်ပါတယ်။
3. သူ ဗုတ် ပေးခဲ့တဲ့ အချိန် ၂၄ နာရီပြည့်မှ နောက်ထပ် ပိုစ့်တစ်ခုကို ဗုတ်ပေးပါတယ်။
4. အီးစတင်းကို သုံးပြီးရေးထားဖို့လိုပါတယ်။
5. အီးစတင်း ကို တက်တွဲထားဖို့လိုပါတယ်။ (ဒါကလဲ ရှာရလွယ်အောင်လို့ပါ။)

အပေါ်ကအချက်တွေကတော့ သူဗုတ်ပေးတဲ့အကြောင်းကိုပဲပြောတာဖြစ်ပါတယ်။ ဗုတ်မပေးတဲ့အချက်တွေနဲ့ ဗုတ်ပေးတဲ့ ရာခိုင်နှုန်းတွေကို ထည့်မပြောတော့ပါဘူး။

### ကျွန်တော်က အပ်ဗုတ်ဘယ်လိုပေးသလဲ။ ###
1. တစ်နေ့ကို တစ်ခါပဲပေးပါတယ်။ (ဒါကလဲ SP က နည်းနေတဲ့အတွက် အခြားသူတွေကိုပါ မျှမျှတတရစေလိုတဲ့အတွက်ဖြစ်ပါတယ်။)
2. နှစ်ဆယ့်လေးနာရီအတွင်းမှာ တစ်ခါပဲပေးပါတယ်။ ဒါပေမဲ့ အီးစတင်းလို နှစ်ဆယ့်လေးနာရီပြည့်မှမဟုတ်ပဲနဲ့ day by day ပဲပေးတယ်လို့ထင်ပါတယ်။ စတင်းအော်တို ဘယ်လိုအလုပ်လုပ်သလဲတော့ မသိပါဘူး။ ဥပမာ ၂၄ ရက်နေ့ဆိုရင် ၂၄ ရက်နေ့မှာ ဗုတ်တစ်ခုပဲရမှာဖြစ်ပါတယ်။ ဒါပေမဲ့ UTC နဲ့သတ်မှတ်တာလား။ လိုကယ်တိုင်းနဲ့ သတ်မှတ်တာလားတော့မသိပါဘူး။
3. ဗုတ်တင်းပါဝါရဲ့ ရှယ်ဆယ်ရာခိုင်နှုန်းအောက်ရောက်တာနဲ့ ဗုတ်ပေးတာရပ်သွားမှာ ဖြစ်ပါတယ်။

### အပ်ဗုတ်ရအောင် ဘယ်လိုလုပ်ရမလဲ။ ###
အီးစတင်းရဲ့ ဗုတ်ရအောင်က အခြေအနေ နှစ်ခုနဲ့ ကိုက်ညီဖို့လိုပါတယ်။ ပထမအချက်က အီးစတင်း ဗုတ်ပေးခဲ့တာ နှစ်ဆယ့်လေးနာရီပြည့်ရမယ်။ ဒုတိယအချက်က ကျွန်တော့်ရဲ့ ဗုတ်လဲ ရရမယ်။

ပထမအချက်က မဖြစ်မနေ ဖြစ်ပြီးတော့ ဒုတိယ အချက်ကတော့ တခါတလေမှာမလိုအပ်ပါဘူး။ ဒါပေမဲ့ နှစ်ခုစလုံးပြည့်စုံရင်တော့ ဗုတ်ရဖို့သေချာပါတယ်။

### ပိုစ့်တင်ရင်ရော ဘယ်လိုအချိန်မှာ တင်သင့်သလဲ ###
နေ့တစ်နေ့ရဲ့ ပထမဆုံးပိုစ့်က အီးစတင်းနဲ့ တင်သင့်ပါတယ်။ အဲ့ဒိနောက်ပိုင်းမှာ အခြားပိုစ့်တွေတင်ရင်လဲ ပြဿနာမရှိပါဘူး။ ဒီလိုမှ မဟုတ်ပဲနဲ့ အခြားပိုစ့်တွေကို အရင် တင်လိုက်ရင် အဲ့ဒိပိုစ့်ကို ကျွန်တော်က ဗုတ်ပေးပါလိမ့်မယ်။ ဒါဆိုရင် အီးစတင်းနဲ့ တင်တဲ့ပိုစ့်မှာ ဗုတ်မရနိုင်တော့ပါဘူး။ အဲ့ဒိလိုဆိုရင်တော့ အခြား ကူရိတ်တာကိုပဲ စောင့်ရတော့မှာဖြစ်ပါတယ်။

ဒီလိုဖြစ်ရတာကလဲ ကျွန်တော့်ပိုစ့်ကို tag နဲ့ ဗုတ်ပေးအောင် လုပ်မထားနိုင်လို့ပါ။ သူတို့ကတော့ အဆင့်မြင့်ပါတယ်။ ကျွန်တော်တို့ကတော့ စတင်းအော်တိုကိုပဲ သုံးရတဲ့ အတွက်ကိုယ်လိုချင်သလို ကွက်တိလုပ်ဆောင်လို့မရပဲဖြစ်နေပါတယ်။ ဒီပိုစ့်ကို သေသေချာချာဖတ် ပြီး ဒီအထဲက အကြံပေးချက်တွေကို လိုက်နာမယ်ဆိုရင်တော့ နောက်ထပ် အီးစတင်းရဲ့ ဗုတ်မရဘူးဆိုတာမရှိတော့ဘူးလို့ ယုံကြည်ပါတယ်။

P.S. ဒီကြားထဲမှာ မှ အီးစတင်း ရဲ့ ဗုတ်မရတာလဲ ဖြစ်နိုင်ပါသေးတယ်။ သူ့ရဲ့ ဘော့ ဒေါင်းနေရင်ပဲဖြစ်ဖြစ်၊ စတင်းအော်တို ဒေါင်းနေရင်ပဲဖြစ်ဖြစ် ဗုတ်မရပဲနဲ့ နေနိုင်ပါတယ်။

