အီးစတင်း အပ်ဗုတ် မရသူများ အတွက်
ဒီတစ်ခါတော့ သေသေချာချာ ရှင်းပြမှ ရတော့မယ်ထင်ပါတယ်။ အီးစတင်းက အပ်ဗုတ် ဘယ်လိုပေးသလဲ။ ကျွန်တော်က အပ်ဗုတ်ဘယ်လိုပေးသလဲ။ အပ်ဗုတ်ရအောင် ဘယ်လိုလုပ်ရမလဲ။ ပိုစ့်တင်ရင်ရော ဘယ်လိုအချိန်မှာ တင်သင့်သလဲ စတာတွေကို သေသေချာချာရှင်းပြဖို့လိုပြီထင်ပါတယ်။
### အီးစတင်းက အပ်ဗုတ် ဘယ်လိုပေးသလဲ။ ###
1. ကျွန်တော် ဗုတ်ပေးတဲ့ပိုစ့်တွေကို အီးတင်းကလိုက်ပြီးတော့ ဗုတ်ပေးပါတယ်။
2. ကျွန်တော်တင်မကပါဘူး။ အခြား ကူရေးရှင်းလုပ်တဲ့ သူတွေလဲ ရှိတဲ့အတွက် ကျွန်တော် ဗုတ်မပေးပေမဲ့လဲ ဗုတ်ရနိုင်ပါတယ်။
3. သူ ဗုတ် ပေးခဲ့တဲ့ အချိန် ၂၄ နာရီပြည့်မှ နောက်ထပ် ပိုစ့်တစ်ခုကို ဗုတ်ပေးပါတယ်။
4. အီးစတင်းကို သုံးပြီးရေးထားဖို့လိုပါတယ်။
5. အီးစတင်း ကို တက်တွဲထားဖို့လိုပါတယ်။ (ဒါကလဲ ရှာရလွယ်အောင်လို့ပါ။)
အပေါ်ကအချက်တွေကတော့ သူဗုတ်ပေးတဲ့အကြောင်းကိုပဲပြောတာဖြစ်ပါတယ်။ ဗုတ်မပေးတဲ့အချက်တွေနဲ့ ဗုတ်ပေးတဲ့ ရာခိုင်နှုန်းတွေကို ထည့်မပြောတော့ပါဘူး။
### ကျွန်တော်က အပ်ဗုတ်ဘယ်လိုပေးသလဲ။ ###
1. တစ်နေ့ကို တစ်ခါပဲပေးပါတယ်။ (ဒါကလဲ SP က နည်းနေတဲ့အတွက် အခြားသူတွေကိုပါ မျှမျှတတရစေလိုတဲ့အတွက်ဖြစ်ပါတယ်။)
2. နှစ်ဆယ့်လေးနာရီအတွင်းမှာ တစ်ခါပဲပေးပါတယ်။ ဒါပေမဲ့ အီးစတင်းလို နှစ်ဆယ့်လေးနာရီပြည့်မှမဟုတ်ပဲနဲ့ day by day ပဲပေးတယ်လို့ထင်ပါတယ်။ စတင်းအော်တို ဘယ်လိုအလုပ်လုပ်သလဲတော့ မသိပါဘူး။ ဥပမာ ၂၄ ရက်နေ့ဆိုရင် ၂၄ ရက်နေ့မှာ ဗုတ်တစ်ခုပဲရမှာဖြစ်ပါတယ်။ ဒါပေမဲ့ UTC နဲ့သတ်မှတ်တာလား။ လိုကယ်တိုင်းနဲ့ သတ်မှတ်တာလားတော့မသိပါဘူး။
3. ဗုတ်တင်းပါဝါရဲ့ ရှယ်ဆယ်ရာခိုင်နှုန်းအောက်ရောက်တာနဲ့ ဗုတ်ပေးတာရပ်သွားမှာ ဖြစ်ပါတယ်။
### အပ်ဗုတ်ရအောင် ဘယ်လိုလုပ်ရမလဲ။ ###
အီးစတင်းရဲ့ ဗုတ်ရအောင်က အခြေအနေ နှစ်ခုနဲ့ ကိုက်ညီဖို့လိုပါတယ်။ ပထမအချက်က အီးစတင်း ဗုတ်ပေးခဲ့တာ နှစ်ဆယ့်လေးနာရီပြည့်ရမယ်။ ဒုတိယအချက်က ကျွန်တော့်ရဲ့ ဗုတ်လဲ ရရမယ်။
ပထမအချက်က မဖြစ်မနေ ဖြစ်ပြီးတော့ ဒုတိယ အချက်ကတော့ တခါတလေမှာမလိုအပ်ပါဘူး။ ဒါပေမဲ့ နှစ်ခုစလုံးပြည့်စုံရင်တော့ ဗုတ်ရဖို့သေချာပါတယ်။
### ပိုစ့်တင်ရင်ရော ဘယ်လိုအချိန်မှာ တင်သင့်သလဲ ###
နေ့တစ်နေ့ရဲ့ ပထမဆုံးပိုစ့်က အီးစတင်းနဲ့ တင်သင့်ပါတယ်။ အဲ့ဒိနောက်ပိုင်းမှာ အခြားပိုစ့်တွေတင်ရင်လဲ ပြဿနာမရှိပါဘူး။ ဒီလိုမှ မဟုတ်ပဲနဲ့ အခြားပိုစ့်တွေကို အရင် တင်လိုက်ရင် အဲ့ဒိပိုစ့်ကို ကျွန်တော်က ဗုတ်ပေးပါလိမ့်မယ်။ ဒါဆိုရင် အီးစတင်းနဲ့ တင်တဲ့ပိုစ့်မှာ ဗုတ်မရနိုင်တော့ပါဘူး။ အဲ့ဒိလိုဆိုရင်တော့ အခြား ကူရိတ်တာကိုပဲ စောင့်ရတော့မှာဖြစ်ပါတယ်။
ဒီလိုဖြစ်ရတာကလဲ ကျွန်တော့်ပိုစ့်ကို tag နဲ့ ဗုတ်ပေးအောင် လုပ်မထားနိုင်လို့ပါ။ သူတို့ကတော့ အဆင့်မြင့်ပါတယ်။ ကျွန်တော်တို့ကတော့ စတင်းအော်တိုကိုပဲ သုံးရတဲ့ အတွက်ကိုယ်လိုချင်သလို ကွက်တိလုပ်ဆောင်လို့မရပဲဖြစ်နေပါတယ်။ ဒီပိုစ့်ကို သေသေချာချာဖတ် ပြီး ဒီအထဲက အကြံပေးချက်တွေကို လိုက်နာမယ်ဆိုရင်တော့ နောက်ထပ် အီးစတင်းရဲ့ ဗုတ်မရဘူးဆိုတာမရှိတော့ဘူးလို့ ယုံကြည်ပါတယ်။
