steem

အီးစတင်း အပ်ဗုတ် မရသူများ အတွက်

  ဒီတစ်ခါတော့ သေသေချာချာ ရှင်းပြမှ ရတော့မယ်ထင်ပါတယ်။ အီးစတင်းက အပ်ဗုတ် ဘယ်လိုပေးသလဲ။ ကျွန်တော်က အပ်ဗုတ်ဘယ်လိုပေးသလဲ။ အပ်ဗုတ်ရအောင် ဘယ်လိုလုပ်ရမလဲ။ ပိုစ့်တင်ရင်ရော ဘယ်လိုအချိန်မှာ တင်သင့်သလဲ စတာတွေကို သေသေချာချာရှင်းပြဖို့လိုပြီထင်ပါတယ်။ ### အီးစတင်းက အပ်ဗုတ် ဘယ်လိုပေးသလဲ။ ### 1. ကျွန်တော် ဗုတ်ပေးတဲ့ပိုစ့်တွေကို အီးတင်းကလိုက်ပြီးတော့ ဗုတ်ပေးပါတယ်။ 2. ကျွန်တော်တင်မကပါဘူး။ အခြား ကူရေးရှင်းလုပ်တဲ့ သူတွေလဲ ရှိတဲ့အတွက် ကျွန်တော် ဗုတ်မပေးပေမဲ့လဲ ဗုတ်ရနိုင်ပါတယ်။ 3. သူ ဗုတ် ပေးခဲ့တဲ့ အချိန် ၂၄ နာရီပြည့်မှ နောက်ထပ် ပိုစ့်တစ်ခုကို ဗုတ်ပေးပါတယ်။ 4. အီးစတင်းကို သုံးပြီးရေးထားဖို့လိုပါတယ်။ 5. အီးစတင်း ကို တက်တွဲထားဖို့လိုပါတယ်။ (ဒါကလဲ ရှာရလွယ်အောင်လို့ပါ။) …

မြန်မာ ကွန်မြူနတီသို့တောင်း ပန်စာ

မြန်မာ ကွန်မြူနတီသို့တောင်း ပန်စ ကျွန်တော် ဒီရက်ပိုင်းမှာ လိုင်းအသုံးပြုရတာ အဆင်မပြေတဲ့ အတွက် ကျွန်တော်တာဝန်ယူထားတဲ့ ကိစ္စအခိျု့ကို မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ အဲ့ဒါတွေကတော့ C2 အတွက် curation လုပ်ပေးတဲ့ ကိစ္စနဲ့ esteem အတွက် upvote ပေးတဲ့ကိစ္စတွေပဲဖြစ်ပါတယ်။ အဲ့ဒိအတွက် ကွန်မြူနတီကို တောင်းပန်တဲ့ ဒီပိုစ့်ကို ရေးခြင်းဖြစ်ပါတယ်။ ဘယ်သူကမှ တာဝန်ပေးထားခြင်းမရှိပေမယ့် ကျွန်တော်လုပ်ဆောင်ရမယ့်ကိစ္စတစ်ခုကို မလုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ကျွန်တော့်မှာတာဝန်ရှိပါတယ်။ eSteem အတွက် upvote ပေးတဲ့ကိစ္စကတော့ အလိုအလျှောက် မဲပေးတဲ့စနစ်မှာ ထားထားတဲ့အတွက် လူအတော်များများကိုမဲပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အခိျု့လူတွေအတွက်ကိုတော့ အခက်အခဲဖြစ်စေခဲ့ပါတယ်။ C2 ကတော့ ပိုဆိုးပါတယ်။ Discord ကို လုံးဝဝင်လို့မရတဲ့အတွက် မဲမပေးနိုင်ခဲ့ပါဘူး။ ကျွန်တော် အခုအချိန်မှာ offshore ကိုရောက်နေတာဖြစ်ပါတယ်။ ကမ်းလွန် ရေနံရှာဖွေရေး …