ဆန္ဒမွန်ဖြင့်
@mmunited




မြန်မာ ကွန်မြူနတီသို့တောင်း ပန်စာ

မြန်မာ ကွန်မြူနတီသို့တောင်း ပန်စ

ကျွန်တော် ဒီရက်ပိုင်းမှာ လိုင်းအသုံးပြုရတာ အဆင်မပြေတဲ့ အတွက် ကျွန်တော်တာဝန်ယူထားတဲ့ ကိစ္စအခိျု့ကို မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ အဲ့ဒါတွေကတော့ C2 အတွက် curation လုပ်ပေးတဲ့ ကိစ္စနဲ့ esteem အတွက် upvote ပေးတဲ့ကိစ္စတွေပဲဖြစ်ပါတယ်။ အဲ့ဒိအတွက် ကွန်မြူနတီကို တောင်းပန်တဲ့ ဒီပိုစ့်ကို ရေးခြင်းဖြစ်ပါတယ်။ ဘယ်သူကမှ တာဝန်ပေးထားခြင်းမရှိပေမယ့် ကျွန်တော်လုပ်ဆောင်ရမယ့်ကိစ္စတစ်ခုကို မလုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ကျွန်တော့်မှာတာဝန်ရှိပါတယ်။

eSteem အတွက် upvote ပေးတဲ့ကိစ္စကတော့ အလိုအလျှောက် မဲပေးတဲ့စနစ်မှာ ထားထားတဲ့အတွက် လူအတော်များများကိုမဲပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အခိျု့လူတွေအတွက်ကိုတော့ အခက်အခဲဖြစ်စေခဲ့ပါတယ်။ C2 ကတော့ ပိုဆိုးပါတယ်။ Discord ကို လုံးဝဝင်လို့မရတဲ့အတွက် မဲမပေးနိုင်ခဲ့ပါဘူး။

ကျွန်တော် အခုအချိန်မှာ offshore ကိုရောက်နေတာဖြစ်ပါတယ်။ ကမ်းလွန် ရေနံရှာဖွေရေး သင်္ဘောပေါ်ကိုရောက်နေတာဖြစ်ပါတယ်။ အင်တာနက် ကအလွန်ကိုနှေးပါတယ်။ အဲ့ဒိထက်ဆိုးတာက connection ကောင်းတဲ့ wifi ကို ကွန်ပြူတာနဲ့ ချိတ်လို့မရပါဘူး။ ချိတ်လို့ရတဲ့ wifi ကလဲ gmail ပဲသုံးလို့ရပါတယ်။ ကျန်တဲ့ ဝက်ဆိုက်တွေကို သွားလို့မရပါဘူး။ ဖုန်းနဲ့တော့ connection ကောင်းတဲ့ wifi ကို ချိတ်လို့ရပါတယ်။ ဒါပေမဲ့ steemit မှာ vote ပေးလို့ရလောက်အောင် တော့ မကောင်းပါဘူး။ အဲ့ဒိတော့ အခုအချိန်မှာ ကျွန်တော်အလိုအလျှောက်စနစ်နဲ့ပေးထားတဲ့ vote ကိုပဲရအောင်ယူဖို့ အကြံပေးချင်ပါတယ်။

### ဒါဆိုရင် ဘာဖြစ်လို့ ပိုစ့်တွေတင်နိုင်နေတာလဲ။ ###

ကျွန်တော်ပိုစ့်တင်နေတာက steemit ကိုသုံးပြီးတင်နေတာမဟုတ်ပါဘူး။ website တစ်ခုကနေတင်နေတာပါ။ အဲ့ဒိ website ကို သုံးတဲ့သူက နည်းနေတဲ့အတွက် ဝင်ဖို့အတွက် အခက်အခဲမရှိပါဘူး။ တစ်ကယ်လို့ အခက်အခဲရှိခဲ့ရင်တောင်မှ gmail ကနေ တစ်ဆင့်ပိုစ့်တင်လို့ရပါတယ်။ အဲ့ဒိလိုပါပဲ။facebook group တွေကိုလဲ gmail ကနေ ပိုစ့်တင်လို့ရပါ တယ်။ အခက်အခဲဖြစ်နေတာက Steemmonster ဆော့လို့မရတာပါ။ ရတော့ရတယ် connection နှေးနေတဲ့အတွက် အကြာကြီးစောင့်ပြီး ကစားရပါတယ်။ တစ်ပွဲဆော့ဖိုကို ဝင်လိုက်ထွက်လိုက် ကစားရပါတယ်။ ဒီညနေဆို တစ်ပွဲမှ မတိုက်လိုက်ရပါဘူး။ သူများတွေ quest တွေပြီးနေတာကို အားကျနေရုံပါပဲ။

နောက်ဆုံးတစ်ခုကတော့ @jacekw ရဲ့မေးခွန်းတွေက ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေကိုထောက်ပြသလိုများဖြစ်နေမလားလို့တွေးမိပါတယ်။ ကျွန်တော်တို့ဆီမှာ ဘယ်လို initiatives မျိုးမှ မရှိပါဘူး။ ကျွန်တော်လုပ်ထားတဲ့ giveaway တစ်ခုကလွဲလို့ပေါ့။ အနာဂတ်ကာလမှာ ဘယ်လိုမျိုးဆက်လက် လုပ်ဆောင်သွားမှာလဲ ဆိုတာကို သိချင်နေမိပါတယ်။ ဘယ်လို ပရောဂျက်မျိုးကို မြန်မာ ကွန်မြူနတီ အနေနဲ့ လုပ်ဆောင်နိုင်မလဲ ဆိုတာကို လဲ သိချင်နေမိပါတယ်။