P.S. ဒီကြားထဲမှာ မှ အီးစတင်း ရဲ့ ဗုတ်မရတာလဲ ဖြစ်နိုင်ပါသေးတယ်။ သူ့ရဲ့ ဘော့ ဒေါင်းနေရင်ပဲဖြစ်ဖြစ်၊ စတင်းအော်တို ဒေါင်းနေရင်ပဲဖြစ်ဖြစ် ဗုတ်မရပဲနဲ့ နေနိုင်ပါတယ်။
ဆန္ဒမွန်ဖြင့်
@mmunited
Questions form @jacekw related to myanmar community
ဒီအကြောင်းအရာကို @aggamun က ကျွန်တော့်ကို ပြောပြခဲ့တာဖြစ်ပါတယ်။ @aggamun ကို credit ပေးပါတယ်။ ကျွန်တော့်မှာလဲ ရေးစရာတွေက ရှိနေတော့ ဒီပိုစ့်အကြောင်းကို ခြေဦးမလှည့်ဖြစ်ဘူး။ ဒီရက်ပိုင်းမှာ internet connectionu ကလဲ မကောင်းတော့ discord ကိုတောင် ဝင်လို့မရ ဖြစ်နေပါတယ်။ Vote ပေး comment ပေးလို့လဲ မရဘူး ဖြစ်နေပါတယ်။ ကျွန်တော်ပြောချင်တာတစ်ခုက လူတိုင်းကို တစ်နေ့ကို vote တစ်ခု ပဲပေးထားပါတယ်။ အခိျု့တွေက တစ်ရက်ထဲ ကို ပိုစ့်တစ်ခု အရင်တင်လိုက်တယ်။ ကျွန်တော်က vote ပေးလိုက်တယ်။ နောက်ပြီးတော့ မှ esteem နဲ့ထပ်တင်တယ်။ အဲ့ ဒိအချိန်မှာ ကျွန်တော့် vote က ပေးပြီးသားဖြစ်တဲ့အတွက် ထပ်မရတော့ပါဘူး။ ဒီအခြေအနေကို ရှောင်လွှဲဖို့ဆိုရင် esteem နဲ့ပိုစ့်တင်ပြီးမှ ကျန်တဲ့ပိုစ့်ကို တင်ပါလို့ အကြံပေးချင်ပါတယ်။ esteem နဲ့ပိုစ့်တင်တဲ့အခါမှာလဲ esteem နဲ့တင်တဲ့ ပိုစ့် နဲ့ တစ်ရက် တိတိခွာပြီးမှ နောက်ထပ်ပိုစ့်ကို တင်ပါလို့ ပြောချင်ပါတယ်။
@jacekw က သူ english ဘာသာစကား မသုံးတဲ့ community တွေကို လေ့လာခဲ့ပါတယ်။ အခြား community တွေကို လဲ မေးခွန်းတွေ မေးပြီးပါပြီ။ အခုအလှည့်ကတော့ မြန်မာ community အတွက် အလှည့်ပဲဖြစ်ပါတယ်။ ပထမဆုံး မြန်မာ community နဲ့ပတ်သက်ပြီး သူလေ့လာထားရသလောက်ကို ဖော်ပြထားပါတယ်။
မြန်မာ ကွန်မြူနတီက ပိုစ့် အနေနဲ့ စဉ်ရင် ပိုစ့်ပေါင်း ၂၃၀၀၃ ပိုစ့်နဲ့ နံပါတ် ၁၄ နေရာမှာ ရှိနေပါတယ်။ ဆုကြေးရရှိထားမှုမှာတော့ ၂၃၅၀၃ Steem နဲ့ နံပါတ် ၁၅ နေရာမှာ ရှိနေပါတယ်။ စာရေးသူပေါင်း ၁၅၄၉ ယောက်နဲ့ နံပါတ် ၁၅ နေရာမှာ ရှိနေပါတယ်။ ဒါကတော့ non-english ကွန်မြူနတီတွေကြားထဲမှာ နှိုင်းယှဉ်ကြည့်တာဖြစ်ပါတယ်။
အောက်မှာကတော့ သူမေးထားတဲ့ မေးခွန်းအခိျု့ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ သူပြန်ဖြေထားတာတွေလဲ ရှိပါတယ်။ ဥပမာ အနေနဲ့တော့ အဲ့ဒါတွေကိုတော့ မဖော်ပြတော့ပါဘူး။ ဒီအောက်ကပိုစ့်မှာ သွားကြည့်နိုင်ပါတယ်။
1. စာကြောင်းရေ အနည်းငယ်ကိုပဲသုံးပြီး ဖော်ပြရမယ်ဆိုရင် မြန်မာ ကွန်မြူနတီကို ဘယ်လိုဖော်ပြမလဲ။
2. မြန်မာ ပြည်မှာရှိတဲ့ steemit အသုံးပြုသူတွေထဲက ဘယ်သူတွေကတော့ လူသိအများဆုံးလဲ။( တစ်ယောက်ထက်ပိုနိုင်ပါတယ်။ သူကတော့ ဘယ်သူတွေက လူတွေရဲ့ အသိအမှတ်ပြုမှု အခံရဆုံးလဲလို့မေးထားပါတယ်။)
3. ဘယ် Steem ပရောဂျက်ကို မြန်မာ ကွန်မြူနတီက ပြုလုပ်ခဲ့ပါသလဲ။
4. မြန်မာ ကွန်မြူနတီမှာ witness ရှိလား။ ဘယ်သူလဲ။
5. မြန်မာ ကွန်မြူနတီဟာ ညီညွှတ်စွာနဲ့ ရှိနေသလား။ ဒါမှမဟုတ် အုပ်စုတွေအများကြီး ကွဲနေပါသလား။
6. ဘယ်လို အစပျိုးမှုမျိုး၊ အခြေခံမူနဲ့ သဘောတူညီချက်မျိုးကို မြန်မာ ကွန်မြူနတီအနေနဲ့ လုပ်ဆောင်ခဲ့ပါသလဲ(ဒီနေရာမှာ initiatives ဆိုတာကတော့ Steemit အတွက်ကို အစီအစဉ်တစ်ခုခုကို အစပျိုးခဲ့တာလို့ ဆိုလိုဟန်ရှိပါတယ်။ ဥပမာ ပြိုင်ပွဲတစ်ခုခု၊ ဒါမှမဟုတ် give away တစ်ခုခုကို ဆိုလိုဟန်တူပါတယ်။)
