စမူဆာ အစားကြူးလေသူ

ဝေဠုကျော် တရားစွဲ ခံရတဲ့ သတင်းကြားတော့ စိတ်ထဲမှာ တစ်မျိုးပဲ ခံစားရတယ်။ ဖြစ်ပုံက သမီးရည်းစားချင်း ပြတ်သွားတယ်။ ယောင်္ကျားလေးကလဲ လက်ထပ်ပါ့မယ်လို့ ကတိပေး မထားဘူး။ ဒီကြားထဲမှာ အတူနေတာတွေတော့ ရှိတယ်ပေါ့။ အဲ့ဒါကို ၄၁၇ နဲ့ တရားစွဲတယ်။ အဲ့ဒိမှာ တင် မိန်းကလေး ပရိသတ်နဲ့ ယောင်္ကျားလေး ပရိသတ် နှစ်ပိုင်းကွဲသွားတယ်။ ဒီကြားထဲမှာ မိန်းကလေးရဲ့ အရင်က ရှုပ်ခဲ့တဲ့ ဇာတ်လမ်းတွေ တက်လာသေးတယ်။ အဲ့ဒိတော့ ၄၁၇ ဆိုတာက ဘာလဲ။ မိန်းကလေး တစ်ယောက်ဆီက ကာမလိမ်လည်ရယူမှုပါ။ ယုံကြည်လောက်အောင် ပြောပြီး မိန်းကလေး တစ်ယောက်ရဲ့ ကာမကို ရယူမှုပေါ့။ အခုကိစ္စမှာတော့ ၄၁၇ နဲ့ မဆိုင်ဘူး ထင်တာပဲ။ မိန်းကလေးရဲ့ ကာမကို ရယူတဲ့ …

Gold III ကို ရောက်ပြန်ပြီပေါ့ တစ်ခါ

ဒီတစ်ခါလဲ Gold III ကို ရောက်ပြန်ပြီ။ ကျွန်တော့် life summoner က rare level ၆ ဖြစ်နေတဲ့ အတွက် Gold III ကိုတော့ အလွယ်တကူရောက်နိုင်ပါတယ်။ အခြား စပရင်တာတွေနဲ့ ကတော့ မရောက်နိုင်ပါဘူး။ ဒါပေမဲ့ level ၄ rare summoner ရှိရင်တော့ Gold III ကိုရောက်နိုင်ပါတယ်။ အဲ့ ဒိထက် လယ်ဗယ် နိမ့်နေရင်တော့ ရောက်ဖို့က မလွယ်လှပါဘူး။ ကျွန်တော့်မှာ level ၄ rare summoner က စပရင်တာ နှစ်ခုမှာ ရှိပါတယ်။ မီးနဲ့ သစ်ရွက် တွေမှာ ရှိတာပါ။ သစ်ရွက်ကတော့ Spirit of the forest …

မေးစေ့မွေး

ကျွန်တော့် သမီးလေး ငယ်ငယ်တုန်းကပေါ့။ အဲ့ဒိတုန်းက သူက စကားပြော တတ်ခါစ အချိန်ပေါ့။ ကျွန်တော့် မုတ်ဆိတ်မွေးကို ကြည့်ပြီး မေးစေ့မွေးလို့ ပြောပါတယ်။ ကျွန်တော်ကတော့ ပြောတာပေါ့ အဲ့ဒါကို မုတ်ဆိတ်မွေး လို့ခေါ်တယ် လို့ပြောလိုက်ပါတယ်။ ကျွန်တော်လဲ သူပြောမှပဲ စဉ်းစားကြည့် မိတယ်။ ဘာဖြစ်လို့ မုတ်ဆိတ်မွေး လို့ခေါ်တာလဲပေါ့။ တစ်ကယ်ဆိုရင် မေးစေ့မွေးလို့ ခေါ်ရမှာလေ။ ခေါင်းမှာ ပေါက်ရင် ဆံပင်မွေး(အခိျု့ နေရာမှာတော့ ခေါင်းမွေး လို့ သုံးပါတယ်။ ခေါင်းမွေးဖြူတယ် စသဖြင့်) ချိုင်းမှ ပေါက်ရင်  ချိုင်းမွေး ခြေသလုံးမှာ ပေါက်ရင် ခြေသလုံးမွေး မျက်ခုံးမှာ ပေါက်ရင် မျက်ခုံးမွေး အဲ့ဒိလို ဆိုရင် မေးစေ့မှာ ပေါက်ရင် မေးစေ့မွေးလို့ ခေါ်သင့်တာပေါ့။ ဘာဖြစ်လို့များ မုတ်ဆိတ်မွေးလို့ …