Questions form @jacekw related to myanmar community

ဒီအကြောင်းအရာကို @aggamun က ကျွန်တော့်ကို ပြောပြခဲ့တာဖြစ်ပါတယ်။ @aggamun ကို credit ပေးပါတယ်။ ကျွန်တော့်မှာလဲ ရေးစရာတွေက ရှိနေတော့ ဒီပိုစ့်အကြောင်းကို ခြေဦးမလှည့်ဖြစ်ဘူး။ ဒီရက်ပိုင်းမှာ internet connectionu ကလဲ မကောင်းတော့ discord ကိုတောင် ဝင်လို့မရ ဖြစ်နေပါတယ်။ Vote ပေး comment ပေးလို့လဲ မရဘူး ဖြစ်နေပါတယ်။ ကျွန်တော်ပြောချင်တာတစ်ခုက လူတိုင်းကို တစ်နေ့ကို vote တစ်ခု ပဲပေးထားပါတယ်။ အခိျု့တွေက တစ်ရက်ထဲ ကို ပိုစ့်တစ်ခု အရင်တင်လိုက်တယ်။ ကျွန်တော်က vote ပေးလိုက်တယ်။ နောက်ပြီးတော့ မှ esteem နဲ့ထပ်တင်တယ်။ အဲ့ ဒိအချိန်မှာ ကျွန်တော့် vote က ပေးပြီးသားဖြစ်တဲ့အတွက် ထပ်မရတော့ပါဘူး။ ဒီအခြေအနေကို ရှောင်လွှဲဖို့ဆိုရင် esteem နဲ့ပိုစ့်တင်ပြီးမှ ကျန်တဲ့ပိုစ့်ကို တင်ပါလို့ အကြံပေးချင်ပါတယ်။ esteem နဲ့ပိုစ့်တင်တဲ့အခါမှာလဲ esteem နဲ့တင်တဲ့ ပိုစ့် နဲ့ တစ်ရက် တိတိခွာပြီးမှ နောက်ထပ်ပိုစ့်ကို တင်ပါလို့ ပြောချင်ပါတယ်။
@jacekw က သူ english ဘာသာစကား မသုံးတဲ့ community တွေကို လေ့လာခဲ့ပါတယ်။ အခြား community တွေကို လဲ မေးခွန်းတွေ မေးပြီးပါပြီ။ အခုအလှည့်ကတော့ မြန်မာ community အတွက် အလှည့်ပဲဖြစ်ပါတယ်။ ပထမဆုံး မြန်မာ community နဲ့ပတ်သက်ပြီး သူလေ့လာထားရသလောက်ကို ဖော်ပြထားပါတယ်။
မြန်မာ ကွန်မြူနတီက ပိုစ့် အနေနဲ့ စဉ်ရင် ပိုစ့်ပေါင်း ၂၃၀၀၃ ပိုစ့်နဲ့ နံပါတ် ၁၄ နေရာမှာ ရှိနေပါတယ်။ ဆုကြေးရရှိထားမှုမှာတော့ ၂၃၅၀၃ Steem နဲ့ နံပါတ် ၁၅ နေရာမှာ ရှိနေပါတယ်။ စာရေးသူပေါင်း ၁၅၄၉ ယောက်နဲ့ နံပါတ် ၁၅ နေရာမှာ ရှိနေပါတယ်။ ဒါကတော့ non-english ကွန်မြူနတီတွေကြားထဲမှာ နှိုင်းယှဉ်ကြည့်တာဖြစ်ပါတယ်။
အောက်မှာကတော့ သူမေးထားတဲ့ မေးခွန်းအခိျု့ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ သူပြန်ဖြေထားတာတွေလဲ ရှိပါတယ်။ ဥပမာ အနေနဲ့တော့ အဲ့ဒါတွေကိုတော့ မဖော်ပြတော့ပါဘူး။ ဒီအောက်ကပိုစ့်မှာ သွားကြည့်နိုင်ပါတယ်။
1. စာကြောင်းရေ အနည်းငယ်ကိုပဲသုံးပြီး ဖော်ပြရမယ်ဆိုရင် မြန်မာ ကွန်မြူနတီကို ဘယ်လိုဖော်ပြမလဲ။
2. မြန်မာ ပြည်မှာရှိတဲ့ steemit အသုံးပြုသူတွေထဲက ဘယ်သူတွေကတော့ လူသိအများဆုံးလဲ။( တစ်ယောက်ထက်ပိုနိုင်ပါတယ်။ သူကတော့ ဘယ်သူတွေက လူတွေရဲ့ အသိအမှတ်ပြုမှု အခံရဆုံးလဲလို့မေးထားပါတယ်။)
3. ဘယ် Steem ပရောဂျက်ကို မြန်မာ ကွန်မြူနတီက ပြုလုပ်ခဲ့ပါသလဲ။
4. မြန်မာ ကွန်မြူနတီမှာ witness ရှိလား။ ဘယ်သူလဲ။
5. မြန်မာ ကွန်မြူနတီဟာ ညီညွှတ်စွာနဲ့ ရှိနေသလား။ ဒါမှမဟုတ် အုပ်စုတွေအများကြီး ကွဲနေပါသလား။
6. ဘယ်လို အစပျိုးမှုမျိုး၊ အခြေခံမူနဲ့ သဘောတူညီချက်မျိုးကို မြန်မာ ကွန်မြူနတီအနေနဲ့ လုပ်ဆောင်ခဲ့ပါသလဲ(ဒီနေရာမှာ initiatives ဆိုတာကတော့ Steemit အတွက်ကို အစီအစဉ်တစ်ခုခုကို အစပျိုးခဲ့တာလို့ ဆိုလိုဟန်ရှိပါတယ်။ ဥပမာ ပြိုင်ပွဲတစ်ခုခု၊ ဒါမှမဟုတ် give away တစ်ခုခုကို ဆိုလိုဟန်တူပါတယ်။)
7. မြန်မာ ကွန်မြူနတီအတွက် အကြီးဆုံး ပြဿနာက ဘာလဲ။
8. မြန်မာပြည်မှာ လူကြိုက်အများဆုံး ဟင်းအမည် ကဘာလဲ။
>Questions
1. How would you describe the #myanmar community in a few sentences?
2. Which #myanmar users are most recognized on Steem?
3. What Steem projects have been created by people from your community?
4. Which witnesses come from the #myanmar community?
5. Does the #myanmar community stick together or is it divided into many groups?
6. What initiatives / principles / conventions have you developed?
7. What are the biggest problems of the #myanmar community?
8. What is the most popular dish from Mjanma? 🙂
ဒီမေးခွန်းတွေကို ကျွန်တော်တစ်ယောက်ထဲတော့ မဖြေချင်ပါဘူး။ မိတ်ဆွေတို့အနေနဲ့လဲ ပါဝင်ဖြေဆိုပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။