7. မြန်မာ ကွန်မြူနတီအတွက် အကြီးဆုံး ပြဿနာက ဘာလဲ။
8. မြန်မာပြည်မှာ လူကြိုက်အများဆုံး ဟင်းအမည် ကဘာလဲ။
>Questions
1. How would you describe the #myanmar community in a few sentences?
2. Which #myanmar users are most recognized on Steem?
3. What Steem projects have been created by people from your community?
4. Which witnesses come from the #myanmar community?
5. Does the #myanmar community stick together or is it divided into many groups?
6. What initiatives / principles / conventions have you developed?
7. What are the biggest problems of the #myanmar community?
8. What is the most popular dish from Mjanma? 🙂
ဒီမေးခွန်းတွေကို ကျွန်တော်တစ်ယောက်ထဲတော့ မဖြေချင်ပါဘူး။ မိတ်ဆွေတို့အနေနဲ့လဲ ပါဝင်ဖြေဆိုပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။
Ref Link : https://steemit.com/myanmar/@jacekw/meetcommunity-9-hello-myanmar-community-we-are-polish-community-we-would-like-to-know-more-about-you
How to trade steemmonsters cards
ကျွန်တော်က Steemmonsters ဂိမ်းကစားဖို့ပဲပြောနေတယ်။ ပိုက်ဆံဘယ်လောက်ရမယ်ပဲပြောနေတယ်။ ဒါပေမဲ့ ဘယ်လို အရောင်းအဝယ်လုပ်ရမလဲ ဆိုတာကို မပြောမိဘူး။ အခုပြောပြတော့မှာဖြစ်ပါတယ်။ အောက်ကပုံမှာပြထာသလို market ဆိုတဲ့နေရာကို နှိပ်လိုက်ပါ။ ဖုန်းနဲ့သုံးတာ ဆိုရင်တော့ ညာဘက်က dropdown menu ကိုနှိပ်လိုက်တာနဲ့ context menu တွေပေါ်လာမှာဖြစ်ပါတယ်။ အဲ့ဒိအထဲကမှ market ကိုနှိပ်လိုက်ပါ။
Editition ဆိုတဲ့နေရာမှာ beta ကိုရွေးပါ။ အဲ့ဒါဆိုရင် beta ကဒ်တွေပေါ်လာမှာဖြစ်ပါတယ်။ အဲ့ဒိအထဲကမှ ကိုယ်ရောင်းချင်တဲ့ ကဒ်ရဲ့ ဈေးနှုန်းကို စစ်ကြည့်ပါ။
Giant Roc ဆိုရင် cards တစ်ခုကို 0.04 တန်ကြေးရှိပါတယ်။ Malric Inferno ဆိုရင် 0.28 တန်ကြေးရှိပါတယ်။ ဒါက အနည်းဆုံးရောင်းဈေးပါ။ အများဆုံးရောင်းဈေးက ဒေါ်လာ ၄၀၀ ဖြစ်ပါတယ်။ ကျွန်တော်တို့ပုံမှန်ဆိုရင် Common card လေးခုနဲ့ Rare card တစ်ခုရလေ့ရှိပါတယ်။ အဲ့ဒိလိုဆိုရင် အားလုံးပေါင်းလိုက်ရင်တောင် တစ်ဒေါ်လာမပြည့်ပါဘူး။ ဒါပေမဲ့ကံကောင်းရင်တော့ Epic, Legendary, Gold foil စတာတွေပါရတတ်ပါတယ်။ Epic summoner ဆိုရင် ၂.၅ ဒေါ်လာလောက်တန်ပါတယ်။ Legendary ဆိုရင်တော့ ၅ ဒေါ်လာလောက်တန်ပါတယ်။ Epic Xander Foxwood ဆိုရင် 2.45 ဒေါ်လာတန်ပါတယ်။ Legendary Angel of Light ဆိုရင် ၄.၃၇ ဒေါ်လာတန်ပါတယ်။ Lord of Darkness ဆိုရင် ၃.၇၅ ဒေါ်လာတန်ပါတယ်။
Epic card တွေရဲ့ ဈေးကလဲ မနည်းပါဘူး။ Epic, Legendary နဲ့ Gold card တွေကို အစဉ်လိုက်ပြသွားမှာဖြစ်ပါတယ်။ Gold card ကတော့ ဘယ် rarity မှာမဆိုရှိပါတယ်။ Common ဆို lvl 4 ကျော်ပြီးတော့ rare ဆိုရင် lvl 3 ကျော်ပါတယ်။ သူက card တစ်ခုထဲနဲ့ကို တန်ဖိုးရှိနေတာပါ။ နောက်တစ်ခုကတော့ gold ဖြစ်နေလို့လဲ ပိုတန်ဖိုးကြီးပါတယ်။
Epic
Legendary
Gold Foil
Gold Foil တွေကတော့ ဈေးအကြီးဆုံးပါပဲ။အဲ့ဒိတော့ ဘယ်လိုရောင်းရမလဲ ဆိုတာကို ပြောမှာဖြစ်ပါတယ်။
ရောင်းတဲ့နေရာမှာ နည်းနှစ်နည်းရှိပါတယ်။ ပထမတစ်နည်းကတော့ သူများရောင်းတဲ့ဈေးထက် အနည်းငယ်လျှော့ရောင်းပါ။ ဒုတိယနည်းကတော့ သူများရောင်းတဲ့ဈေးထက် အနည်းငယ်တင်ထားပါ။ ပထမနည်းကတော့ မြန်မြန်ရောင်းထွက်ပါလိမ့်မယ်။ ဒုတိယနည်းကတော့ အချိန်အနည်းငယ်စောင့်ရမယ် ဒါပေမဲ့ ပိုက်ဆံပိုရမှာဖြစ်ပါတယ်။