နောက်ထပ် အပြောင်းအလဲ တစ်ခု

အပြောင်းအလဲ တွေကတော့ အမြဲတမ်း ရှိနေမှာပါပဲ။ ဒီ တစ်ခါကတော့ ကောင်းတာနဲ့ မကောင်းတာနဲ့ တွဲနေပါတယ်။ WordPress ၅.၀ နဲ့ အတူ Gutenberg ကို ပုံသေအနေနဲ့ သုံးလာပါတယ်။ သုံးလို့တော့ ပိုကောင်းလာပါတယ်။ Steempress ကလဲ gutenberg ကို support လုပ်တယ်ဆိုတော့ သုံးရတာ ပိုအဆင်ပြေလာပါတယ်။ Gutenberg နဲ့ ပတ်သက်ပြီး လေ့လာစရာတွေတော့ အများကြီး ရှိပါသေးတယ်။ တဖြည်းဖြည်းနဲ့တော့ လေ့လာလို့ရလာမှာပါ။ မကောင်းတဲ့ အပြောင်းအလဲကတော့ SM က quest လုပ်တဲ့ အချိန်မှာ အရင်က beta version က ကဒ်တွေကို ပေးနေပေမဲ့ အခုအချိန်မှာတော့ Rewarded Edition က ကဒ်တွေကို ထုတ်ပေးနေပါတယ်။ အရင်က …

Gutenberg မိတ်ဆက်

Gutenberg ကအတော်တော့ လွယ်ကူပါတယ်။ စသုံးတဲ့သူ အဖို့ကတော့ အနည်းငယ်ခက်မှာပါ။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ အဆင်ပြေသွားမှာပါ။ ကျွန်တော်ကတော့ စထွက်ကထဲက သုံးဖို့ပါပဲ။ Steempress က support မလုပ်သေးတာနဲ့ မသုံးသေးပဲ နေနေတာပါ။ အခုတော့ စသုံးပါပြီ။  အ  ပေါ်ကပုံမှာ ပြထားသလိုပဲ သူ့မှာ ထည့်စရာ block type က သုံးမျိုးရှိပါတယ်။ ပုံကို တိုက်ရိုက်ထည့်တာရယ်၊ စာထည့်တာရယ်၊ quote အနေနဲ့ ထည့်တာရယ်ဆိုပြီး သုံးမျိုးရှိပါတယ်။  သူ့က block ပုံစံနဲ့ရေးရတာပါ။ ရိုးရိုး editor နဲ့ မတူပါဘူး။ အပေါ်ကပုံကတော့ quote အနေနဲ့ ထည့်တာကို ပြထားတာပါ။ ပုံအနေနဲ့ ထည့်တာကတော့ အရင် editor လိုပါပဲ။ upload လုပ်မလား။ …