Ref Link : https://steemit.com/myanmar/@jacekw/meetcommunity-9-hello-myanmar-community-we-are-polish-community-we-would-like-to-know-more-about-you




Win Steemmonster of Your choice Giveaway 👊 No Upvote, No Resteem, No Follow Required!

This is a contest post supported by the contestkings. According to their rules there is no upvote, resteem and follow is needed. Only one comment is needed to participate in contest.

What is the prize?

I will write down a list of spare cards I have. I already reach certain level on this cards so I don’t need this right now. I want to share  my cards with others. You may choose the card you needed or you may choose the highest value card. The winner will get only one card from the list.

Monsters Name Splinter Rarity Market Price
Giant Roc Fire Common 0.05
Kobold Miner Fire Common 0.09
Fire Beetle Fire Common 0.07
Serpentine Solider Fire Rare 0.15
Pirate Captain Water Common 0.06
Flesh Golem Earth Common 0.14
Minotaur Warrior Earth Common 0.05
Earth Elemental Earth Rare 0.15
Stonesplitter Orc Earth Rare 0.1
Silvershield knight Life Common 0.05
Haunted Spider Death Common 0.07
Haunted Spirit Death Rare 0.16
Twisted Jester Death Rare 0.12
Undead Priest Death Rare 0.2

Disclaimer: This list will be updated contest by contest.

How do I enter?

Comment one monster name in the above list. Assuming your steemit name and steemmonster name is the same if it is different you may need to comment your steemmonster username.

Can I enter more than Once?

Only one entry per person.

The procedures of selecting the winner.

  1. Every participants will get a number according to their commenting time. eg first comment #1
  2. I will comment their entry number below their comment.
  3. I will use google random number generator to choose a winner.
  4. If there is only one participant I will give card to him.

What time you will get the card?

Participant will get the card after the payout.

Want to join Contestkings discord family?

Use: https://discord.gg/SMSNk7w to connect with our crew.

Disclaimer: Contest rules may change time by time.

 




My Entry for Pay It Forward Curation contest – Week 31

I love finding new under-valued Steemians and this contest is a great excuse to find fabulous bloggers whose post aren’t getting the attention they deserve. In case you aren’t aware, the Pay It Forward Curation Contest is a weekly challenge from @pifc to find bloggers to promote their good contents.

 

Here are this week’s selections – reputation 55 or under.

Selection 1 – @sembrandounpais (44)

Trichoderma Vs Champignon

I would like to choose different topic for this week. He is a spanish writer and his post is written using english language. This post contains very valuable information for mushrooms producers. I hope to see about Champiñón in his next post.

Trichoderma becomes an enemy of those who produce this crop. Ironically as long as there is presence of Trichoderma in the substrate of the Mushroom we can be sure that there will be no other pathogenic fungi in the same that affect our crop. But at the same time while there is a presence of Trichoderma we can be sure that our Mushrooms will not come through.

Please give some encourage to author.

Selection 2 – @libaws (rep 52)

Process pictures for my Sacred Deer.

He is a great artist I think. I like his scared deer. He makes only 27 posts within 8 months. He has a webiste and here is the link: http://www.artwork-liba.com/

 

 

Please give a heart to the author.

 

 

This is my selections for this week. Please visit and give them some of your love.

I wish the judges will also like my choice. Thanks for reading my post.

Disclaimer: All images has been taken from the reference sources.




ဒီပိုစ့်ကို သေသေချာချာလေး ဖတ်ပေးပါ

ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ပြဿနာတစ်ခုက စာတစ်ပုဒ်ကို သေသေချာချာမဖတ်တာပါပဲ။ ဒီပိုစ့်ကိုတော့ သေသေချာချာဖတ်စေချင်ပါတယ်။ အခုကျွန်တော်တို့ လုပ်ထားတဲ့စနစ်က အမည်ပျက်စာရင်းသွင်းခြင်းနဲ့ အလိုအလျှောက်မဲပေးခြင်း စတာတွေပေါ်ကို အခြေခံထားပါတယ်။ ကျွန်တော့်အနေနဲ့ ပိုစ့်တစ်ခုကို ကိုယ်တိုင်ဖတ်ပြီးမဲ(upvote)ပေးမယ်ဆိုရင် ကျွန်တော်အားတဲ့အချိန်မှပေးရတာဖြစ်တဲ့အတွက် ပိုစ့်တင်တဲ့အချိန်ကို အနည်းငယ် ကမောက်ကမဖြစ်စေပါတယ်။ အဲ့ဒိ အစား အလိုအလျှောက်မဲပေးတဲ့စနစ်ကို သုံးထားပါတယ်။ တစ်ဖက်ကလဲ copy/paste တွေဝင်လာမှာ စိုးရိမ်တဲ့အတွက် လူတွေကို စိစစ်ပြီးမှ အလိုအလျှောက်မဲပေးတဲ့စနစ်ထဲကို ထည့်သွင်းပါတယ်။ ပြီးတော့ အချိန်ရတဲ့အခါမှာ အဲ့ဒိ ပိုစ့်တွေကို ဖတ်ကြည့်ပြီးတော့ comment ပေးပါတယ်။ အလိုအလျှောက်မဲပေးခံရတဲ့သူတွေအနေနဲ့ကလဲ copy/paste တွေ မသုံးဖို့ တာဝန်ခံဖို့လိုပါတယ်။ Copy/paste သုံးတာမိရင် အလိုအလျှောက်မဲပေးစနစ်ကနေ ပယ်ဖျက်မှာဖြစ်ပါတယ်။ နောက်တစ်ကြီမ် ပြန်ပြီး မဲရဖို့ဆိုရင်တော့ အောက် က အချက်အလက်တွေကို လိုက်နာဖို့လိုပါတယ်။