ဥပမာ AOL ကိုရောင်းမယ်ဆိုပါစို့။ 4.38 လောက်နဲ့ရောင်းမယ်ဆိုရင် ဝယ်သူရှိလာတာနဲ့ တန်းပြီးတော့ ရောင်းထွက်မှာဖြစ်ပါတယ်။ ဒါမှမဟုတ် သိပ် အလျင်မလိုဘူးဆိုရင်တော့ ၄.၄ လောက်မှာထားပေးပါ။
Gold card Cyclops ကိုရောင်မယ်ဆိုပါစို့။ သူ့အပေါ်ကို ကလစ်နှိပ်လိုက်ပါ။ နောက်တစ်ဆင့်မှာကတော့ လေးထောင့်ကွက်လေးကို အမှန်ခြစ်လိုက်ပြီး Sell ကိုနှိပ်လိုက်ပါ။
Price (USD) ဆိုတဲ့နေရာမှာ ကိုယ်လိုချင်တဲ့ ဈေးကိုထည့်ပြီး Sell ကိုနှိပ်လိုက်ရင်ရပါပြီ
Curation tool for myanmar curators #1
ဒီပိုစ့်မှာကတော့ curation tool တစ်ခုအကြောင်းရေးမှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ရွေးချယ်ပေးဖို့ တာဝန်ယူထားတာကတော့ esteem app ကိုသုံးပြီးရေးထားတဲ့၊ tag မှာ esteem ကိုထည့်ထားတဲ့၊ myanmar လိုရေးထားတဲ့ ပိုစ့်တွေပဲဖြစ်ပါတယ်။ myanmar အတော်များများကတော့ မြန်မာဆိုတဲ့ tag အောက်မှာရေးလေ့ရှိကြပါတယ်။ esteem သုံးတဲ့သူတွေကတော့ esteem ဆိုတဲ့ tag ကို ထည့်ကြပါတယ်။ ဒါပေမဲ့ ပြဿနာတစ်ခုက myanmar tag ကို ထည့်ထားတဲ့သူတွေကလဲ အများကြီးပဲ။ အဲ့ဒိလိုပဲ esteem tag ကိုထည့်ထားတဲ့သူတွေကလဲ အများကြီးပဲ။ အဲ့ဒိတော့ ပိုစ့်တွေကို ဘယ်လိုရှာရမလဲ။ ကျွန်တော်တို့ စဉ်းစားထားတာကတော့ #esteem-myanmar ဆိုတဲ့ tag ကို သုံးဖို့ပါ။ အဲ့ဒိ tag တစ်ခုကို ပိုစ့်မှာ ထည့်ပေးလိုက်တာနဲ့ ကျွန်တော်တို့ ရှာဖို့လွယ်သွားပါပြီ။ အဲ့ဒိတော့ tag နှစ်ခုလိုမှာဖြစ်ပါတယ်။ esteem နဲ့ esteem-myanmar ဆိုပြီးပဲဖြစ်ပါတယ်။
နောက်အစီအစဉ်တစ်ခုကတော့ အဲ့ဒိလို tag မထည့်ထားတဲ့သူအနေနဲ့ ကျွန်တော်တို့ရဲ့ ပိုစ့်အောက်မှာ comment လာပေးလို့ရပါတယ်။ အထူးသဖြင့် ကျွန်တော့်ပိုစ့်အောက်မှာပါ။ ပိုစ့်လင့်ခ်တော့ တိုက်ရိုက်မချပါနဲ့။ ကျွန်တော်ပိုစ့်တင်ထားပါတယ်။ စသဖြင့်ရေးပေးပါ။ eSteem ဆီကနေ upvote ပမာဏကြီးကြီးရဖို့ဆိုတာ ကိုယ့်ကို follow လုပ်နေတဲ့သူတွေရဲ့ SP နဲ့အများဆုံးသက်ဆိုင်ပါတယ်။ အဲ့ဒိအတွက် ကျွန်တော်တို့ ကို follow လုပ်သွားပေးပါ။ ကျွန်တော်တို့ကလဲ ပြန်ပြီး follow လုပ်ပေးမှာဖြစ်ပါတယ်။
ဒီနေ့ post မှာရေးချင်တာကတော့ curation tool တစ်ခုအကြောင်းပဲဖြစ်ပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပါပဲ myanmar tag ရော esteem tag ရော တွဲထားတဲ့ ပိုစ့်တစ်ခုကို ရှာရမှာဖြစ်ပါတယ်။ ဒါကတော့ လောလောဆယ်မှာ esteemmyanmar ဆိုတဲ့ tag ကို တွဲရမယ်ဆိုတာ မသိသေးတဲ့သူတွေအတွက်ဖြစ်ပါတယ်။
https://smults-search.appspot.com/
အပေါ်က လင့်ခ်ကို နှိပ်လိုက်ပါ။
အီးစတင်းကို ပြန်လည်သုံးစွဲကြပါစို့
တချိန်တုန်းက ဆိုရင်တော့ အီးစတင်းကို မြန်မာလူမျိုးတွေ သုံးစွဲကြတာအတော့်ကိုများပါတယ်။ အခုအချိန်မှာတော့ အရမ်းကို နည်းသွားခဲ့ပါပြီ။ အီးစတင်းရဲ့ upvote က အရင်ကလောက် တန်ကြေးမရှိတော့တာရယ်၊ နောက်ပြီးတော့ အီးစတင်းက မဲမပေးတော့တာရယ်ကြောင့်ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေကလဲ အီးစတင်းကို သုံးပြီး copy/paste တွေတင်တာများလာတယ်။ အကောင့်တုတွေ လုပ်ပြီး အီးစတင်းကို မဟုတ်တဲ့နေရာတွေမှာ အသုံးချလာတာတွေကြောင့်ဖြစ်ပါတယ်။ ဒီအတွက် ကြောင့် မြန်မာတွေကို နိုင်ငံခြားသားတွေက အထင်သေးအမြင်သေးဖြစ်လာပါတယ်။