Questions form @jacekw related to myanmar community

ဒီအကြောင်းအရာကို @aggamun က ကျွန်တော့်ကို ပြောပြခဲ့တာဖြစ်ပါတယ်။ @aggamun ကို credit ပေးပါတယ်။ ကျွန်တော့်မှာလဲ ရေးစရာတွေက ရှိနေတော့ ဒီပိုစ့်အကြောင်းကို ခြေဦးမလှည့်ဖြစ်ဘူး။ ဒီရက်ပိုင်းမှာ internet connectionu ကလဲ မကောင်းတော့ discord ကိုတောင် ဝင်လို့မရ ဖြစ်နေပါတယ်။ Vote ပေး comment ပေးလို့လဲ မရဘူး ဖြစ်နေပါတယ်။ ကျွန်တော်ပြောချင်တာတစ်ခုက လူတိုင်းကို တစ်နေ့ကို vote တစ်ခု ပဲပေးထားပါတယ်။ အခိျု့တွေက တစ်ရက်ထဲ ကို ပိုစ့်တစ်ခု အရင်တင်လိုက်တယ်။ ကျွန်တော်က vote ပေးလိုက်တယ်။ နောက်ပြီးတော့ မှ esteem နဲ့ထပ်တင်တယ်။ အဲ့ ဒိအချိန်မှာ ကျွန်တော့် vote က ပေးပြီးသားဖြစ်တဲ့အတွက် ထပ်မရတော့ပါဘူး။ ဒီအခြေအနေကို …

ဒီပိုစ့်ကို သေသေချာချာလေး ဖတ်ပေးပါ

ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ပြဿနာတစ်ခုက စာတစ်ပုဒ်ကို သေသေချာချာမဖတ်တာပါပဲ။ ဒီပိုစ့်ကိုတော့ သေသေချာချာဖတ်စေချင်ပါတယ်။ အခုကျွန်တော်တို့ လုပ်ထားတဲ့စနစ်က အမည်ပျက်စာရင်းသွင်းခြင်းနဲ့ အလိုအလျှောက်မဲပေးခြင်း စတာတွေပေါ်ကို အခြေခံထားပါတယ်။ ကျွန်တော့်အနေနဲ့ ပိုစ့်တစ်ခုကို ကိုယ်တိုင်ဖတ်ပြီးမဲ(upvote)ပေးမယ်ဆိုရင် ကျွန်တော်အားတဲ့အချိန်မှပေးရတာဖြစ်တဲ့အတွက် ပိုစ့်တင်တဲ့အချိန်ကို အနည်းငယ် ကမောက်ကမဖြစ်စေပါတယ်။ အဲ့ဒိ အစား အလိုအလျှောက်မဲပေးတဲ့စနစ်ကို သုံးထားပါတယ်။ တစ်ဖက်ကလဲ copy/paste တွေဝင်လာမှာ စိုးရိမ်တဲ့အတွက် လူတွေကို စိစစ်ပြီးမှ အလိုအလျှောက်မဲပေးတဲ့စနစ်ထဲကို ထည့်သွင်းပါတယ်။ ပြီးတော့ အချိန်ရတဲ့အခါမှာ အဲ့ဒိ ပိုစ့်တွေကို ဖတ်ကြည့်ပြီးတော့ comment ပေးပါတယ်။ အလိုအလျှောက်မဲပေးခံရတဲ့သူတွေအနေနဲ့ကလဲ copy/paste တွေ မသုံးဖို့ တာဝန်ခံဖို့လိုပါတယ်။ Copy/paste သုံးတာမိရင် အလိုအလျှောက်မဲပေးစနစ်ကနေ ပယ်ဖျက်မှာဖြစ်ပါတယ်။ နောက်တစ်ကြီမ် ပြန်ပြီး မဲရဖို့ဆိုရင်တော့ အောက် က အချက်အလက်တွေကို လိုက်နာဖို့လိုပါတယ်။ ဒီနည်းလမ်းတွေကို …