ဒီနည်းလမ်းတွေကို လက်ရှိအချိန်မှာ Cheetah မှာ သုံးနေပါတယ်။

  • မိမိရဲ့ community ကို တောင်းပန်တဲ့ ပိုစ့်တစ်ခုတင်ပါ။ myanmar, esteem
  • မိမိ copy/paste လုပ်ထားတဲ့ ပိုစ့်လင့်ခ်တွေ အကုန်ထည့်ပါ။
  • အဲ့ဒိနောက်မှာ ခုနှစ်ရက်အတွင်းမှာ မိမိကိုယ်တိုင် ရေးထားတဲ့ ပိုစ့်ခုနှစ်ခုတင်ပါ။
  • အဲ့ဒါတွေလုပ်ပြီးသွားရင် ကျွန်တော်တို့ဆီကို လုပ်ပြီးသွားတဲ့အကြောင်းလာပြောပါ။

ကျွန်တော်တို့က စိစစ်ပြီး ပြန်လည်ရွေးချယ်သင့်တယ် ထင်ရင် အလိုအလျှောက်မဲပေးစနစ်ထဲကို ပြန်ထည့်ပေးမှာဖြစ်ပါတယ်။

အခုအချိန်မှာ အလိုအလျှောက်မဲပေးစနစ် ထဲကို ထည့်သွင်းထားတဲ့သူ ၂၆ ယောက်ရှိပါတယ်။ ၂၅ ယေက်ကတော့ ကို @lwanwai ရဲ့ ပိုစ့်မှာ ပါပါတယ်။ နောက်ထပ်ထည့်ထားတဲ့သူကတော့ @winko ဖြစ်ပါတယ်။

https://steemit.com/myanmar/@lwanwai/esteem-mwa-sa-ep-eyathathundefined-ab631ef67f12b

 

ကျွန်တော်တို့ရဲ့ စနစ်ကို ဘယ်လိုအကျိုးရှိအောင် အသုံးချမလဲ။

ကျွန်တော်တို့က အလိုအလျှောက်မဲပေးတဲ့ စနစ်ကို သုံးထားတာဖြစ်တဲ့အတွက် ပိုစ့်တင်ပြီး ၁၆ မိနစ်အကြာမှာ မဲစပေးမှာဖြစ်ပါ။( အနည်းဆုံး လူနှစ်ယောက်က မဲပေးထားဖို့လိုပါတယ်။) အခိျု့လူတွေကိုတော့ ပိုစ့်တင်ပြီး မိနစ် ၃၀ အကြာမှာမဲပေးနိုင်ဖို့ စီစဉ်ထားပါတယ်။
ဥပမာ ဒီနေ့ နံနက် ၉ နာရီမှာ ပိုစ့်တင်တယ်ဆိုရင် နောက်နေ့မနက် ၉ နာရီ ၅ မိနစ်မှာပိုစ့်တင်ပါ။ ဒါဆိုရင် နေ့တိုင်း esteem ရဲ့ မဲ ရမှာဖြစ်ပါတယ်။ နောက်တစ်နေ့မှာ ၉ နာရီ ၁၀ မိနစ်မှာ ပိုစ့်တင်ပါ။ အသေးစိတ်သိချင်ရင် (ကျွန်တော်ရေးထားတာ မရှင်းရင်) @tunnaingwin ကိုမေးလို့ရပါတယ်။ သူဆိုနေ့တိုင်း မဲရပါတယ်။

ဒီနေရာမှာ ကိုယ်အားတဲ့အချိန်နဲ့ ပိုစ့်တင်ရမဲ့အချိန်က မကိုက်တာတွေကိုလဲ ကြုံရမှာဖြစ်ပါတယ်။ ဒါပေမဲ့ မပူပါနဲ့။ Esteem မှာ မိမိပိုစ့်တင်ချင်တဲ့အချိန်တင်လို့ ရတဲ့ စနစ်ပါပါတယ်။ ကျွန်တော်ကတော့ esteem surfer သုံးတဲ့အတွက် SS ကိုလဲ esteem surfer ကနေပဲယူပြထားပါတယ်။ Schedule ဆိုတာကို ရှာပြီး နှိပ်လိုက်ပါ။

နောက်တစ်ဆင့်မှာ select date ကိုနှိပ်ပါ။ပြီးတာနဲ့ ကိုယ်ပိုစ့်တင်ချင်တဲ့ အချိန်ကိုရွေးပါ။ eSteem က မြန်မာနိုင်ငံရဲ့ စံတော်ချိန်နဲ့ အလုပ်လုပ်တယ်လို့ထင်ပါတယ်။ နောက်တစ်ဆင့်မှာတော့ schedule ကို နှိပ်လိုက်ပါ။ ဒါဆို ရပါပြီ။