နောက်တစ်ချက်ကတော့ အီးစတင်းဆီက မဲမှမရဘူးဆိုရင်တော့ အီးစတင်းနဲမရေးကြပါဘူး။ သူ့ကို ၁၀%ပေးရမှာစိုးတဲ့အတွက်ဖြစ်ပါတယ်။ အရင်ဆုံး မရင်းနှီးချင်တဲ့အတွက် ဖြစ်ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ ပါတီကို ဆိုတဲ့ အက်ပ်ပေါ်လာတဲ့အတွက်လဲ အီးစတင်းကို သုံးတာနည်းသွားပါတယ်။ အဲ့ဒိ အက်ပ်က ကိုယ်သုံးရင်သုံးသလောက်ကို ပွိုင့်တွေရပါတယ်။ အဲ့ဒိပွိုင့်တွေနဲ့ မဲပြန်ဝယ်လို့ရပါတယ်။
Source Link
ဒါဆို ဘာဖြစ်လို့ အီးစတင်းဘက်ကို ပြန်လှည့်သင့်တာလဲ ဆိုတာ မေးစရာရှိလာပါပြီ။ အခုအချိန်မှာ အီးစတင်းအက်ပ်ကို ကမ္ဘာမှာပါသုံးတာနည်းလာပါတယ်။ ဒါက မြန်မာတွေအတွက် အခွင့်ကောင်းပါ။ ဒီအခွင့်အရေးကို ဆုပ်ကိုင်နိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့အတွက် စာရေးရကြိုးနပ်စေမှာဖြစ်ပါတယ်။ ကျွန်တော်တို့လုပ်ရမှာက အီးစတင်း အက်ပ်ကိုသုံးပြီးတော့ ကောင်းမွန်တဲ့စာတွေကို ရေးပေးဖို့ပဲလိုပါတယ်။ ကျွန်တော်တို့မှာ အဖွဲ့ရှိပါတယ်။ @aggamun, @nayhlaingsoe တို့ပဲဖြစ်ပါတယ်။ သိပ်မကြာခင်မှာ နောက်ထပ်လူတစ်ယောက်ထပ်တို့ဦးမှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ တစ်နေ့ကို လူအယောက်နှစ်ဆယ်လောက်အထိရွေးချယ်ပြီး မဲပေးသွားဖို့ရှိပါတယ်။
ဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူး။
နောက်ထပ်ဆုကြေးတွေလဲ ရှိပါသေးတယ်။ အဲ့ဒါတွေကတော့ ပိုစ့်နဲ့မှတ်ချက်အများဆုံးရေးနိုင်တဲ့သူကို ၁၅ SBD ပေးပါတယ်။ ဒုတိယကို ၁၀ နဲ့ တတိယကို ၅ SBD ပေးပါတယ်။ အဲ့ဒိလိုပဲ ပိုစ့်အများဆုံးတင်နိုင်တဲ့သူ သုံးယောက်ကိုလဲ အပေါ်ကလိုပဲပေးပါတယ်။ Earning အများဆုံးရတဲ့သူသုံးယောက်ကိုလဲ အပေါ်ကလိုပဲပေးပါတယ်။ လတိုင်းပေးသွားတာဖြစ်ပါတယ်။
တစ်ကယ်လို့ဒီအစီအစဉ်ကို စနိုင်ခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့ မြန်မာတွေအတွက် သီးသန့်ဆုကြေးတွေလဲ ထပ်မံရရှိဦးမှာဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ မကြာခင်မှာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
Source Link
ကျွန်တော့်ရည်မှန်းချက်ကတော့ အီးစတင်း တက္ကသိုလ်အထိသွားဖို့ဖြစ်ပါတယ်။ အခြားနိုင်ငံတွေမှာတော့ လုပ်နေကြပါပြီ။ ကျွန်တော်တို့ပဲနောက်ကျနေခဲ့တာပါ။ အခုလောလောဆယ်မှာ အီးစတင်း အသုံးပြုတဲ့သူ အယောက်လေးဆယ်လောက်ရှိတယ်လို့ခန့်မှန်းမိပါတယ်။ ဒါက အရမ်းကို နည်းပါတယ်။ သိပ်မကြာခင်မှာ ဒိထက်ပိုပြီး သုံးစွဲလာကြမယ်လို့ ယုံကြည်မိပါတယ်။ ကျွန်တော်တို့ ဘယ်လောက်အထိ လုပ်နိုင်မလဲ ဆိုတာ ဆက်လက် ကြိုးစားကြရအောင် လားခင်ဗျာ။ ကျွန်တော် curator တွေ အတွက် အီးစတင်း ဆပ် အကြောင်းကို ရေးသားဦးမှာဖြစ်ပါတယ်။ အခုလိုမျိုး အဆုံးအထိ ဖတ်ပေးတဲ့အတွက် ကျေးဇူး အထူးတင်မိပါတယ်။
One month statistics for @mmunited #3
Steemit လုပ်တာ ဒီနေ့နဲ့ဆို သုံးလပြည့်ပါပြီ။ ရက်အားဖြင့် 91 ရက်ပါ။ တစ်ကယ်ဆိုရင်တော့ 92 ရက်မှ ပြည့်မှာပါ။ ဒါပေမဲ့ တစ်ရက်စောပြီးတင်လိုက်ပါတယ်။
Outgoing Votes
Outgoing vote ကတော့ ၁၃၁ vote ရှိပါတယ်။ ကိုယ့်ကိုကိုယ် vote ပြန်ပေးထားတာမရှိပါဘူး။
No. Voters Percent Upvote
1 @dpakyaw 9.4
2 @sanhtun 7.6
3 @bobokyaw 7.4
4 @mamamyanmar 7.2
5 @minsoenaing 6.8
Incoming Votes
Self vote ကလုံးဝမရှိပါဘူး။ ကျွန်တော့်ကို upvote ပေးတဲ့သူ ၃၇၄ ယောက်ရှိပါတယ်။ အဓိက vote ပေးတာကတော့ @steemmonsters, @steem-plus, @jarunik စတာတို့ပဲဖြစ်ပါတယ်။ @steempress-io, @steem-ua စတာတွေကတော့မပါပါဘူး။ နောက် chart တစ်ခုမှာ ကြည့်ရမှာဖြစ်ပါတယ်။
No Votees Percent upvote
1 @steemmonsters 25.8
2 @steem-plus 24.4
3 @jarunik 4.2
4 @dpakyaw 4.2
Top Voters