Steemit မှာ ယူနီကုဒ်နဲ့ရေးကြမလား

ဟိုတနေ့က @khaylay က သူ့ဖုန်းက xiaomi unicode နဲ့ဖြစ်နေလို့ စာဖတ်လို့မရဘူးလို့ မရဘူးလို့ပြောလာပါတယ်။ ကျွန်တော့်ဖုန်းကလဲ mi ပဲ ယူနီကုဒ်နဲ့ပဲ အဲ့ဒိတော့ ကျွန်တော်လဲ ဖတ်လို့မရပါဘူး။ ကွန်ပြူတာပေါ်မှာ esteem surfer တင်ထားတော့လဲ unicode နဲ့ဖြစ်နေလို့ ဖတ်လို့မရပါဘူး။ Chrome မှာပဲ zawgyi ကိုဖတ်လို့ရတယ်။ ဒါဆိုရင် comment တွေ ဘယ်လိုပေးသလဲလို့မေးစရာ ရှိလာပါတယ်။ Unicode နဲ့ရိုက်ပြီးတော့ zawgyi ကို ပြန်ပြောင်းပြီးတော့ပေးပါတယ်။ အခုကျွန်တော်သိချင်နေတာက ကျွန်တော်တို့လိုလူမျိုး ဘယ်နှစ်ယောက်လောက်ရှိသလဲ။   Image Source တကယ်တော့ ကျွန်တော်တို့က လွယ်နေတာကို ခက်အောင်လုပ်နေကြတာပါ။ ကျွန်တော်တို့မှာ standard မရှိပါဘူး။ တကမ္ဘာလုံးက ယူနီကုဒ်ကို လက်ခံပါတယ်။ zawgyi ကိုလက်မခံပါဘူး။ အဲ့ဒိတော့ …

နောက်ထပ် အပြောင်းအလဲ တစ်ခု

C-squared မှာ ကျွန်တော်ရယ်၊ @aggamun, @nayhlaingsoe ရယ် @lwanwai တို့ရယ်က curator အဖြစ်ဆောင်ရွက်နေတယ်ဆိုတာ အတော်များမျာသိကြလိမ့်မယ်လို့ထင်ပါတယ်။ အဲ့ဒါတင်မကပါဘူး။ eSteem မှာလဲ ကျွန်တော်က educator အနေနဲ့ဆောင်ရွက်နေပါတယ်။ အခုအချိန်မှာတော့ ဒိထက်ပိုပြီး ဝင်ငွေတိုးဖို့ အတွက် ခြေလှမ်းလှမ်းနေပါပြီ။ သိပ်မကြာခင်တွေ့မြင်ရတော့မှာပါ။ အဲ့ဒိလိုဆိုရင်တော့ အခုလုပ်နေတဲ့ c-squared ရော esteem ရော ကျွန်တော့်အတွက် ဘာမှ အကျိုးအမြတ်မရှိတော့ပါဘူး။ အကုန်လုံးက ​စေတနာအလျှောက်လုပ်ဆောင်ပေးမှုပဲဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ကျွန်တော့်ရဲ့အဖွဲ့သားတွေကိုတော့ follow လုပ်ပေးခြင်းဖြင့် ကူညီပေးကြပါဦး။ နောက်တစ်ခုကတော့ engagement ပါ။ engagement ကိုသုံးပြီးတော့ကျွန်တော် ဒီနေရာအထိ တက်လှမ်းလာနိုင်ခဲ့ပါတယ်။ အဲ့ဒိတော့ တတ်နိုင်သလောက် comment ပေး upvote ပေးခြင်းဖြင့် သူများတွေရဲ့ အာရုံစူးစိုက်မှုကို …

Curation tool for myanmar curators #1

ဒီပိုစ့်မှာကတော့ curation tool တစ်ခုအကြောင်းရေးမှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ရွေးချယ်ပေးဖို့ တာဝန်ယူထားတာကတော့ esteem app ကိုသုံးပြီးရေးထားတဲ့၊ tag မှာ esteem ကိုထည့်ထားတဲ့၊ myanmar လိုရေးထားတဲ့ ပိုစ့်တွေပဲဖြစ်ပါတယ်။ myanmar အတော်များများကတော့ မြန်မာဆိုတဲ့ tag အောက်မှာရေးလေ့ရှိကြပါတယ်။ esteem သုံးတဲ့သူတွေကတော့ esteem ဆိုတဲ့ tag ကို ထည့်ကြပါတယ်။ ဒါပေမဲ့ ပြဿနာတစ်ခုက myanmar tag ကို ထည့်ထားတဲ့သူတွေကလဲ အများကြီးပဲ။ အဲ့ဒိလိုပဲ esteem tag ကိုထည့်ထားတဲ့သူတွေကလဲ အများကြီးပဲ။ အဲ့ဒိတော့ ပိုစ့်တွေကို ဘယ်လိုရှာရမလဲ။ ကျွန်တော်တို့ စဉ်းစားထားတာကတော့ #esteem-myanmar ဆိုတဲ့ tag ကို သုံးဖို့ပါ။ အဲ့ဒိ tag တစ်ခုကို …

image_pdfimage_print