နောက်တစ်ခုကလဲ အရေးကြီးပါတယ်။ အဲ့ဒါကတော့ follower များဖို့ပဲဖြစ်ပါတယ်။ Follower များမှ တန်ဖိုးများတဲ့ မဲကို ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဆောင်ပုဒ်ကတော့ curation မှသည် community ဆီသို့ဖြစ်ပါတယ်။ eSteem သုံးတဲ့သူတွေ တိုင်းဟာ မိမိတို့ပါဝင်နေတဲ့ အဖွဲ့အစည်းတွေကို upvote (မဖြစ်မနေ )ပေးရမယ်ဆိုတဲ့ အချက်ကို နားလည်ပါတယ်။ ဒါပေမဲ့ အခြား esteem သုံးတဲ့သူတွေကို follow လုပ်တာကိုတော့ ဘယ်အဖွဲ့အစည်းကမှ ကန့်ကွက်မယ်မထင်ပါဘူး။ အဲ့ဒိတော့ အခြား esteem သုံးတဲ့သူတွေကို follow လုပ်ပေးစေချင်ပါတယ်။ အပြန်အလှန် follow လုပ်ကြစေချင်ပါတယ်။

ဝေဖန်အကြံပြု ဆွေးနွေးလိုတဲ့အချက်တွေရှိရင် comment ရေးခဲ့လို့ရပါတယ်။ အလိုအလျှောက်မဲပေးတဲ့ စနစ်ထဲကို @ptcmyanmar ကို ပါထည့်သွင်းသွားမှာဖြစ်ပါတယ်။ စုစုပေါင်း ၂၇ ယောက်ရှိပါပြီ။




Steemit မှာ ယူနီကုဒ်နဲ့ရေးကြမလား

ဟိုတနေ့က @khaylay က သူ့ဖုန်းက xiaomi unicode နဲ့ဖြစ်နေလို့ စာဖတ်လို့မရဘူးလို့ မရဘူးလို့ပြောလာပါတယ်။ ကျွန်တော့်ဖုန်းကလဲ mi ပဲ ယူနီကုဒ်နဲ့ပဲ အဲ့ဒိတော့ ကျွန်တော်လဲ ဖတ်လို့မရပါဘူး။ ကွန်ပြူတာပေါ်မှာ esteem surfer တင်ထားတော့လဲ unicode နဲ့ဖြစ်နေလို့ ဖတ်လို့မရပါဘူး။ Chrome မှာပဲ zawgyi ကိုဖတ်လို့ရတယ်။ ဒါဆိုရင် comment တွေ ဘယ်လိုပေးသလဲလို့မေးစရာ ရှိလာပါတယ်။ Unicode နဲ့ရိုက်ပြီးတော့ zawgyi ကို ပြန်ပြောင်းပြီးတော့ပေးပါတယ်။ အခုကျွန်တော်သိချင်နေတာက ကျွန်တော်တို့လိုလူမျိုး ဘယ်နှစ်ယောက်လောက်ရှိသလဲ။

 

Image Source

တကယ်တော့ ကျွန်တော်တို့က လွယ်နေတာကို ခက်အောင်လုပ်နေကြတာပါ။ ကျွန်တော်တို့မှာ standard မရှိပါဘူး။ တကမ္ဘာလုံးက ယူနီကုဒ်ကို လက်ခံပါတယ်။ zawgyi ကိုလက်မခံပါဘူး။ အဲ့ဒိတော့ မြန်မာစာတွေကို သူတို့အနေနဲ့ ကြည့်လိုက်ရင် ဂြိုဟ်သားတွေရေးထားတဲ့ စာလုံးလို့ မြင်ရပါတယ်။ အခိျု့ကတော့ရေးသွားတယ်။ စာလုံးတွေက စိတ်ဝင်စားစရာ ကောင်းတယ်တဲ့။ နောက်တစ်ခုကတော့ google translate က မြန်မာလို ရေးထားတဲ့စာကို ဘာသာ ကောင်းကောင်းမပြန်နိုင်ပါဘူး။ အဲ့ဒိတော့ နိုင်ငံခြားသားတွေက မြန်မာလိုရေးထားတဲ့စာတွေကို ဖတ်လို့မရပါဘူး။ Zawgyi နဲ့ရေးထားရင် ပိုဆိုးပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ google က unicode ကိုပဲ ပံ့ပိုးပေးလို့ဖြစ်ပါတယ်။ unicode နဲ့ရေးထားရင်တောင် မှ google translate က မှန်အောင်ဘာသာမပြန်နိုင်ပါဘူး။ zawgyi နဲ့ဆိုရင်တော့ ဝေးရောပေါ့။

Zawgyi ကို သုံးတဲ့သူ အများစုက ဘာပြောသလဲဆိုတော့

  1. သုံးရတာလွယ်တယ်။
  2. လူအများက သုံးနေကြတယ်။
  3. လက်ကွက်မပြောင်းချင်ဘူး။
  4. ကိုယ်ရေးထားတဲ့ စာကို သူများ မဖတ်မှာ စိုးတယ်

 

  1. သုံးရတာ ယူနီကုဒ်က ပိုလွယ်ပါတယ်။ ဥပမာ။ zawgyi မှာဆိုရင် ရရစ်တွေ အများကြီးကို မှတ်သားထားဖို့လိုပါတယ်။ ယူနီကုဒ်မှာဆိုရင်တော့ ရရစ်တစ်ခုကိုပဲမှတ်ဖို့လိုပါတယ်။ Zawgyi မှာက ၀ နဲ့ ဝ နဲ့မကွဲပါဘူး။
  2. သူလဲ အရင်တုန်းက သုံးမဲ့သူမရှိပါဘူး။ Unicode ကိုလဲ စသုံးဖို့ပဲလိုပါတယ်။ သုံးတဲ့သူက တဖြည်းဖြည်းများလာမှာပါ။
  3. ဒါက ကျွန်ပြူတာသမားတွေပြောတဲ့စကားပါ။ ဖုန်းနဲ့စာရိုက်တဲ့သူကတော့ အတူတူပါပဲ။နောက်ပိုင်းမှာ zawgyi keyboard နဲ့တူတဲ့ keyboard တွေတောင် ထွက်လာတာတွေ့ရပါတယ်။
  4. Facebook မှာဆိုရင်တော့ အလိုအလျှောက်ပြောင်းပေးပါတယ်။ တစ်ကယ်လို့သုံးတဲ့သူ များလာရင်တော့လဲ website တွေက unicode ကို ပံ့ပိုးပေးလာမှာပါ။