ဒါကတော့ ပိုတိကျမယ်ထင်ပါတယ်။ @steempress-io,@steem-plus, @steemmonsters, @steem-ua, @dpakayw စတာတွေကတော့ ကျွန်တော့်ကို upvote အများဆုံးပေးတဲ့သူတွေပဲဖြစ်ပါတယ်။
General Data
Steem Power
Owned/Delegated/Leased
411.39 120 120
Vote Amount
100%/75%/50%
0.02 0.02 0.01
Followers/Following 302 273
Reputation 56.182
Post counts
Posts/Comments
111 1168
Vote counts
Outs/Ins
1100 7729
Rewards
Rewards Curation SP Author SP Steem SBD Total USD
All Time 2.13 183.95
Last 30 Days 1.32 38.51 4.47 27.26 64.19
Last 7 Days 0.32 12.49 0 10.12 20.77
တစ်လအတွင်းမှာ SP တိုးနှုန်းက 30 လောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ နောက်လမှာလဲ အဲ့ဒိလောက်ပဲရှိမယ်လို့ထင်ပါတယ်။ အခြား SP များတဲ့သူတွေဆီက upvote မရရင်တော့ ဒီအတိုင်းပဲသွားနေမှာပါ။ နောက်လမှာတော့ upvote နဲ့ comment တွေပိုများလာမယ်လို့ထင်ပါတယ်။
နိုင်ငံခြားသားတွေအနေနဲ့ မြန်မာစာကို မဖတ်တတ်ပါဘူး။ အဲ့ဒိတော့ ပိုစ့်မှာ vote ပေးတဲ့သူများနေဖို့ comment တွေများနေဖို့ပဲလိုပါတယ်။ ဒါဆိုရင် support တွေက အလိုလို ရလာမှာပါ။
Future Plan
အခုအချိန်မှာတော့ C<sup>2</sup> မှာ မြန်မာ channel တစ်ခုရနေပြီဖြစ်ပါတယ်။ upvote ကို လဲ ကိုယ့်ဘာသာပေးလို့ရနေပါပြီ။ သိပ်မကြာခင်မှာ esteem မှာလဲ အလားတူလုပ်ဆောင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဒီအတွက်တော့ မြန်မာ စတီးမစ် မိသားစုတွေရဲ့ ပူးပေါင်းကူညီဆောင်ရွက်ပေးမှုတွေ လိုပါတယ်။ esteem app ကို သုံးပြီးပိုစ့်တွေရေးပေးဖို့၊ quality ပိုစ့်တွေ ရေးပေးဖို့ စတာတွေပဲဖြစ်ပါတယ်။ ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့
Please ignore @automation, @banjo and @cleverbot.
Mono Sodium Glutamate(MSG)
ခေါင်းကိုက်ခြင်း
မျက်နှာရဲလာခြင်း
ချွေးထွက်ခြင်း
ရင်ဘတ်နာခြင်း
မောပန်းလွယ်ခြင်း
Unicode
မြန်မာလိုတော့ဟင်းချို့မှုန့်၊ဒါမှမဟုတ် အချိုမှုန့်လို့ခေါ်ပါတယ်။ အချိုမှုန့်စားရင် အန္တရာယ်ရှိသလား။
သာမန်စားတဲ့ပမာဏကိုပဲစားရင် အန္တရာယ်မရှိဘူးလို့ FDA ကဆိုပါတယ်။ဒါပေမဲ့ အချို့လူတွေမှာ အောက်ပါလက္ခဏာတွေတော့တွေ့နိုင်ပါသေးတယ်။
ခေါင်းကိုက်ခြင်း
မျက်နှာရဲလာခြင်း
ချွေးထွက်ခြင်း
မျက်နှာထူအမ်းလာခြင်း
မျက်နှာနှင့်အခြားနေရာများ ရောင်ရမ်းနီရဲလာခြင်း
နှလုံးခုန်မမှန်ခြင်း၊ နှလုံးခုန်မြန်လာခြင်း
ရင်ဘတ်နာခြင်း
မောပန်းလွယ်ခြင်း
အဲ့ဒိလိုဖြစ်တတ်တဲ့သူတွေအတွက် အချိုမှုန့်ကိုရှောင်လိုက်တာကအကောင်းဆုံးပါပဲ။
MSG ဆိုတာကတော့ Sodium နဲ့ အမိုင်နိုအက်ဆစ်နဲ့ပေါင်းထားတာဖြစ်ပါတယ်။ ခန္ဓာကိုယ်ကလဲထုတ်လုပ်ပါတယ်။အဲ့ဒိအတွက် လိုအပ်တဲ့ အမိုင်နိုအက်ဆစ်ထဲမှာတော့မပါပါဘူး။ သူ့ကို အနည်းငယ်စားရုံနဲ့ အန္တရာယ်မဖြစ်ပါဘူး။ အစားအစာကို အရသာတိုးအောင်ထည့်တဲ့ ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ ဥရောပမှာထက်စာရင် အာရှမှာပိုအသုံးများပါတယ်။ US, UK စတဲ့နိုင်ငံတွေမှာ တစ်နေ့ကို 0.55-0.58 grams လောက်ပဲသုံးပါတယ်။ Japan, Korea စတဲ့နိုင်ငံတွေမှာ 1.2-1.7 grams လောက်ပဲသုံးပါတယ်။ မြန်မာနိုင်ငံမှာရော ဘယ် လောက်သုံးတယ်လို့ထင်ပါသလဲ။ 100 grams အထုပ်တစ်ထုပ်ကို ဆယ်ရက်တောင်မသုံးရဘူးလို့ထင်ပါတယ်။
Glutamate က ဦးနှောက်မှာရှိတဲ့အာရုံကြောတွေကိုလှုံ့ဆော်ပေးပါတယ်။ ကြွက်တွေကို glumate တွေအများကြီးထိုးပြီးစမ်းသပ်တဲ့အခါမှာ အာရုံကြောဆိုင်ရာ ပြဿနာတွေကိုတွေ့လာရပါတယ်။
မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပြဿနာက အချိုမှုန့်အသုံးလွန်နေတဲ့ပြဿနာပါ။ သူတို့ဆီမှာ ပြဿနာမဖြစ်ဖူးဆိုတာက ၁၀၀ grams တစ်ထုပ်ကို ရက် ၁၀၀ ကျော်သုံးပါတယ်။ ကျွန်တော်တွေ့ဖူးတာကတော့မုန့်ဟင်းခါးသည်တစ်ယောက်အရသာမြည်းကြည့်လို့သိပ်မချိုဘူးဆိုတာနဲ့ ဘာမှစဉ်းစားမနေတော့ဘူး။ အချို့မှုန့် တစ်ဇွန်းလောက်ကောက်ထည့်လိုက်တာပဲ။ ဆီချက်ခေါက်ဆွဲဆိုလဲ အချိုမှုန့်အများကြီးနဲ့ စားနေကြရတာ။ နောက်တစ်ခုကတော့ အသုပ်သုပ်တဲ့နေရာမှာ မြည်းကြည့်လို့ဘဆားငန်တယ်ဆိုတာနဲ့ အချိုမှုန့်ထပ်ထည့်တာပါ။ တစ်ကယ်တော့နှစ်ခုစလုံးက sodium တွေပါ။ ပြီးတော့သွေးတိုးနေလို့ တိုးနေမှန်းလဲ မသိဘူး။ အဲ့ဒါနဲ့ကျောက်ကပ်ကိုထိကုန်ရော ကျောက်ကပ်ကနေ ဆီးချို ပြီးတော့ လေဖြတ်တဲ့အထိရောက်ကုန်ရော။ မြန်မာတွေမှာ တစ်ချက်ဆိုးတာကဆေးလုံးဝမစစ်ကြည့်တာပါ။ အရမ်းဆိုးပါတယ်။
Reference Link
An initiative to solve RC problems: contests that delegate SP
I has seen 2 posts that writing about RC problems in featured posts of #payitforward curation contest. I think a lot of redfish are suffering this problems. @simplymike,@welcomewagon, @markangeltrueman and @llfarms are giveaway SP in their contest. I will add links below:
I think this is a bit too late to enter the contests because the contests are almost finished. If someone knows about the new contest please comment me in my post. I will not write detail about this contests you can read in their repsective posts.
What do I want to do?
I also want to help others but I only have a fews SP. I am also very active in steemit and I need a lot of SP to make engagements. I would like to share my SP to others through contest. Basically 50 SP is enough for the redfish if you are not very active in steemit. As @surpassinggoogle said with 50 SP redfish can comment 65 over 5 days so he can make 12 comments a day. That would be enough for newbies if they are not very active.
Let’s make your SP to 50.
I want to make some assumptions. The redfish g0t 15 SP delegation from @steemit account. He only make not more than 12 comments per day. He did not cast self-vote. He wrote quality posts. He never power down before. The redfish must not delegate SP to others. I will consider and choose redfish with this criteria.
I also want to apply some rules:
  • Make a post and drop your link in comment or directly comment in this post why we should delegate to you.
  • Redfishs need to vest his/her earnings to grow SP on own account.
  • Delegation period will last only one month.
  • Currently only one person will be chosen per week.
  • It will be increase in number if I get co-sponsor.
@freedomshift how do you thinks about my giveaway. I think you could help me somehow. Please give suggestion how to fine tune my giveaway. Thanks for reading my post. I will appreciate everyone who support my giveaway.