Image Source

Xiao mi, Iphone, Samsung ဖုန်းတွေအကုန်လုံး စထုတ်တဲ့အချိန်မှာ unicode ကို support လုပ်ပါတယ်။ ကိုရွှေဗမာတွေက zawgyi ကို မရမက ပြောင်းပစ်ပါတယ်။ တစ်ခိျု့ဖုန်းတွေဆိုရင် root ဖောက်ပြီးတော့ကို ပြောင်းပစ်ပါတယ်။ အဲ့ဒိအတွက် ပိုက်ဆံလဲ ကုန်တယ်။ ကိုယ့်ဖုန်းအတွက်ပေးထားတဲ့ gurantee ကိုလဲ ပျက်သွားစေပါတယ်။ ကိုယ့်ရဲ့ privacy ကိုလဲ ကျိုးပျက်စေပါတယ်။ ကျွန်တော်တို့ zawgyi ကို မဖြစ်မနေသုံးဖို့လိုပါသလား။ ဒီအချိန်မှာကတော့ ဒီမေးခွန်းကို ဖြေရတော့မဲ့ အချိန်ပဲဖြစ်ပါတယ်။ မှားမှန်းသိနေရဲ့နဲ့ ဒီအမှားကို ဘယ်လောက်အထိ ထိန်းသိမ်းထားမှာလဲ။ မှားခွင့်ဆက်ပြုနေမှာလဲ။

ဘာ font နဲ့ပဲရေးရေး ကျွန်တော်တို့ကတော့ ပံ့ပိုးပေးနေမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်လိုလုပ်ရင် အနာဂတ်အတွက် ပိုမိုကောင်းမွန်စေမှာလဲ ဆိုတာကို စဉ်းစားကြစေလိုပါတယ်။

 




နောက်ထပ် အပြောင်းအလဲ တစ်ခု

C-squared မှာ ကျွန်တော်ရယ်၊ @aggamun, @nayhlaingsoe ရယ် @lwanwai တို့ရယ်က curator အဖြစ်ဆောင်ရွက်နေတယ်ဆိုတာ အတော်များမျာသိကြလိမ့်မယ်လို့ထင်ပါတယ်။ အဲ့ဒါတင်မကပါဘူး။ eSteem မှာလဲ ကျွန်တော်က educator အနေနဲ့ဆောင်ရွက်နေပါတယ်။

အခုအချိန်မှာတော့ ဒိထက်ပိုပြီး ဝင်ငွေတိုးဖို့ အတွက် ခြေလှမ်းလှမ်းနေပါပြီ။ သိပ်မကြာခင်တွေ့မြင်ရတော့မှာပါ။ အဲ့ဒိလိုဆိုရင်တော့ အခုလုပ်နေတဲ့ c-squared ရော esteem ရော ကျွန်တော့်အတွက် ဘာမှ အကျိုးအမြတ်မရှိတော့ပါဘူး။ အကုန်လုံးက ​စေတနာအလျှောက်လုပ်ဆောင်ပေးမှုပဲဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ကျွန်တော့်ရဲ့အဖွဲ့သားတွေကိုတော့ follow လုပ်ပေးခြင်းဖြင့် ကူညီပေးကြပါဦး။

နောက်တစ်ခုကတော့ engagement ပါ။ engagement ကိုသုံးပြီးတော့ကျွန်တော် ဒီနေရာအထိ တက်လှမ်းလာနိုင်ခဲ့ပါတယ်။ အဲ့ဒိတော့ တတ်နိုင်သလောက် comment ပေး upvote ပေးခြင်းဖြင့် သူများတွေရဲ့ အာရုံစူးစိုက်မှုကို ရရှိနိုင်ပါတယ်။ အဲ့ဒီတော့ အချိန်ရသရွေ့ engagement လုပ်ပေးကြပါ။ အခုအချိန်မှာ esteem upvote လဲပြန်ရနေပြီဖြစ်တဲ့အတွက် engagement ပြန်လည်လုပ်ဆောင်သင့်ပြီထင်ပါတယ်။ ဆရာကြီးအဆင့်မှ မရောက်သေးရင်တော့ engagement လုပ်ဖို့လိုပါတယ်။

နောက်ဆုံးတစ်ခုကတော့ steemmonsters ဂိမ်းပဲဖြစ်ပါတယ်။ ဒီဂိမ်းကအတော် စွဲလမ်းစေပါတယ်။ သူပေးထားတဲ့ ဆုကြေးကလဲ အတော်ကိုများပါတယ်။ တစ်လကို ဒေါ်လာ ၆၀ လောက်အထိရနိုင်ပါတယ်။ ဈေးကွက်ကလဲ ရှိနေပြီးသားပါ။ ဒီအကြောင်းကို နောက်နေ့မှာ ပိုစ့်တစ်ခုထပ်တင်ပေးပါ့မယ်။ booster pack ကိုဖွင့်လိုက်ပြီးတော့ အထဲက ကဒ် တစ်ခုချင်းစီကိုလဲ ရောင်းလို့ရပါတယ်။ ဒါမှ မဟုတ် pack အလိုက်လဲ ရောင်းလို့ရပါတယ်။ ဘယ်လိုရောင်းမလဲဆိုတာကတော့ ကိုယ့်ဘာသာကို ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ Booster pack ပဲရောင်းမယ်ဆိုရင် pack တစ်ခုကို ၁.၈ ဒေါ်လာလောက်တန်ပါတယ်။ အခိျု့တွေကျတော့လဲ card တွေကို ဝယ်ကြပါတယ်။ card ဝယ်တာက ဈေးကြီးပေမဲ့ လိုချင်တဲ့ကဒ်ကို တိုက်ရိုက်ရနိုင်ပါတယ်။ booster pack ကတော့ ကံကောင်းရင် အတော်ကို အဖိုးတန်တာတွေရနိုင်ပါတယ်။