လေဆန်ကို နှင်၍
ကျွန်တော့်ရဲ့ steemit အစပိုင်းခရီးက အနည်းငယ်ကြမ်းတမ်းခဲ့ပါတယ်။ အဓိကကတော့ ပံ့ပိုးပေးမဲ့သူမရှိခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော်ကြိုးစားခဲ့ပါတယ်။ ပထမဆုံး @steempress-io ဆီကနေ အကူအညီရယူခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကိုဒီပကျော်ရဲ့ msu ကို ပူးပေါင်းပါဝင်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ engagement လုပ်ဖို့လိုတယ်ဆိုတာကို သဘောပေါက်လာတဲ့အတွက် msu မှာ ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။ အဲ့​ဒိအချိန်မှာ မြန်မာ steemit လောကက အကျပိုင်းကို ရောက်နေခဲ့ပြီ။ (ကျွန်တော့်အမြင်သက်သက်ပါ) msu လဲပဲ အကျပိုင်းကို ရောက်နေတာပါပဲ။ လူတွေ အတော်များများက စာမရေးကြတော့ပါဘူး။ သူတို့စဉ်းစားတာက ပိုက်ဆံမရရင် စာမရေးဘူးပေါ့။ ဒါပေမဲ့ ဒါဟာ အခွင့်အလမ်း တစ်ခုဆိုတာကို မေ့လျှော့နေခဲ့တယ်။ Steemit မှာ လူတွေများနေတဲ့အချိန် တက်ကြွစွာလှုပ်ရှားနေတဲ့အချိန်မှာ ကိုယ့်ရဲ့ ပိုစ့်တင်တာ၊ comment ပေးတာ၊ စတာတွေကို လူတွေက သိပ်သတိမထားမိပါဘူး။ ဒါပေမဲ့ လူနည်းလာတဲ့ အချိန်မှာတော့ ကိုယ့်ကိုစတင်သတိထားမိလာပါတယ်။ ဒါကတော့ network တစ်ခုကို တည်ဆောက်တာပါပဲ။
အဲ့ဒိနောက်မှာတော့ လူတွေနဲ့ထိတွေ့ဖို့ပိုအရေးကြီးတယ်လို့ခံစားလာရပါတယ်။ အဲ့ဒိအတွက် @paulag ရဲ့ Redfish Powerup League, @abh12345 ရဲ့ Curation and Engagement Leagues စတာတွေမှာပါဝင်ခဲ့ပါတယ်။ နောက်ပြီးတော contest အခိျု့မှာပါဝင်ခဲ့ပါတယ်။ အထူးသဖြင့် ဆုကြေးသိပ်မရပေမဲ့ engagement အတွက်ကောင်းတဲ့ ပြိုင်ပွဲအခိျု့မှာ ပါဝင်ဖြစ်ခဲ့ပါတယ်။ @pifc ရဲ့ payitforward curation contest, @reonlouw ရဲ့ share your world contest စတာတွေမှာ ဝင်ပြိုင်ဖြစ်ခဲ့ပါတယ်။ ဒီပြိုင်ပွဲတွေက လူတွေအများကြီးနဲ့တွေ့ဆုံခွင့်ပေးခဲ့ပါတယ်။ ကိုယ်မသိသေးတာတွေ အများကြီးကိုလဲ သိခွင့်ရခဲ့ပါတယ်။ သူတို့တွေဟာ steemit မှာ တစ်ကယ်ကို တက်ကြွတဲ့သူတွေပါ။ အဲ့ဒိတော့ ကိုယ့်စိတ်ကိုလဲ အလိုလိုတက်ကြွလာစေပါတယ်။
နောက်ထပ်ခြေလှမ်းတစ်ခုကတော့ @c-squared ရဲ့ discord server ကို curator အနေနဲ့ ပါဝင်ခွင့်ရခဲ့တာပါ။ ကျွန်တော် ဖတ်သမျှပိုစ့်တွေထဲက ကောင်းတဲ့ပိုစ့် သဘောကျတဲ့ပိုစ့်တွေရင် အဲ့ဒိနေရာကို ပို့ပြီး သူတို့ကို upvote လုပ်ခိုင်ပါတယ်။ အဲ့ဒိလိုပဲ မကောင်းတဲ့ပိုစ့် သူများရဲ့စာတွေကို ကူးချထားတာတို့ သူများစာတွေကိုဖြစ်ဖြစ် ကိုယ်ပုံကိုပဲဖြစ်ဖြစ် ထပ်ခါထပ်ခါ ပိုစ့်တင်နေတာတို့ကိုတွေ့ရင် @steemcleaners ကို သတင်းပို့ပါတယ်။ ကျွန်တော့်အတွက်ကတော့ ဘယ်လိုဖြစ်ဖြစ် အကျိုးရှိပါတယ်။
ကျွန်တော် မြန်မာ တွေကို လဲ အဲ့ဒိလို active ဖြစ်စေချင်ပါတယ်။ English လိုမဖတ်တတ်ရင်တောင်မှ မြန်မာလိုရေးထားတဲ့စာတွေကိုတော့ ဖတ်နိုင်ပါတယ်။ C2 discord server မှာ မြန်မာ channel တစ်ခုရထားပါတယ်။ အဲ့ ဒါကို အသုံးချပြီး မြန်မာတွေရေးတဲ့အထဲကနေ ကောင်းမွန်တဲ့ပိုစ့်တွေကို ရွေးချယ်ပြီး upvote ပေးနိုင်အောင်ကြိုးစားသွားမှာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ ကျွန်တော့်မှာ @mmcg ဆိုတဲ့အကောင့်ရှိပါသေးတယ်။ အဲ့ဒိအကောင့်ကနေ complication (ကိုယ် curate လုပ်ထားတဲ့ပိုစ့်တွေကို စုပေါင်းပြီးတော့ ပိုစ့်တစ်ခုရေးတာပါ) လုပ်ထားတဲ့ပိုစ့်တစ်ခုတင်မှာဖြစ်ပါတယ်။ အဲ့ဒိပိုစ့်ကနေ ရလာတဲ့ပိုက်ဆံတွေကို တစ်ယောက်ကို ၂၀ % အထိခွဲဝေပေးသွားမှာဖြစ်ပါတယ်။ Curator အတွက်ကတော့ ပိုစ့်သုံးခုစလုံးကို ရွေးချယ်ပေးခဲ့ရင်တော့ 20% အထိပေးမှာဖြစ်ပါတယ်။ အခုအချိန်မှာတော့ ရတာနည်းနေဦးမှာဖြစ်ပါတယ်။ ဒါပေမဲ့ကိုယ့်ရဲ့ ပိုစ့်ကို ရွေးချယ်ခံရတဲ့အပြင် ဆုကြေးပါထပ်ရဦးမှာဆိုတော့ စာတွေပိုမိုရေးဖြစ်လာဦးမယ်လို့ထင်ပါတယ်။
ကျွန်တော့်ရဲ့ complication ပိုစ့်တွေကို @bobokyaw, @kyawhlaing, @mm7, @pyaesonekhinkhin, @paingheinkyaw စတဲ့ SP များတဲ့သူတွေနဲ့ msc, msu စတဲ့အဖွဲ့အစည်းတွေကလဲ ပံ့ပိုးပေးကြပါဦးလို့ တောင်းဆိုပါရစေ။
Steem Monsters – Auction: Spineback wolf / Beta / Level 4 / Common / Death
In this post I start using @steembay for aution. I would like to make aution for Spineback Wolf (gold).
This card price in the market currently is 2.88$. It worth 3.38 steem in current steem price. I would like to start my bid with 3 steem.
Take advantage of this auction to get a cheap card. All you need to do is to be the high bidder.
Aution winner needs to send Steem first.