အခိျု့ကဒ်တွေဆို card တစ်ခုကို ဆယ်ဒေါ်လာလောက်တန်ပါတယ်။ အခိျု့ကဒ်တွေကတော့ ၀.၀၅ လောက်ပဲတန်ပါတယ်။ ပျမ်းမျှတွက်ကြည့်ရင်တော့ ဖွင့်တာက ရှုံးပါတယ်။ ဒါပေမဲ့ကံကောင်းရင်တော့ တန်ဖိုးကြီးတဲ့ card ရနိုင်ပါတယ်။ အဲ့ဒိတော့ ကစားချင်တယ်ဆိုရင်တော့ ကျွန်တော်အများကြီးကူညီပေးနိုင်ပါတယ်။ ကျွန်တော့်ရဲ့ referral ဖြစ်နေဖို့တော့လိုပါတယ်။

https://steemmonsters.com?ref=mmunited

အပေါ်ကလင့်ခ်ကို သုံးပြီးမှတ်ပုံတင်ပေးပါ။ ၁၀ ဒေါ်လာတော့ အနည်းဆုံးရင်းရမှာဖြစ်ပါတယ်။ card တွေကိုရောင်းမယ်ဆိုရင်တော့ ဈေးကွက်ရှိပါတယ်။ ဈေးကွက်ပေါက်ဈေးထက် အနည်းငယ်လျှော့ပေးနိုင်ရင်တော့ ချက်ချင်းရောင်းထွက်မှာဖြစ်ပါတယ်။ cb ကနေလဲ ဆက်သွယ်နိုင်ပါတယ်။




Curation tool for myanmar curators #1

ဒီပိုစ့်မှာကတော့ curation tool တစ်ခုအကြောင်းရေးမှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ရွေးချယ်ပေးဖို့ တာဝန်ယူထားတာကတော့ esteem app ကိုသုံးပြီးရေးထားတဲ့၊ tag မှာ esteem ကိုထည့်ထားတဲ့၊ myanmar လိုရေးထားတဲ့ ပိုစ့်တွေပဲဖြစ်ပါတယ်။ myanmar အတော်များများကတော့ မြန်မာဆိုတဲ့ tag အောက်မှာရေးလေ့ရှိကြပါတယ်။ esteem သုံးတဲ့သူတွေကတော့ esteem ဆိုတဲ့ tag ကို ထည့်ကြပါတယ်။ ဒါပေမဲ့ ပြဿနာတစ်ခုက myanmar tag ကို ထည့်ထားတဲ့သူတွေကလဲ အများကြီးပဲ။ အဲ့ဒိလိုပဲ esteem tag ကိုထည့်ထားတဲ့သူတွေကလဲ အများကြီးပဲ။ အဲ့ဒိတော့ ပိုစ့်တွေကို ဘယ်လိုရှာရမလဲ။ ကျွန်တော်တို့ စဉ်းစားထားတာကတော့ #esteem-myanmar ဆိုတဲ့ tag ကို သုံးဖို့ပါ။ အဲ့ဒိ tag တစ်ခုကို ပိုစ့်မှာ ထည့်ပေးလိုက်တာနဲ့ ကျွန်တော်တို့ ရှာဖို့လွယ်သွားပါပြီ။ အဲ့ဒိတော့ tag နှစ်ခုလိုမှာဖြစ်ပါတယ်။ esteem နဲ့ esteem-myanmar ဆိုပြီးပဲဖြစ်ပါတယ်။

နောက်အစီအစဉ်တစ်ခုကတော့ အဲ့ဒိလို tag မထည့်ထားတဲ့သူအနေနဲ့ ကျွန်တော်တို့ရဲ့ ပိုစ့်အောက်မှာ comment လာပေးလို့ရပါတယ်။ အထူးသဖြင့် ကျွန်တော့်ပိုစ့်အောက်မှာပါ။ ပိုစ့်လင့်ခ်တော့ တိုက်ရိုက်မချပါနဲ့။ ကျွန်တော်ပိုစ့်တင်ထားပါတယ်။ စသဖြင့်ရေးပေးပါ။ eSteem ဆီကနေ upvote ပမာဏကြီးကြီးရဖို့ဆိုတာ ကိုယ့်ကို follow လုပ်နေတဲ့သူတွေရဲ့ SP နဲ့အများဆုံးသက်ဆိုင်ပါတယ်။ အဲ့ဒိအတွက် ကျွန်တော်တို့ ကို follow လုပ်သွားပေးပါ။ ကျွန်တော်တို့ကလဲ ပြန်ပြီး follow လုပ်ပေးမှာဖြစ်ပါတယ်။

ဒီနေ့ post မှာရေးချင်တာကတော့ curation tool တစ်ခုအကြောင်းပဲဖြစ်ပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပါပဲ myanmar tag ရော esteem tag ရော တွဲထားတဲ့ ပိုစ့်တစ်ခုကို ရှာရမှာဖြစ်ပါတယ်။ ဒါကတော့ လောလောဆယ်မှာ esteemmyanmar ဆိုတဲ့ tag ကို တွဲရမယ်ဆိုတာ မသိသေးတဲ့သူတွေအတွက်ဖြစ်ပါတယ်။

https://smults-search.appspot.com/

အပေါ်က လင့်ခ်ကို နှိပ်လိုက်ပါ။