မင်းနောင်း ဖြစ်ပြီလား

ကျွန်တော် ဒီပိုစ့်ကို ခြောက်ရက် ဒီဇင်ဘာမှာ ရေးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒိအချိန်မှာတော့ မင်းနောင်း မဖြစ်သေးပါဘူး။ အဲ့ဒိအချိန်မှာ လက်ထဲမှာ ၄၉၃.၃၇၈ SP ရှိနေပါတယ်။တစ်ရက်ကို ၂ SP နှုန်းနဲ့သာ တက်သွားခဲ့ရင် ကျွန်တော် မင်းနောင်း ဖြစ်နေပါပြီ။ ဒါပေမဲ့ လက်တွေ့မှာတော့ ဘယ်လို ဖြစ်လာမလဲ ဆိုတာ မသိပါဘူး။ မင်းနောင်းဖြစ်ခဲ့ရင်တော့ စတီးမစ်သုံးတဲ့ နေရာမှာ အားသာချက်ရှိပါတယ်။ ကိုယ်ပေးလိုက်တဲ့ ဗုတ်ရဲ့ ရာခိုင်နှုန်းကို ချိန်လို့ရပါတယ်။ အခြား ဖရောင့် အန့်တွေ သုံးတဲ့ သူတွေကတော့ နဂိုထဲက ချိန်လို့ရတဲ့ အတွက် သိပ်ထားလှတယ်တော့ မထင်ပါဘူး။ ဒါပေမဲ့ မင်းနောင်းဖြစ်သွားပြီ ဆိုတဲ့ ခံစားချက်ကတော့ တစ်မျိုးပါပဲ။ မင်းနောင်းဖြစ်လာတဲ့ အချိန်မှာ နောက်ထပ်ရည်မှန်းချက် တစ်ခုကို ချရတော့မှာ ဖြစ်ပါတယ်။ …

စတီးမစ် ပင် ပိုစ့်

ဒီနေ့မှ ပဲ ထရမ်းဒင်းကို သတိထား ကြည့်ဖြစ်တယ်။ ned ရဲ့ ပိုစ့်တစ်ခုကို ပင် လုပ်ထားတာတွေ့ရတယ်။ ပင် ဆိုတာက ပင်အပ်နဲ့ စိုက်ထားတယ် လို့ဆိုလို့တာပါ။ အရေးကြီးတဲ့ ပိုစ့်တစ်ခုကို ထိပ်ဆုံးမှာ အမြဲတမ်း ဖော်ပြချင်ရင် ပင် လုပ်ထားလို့ရပါတယ်။ ဒါပေမဲ့ အရင်တုန်းက ဒီ ပင် ပိုစ့်ကို မမြင် မိပါဘူး။ အခုမှ ပဲ မြင်မိတာပါ။ ned ရေးထားတာကတော့ RocksDB နဲ့ SMT တွေကို ဝိတ်လျှော့မယ့် အကြောင်းရေးထားတာ ဖြစ်ပါတယ်။ SMT တွေ ထွက် ဖို့အချိန်က နောက်ကျနေပါပြီ။ အဲ့ဒိတော့ စောစောထွက်နိုင်အောင်လို့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ SMT အနေနဲ့ မထွက်ပဲနဲ့ SMT-lite အနေနဲ့ပဲ အရင်ထွက်လာမှာဖြစ်ပါတယ်။ …

SM ကဒ်များပေါင်းစပ်ခြင်း

အခု Steemmonsters ရာသီသစ်အစမှာ စည်းမျည်းအသစ်တွေ ထပ်ပေါင်း ထည့်လိုက်တယ်ဆိုတာ SM ကစားတဲ့သူတိုင်း သိကြမယ်လို့ ထင်ပါတယ်။ တစ်ကယ်လို့ တစ်ယောက်ယောက် ကစားထားတာကို အခြား တစ်ယောက်ကို လွှဲလိုက်တယ် ဆိုရင် အဲ့ဒိလူက ငါးရက် အတွင်းမှာ ကစားလို့ မရပါဘူး။ ဒါပေမဲ့ လက်ရှိ ရှိနေတဲ့ ကဒ်တစ်ခုနဲ့ ပေါင်းမယ်ဆိုရင်ရော ဘယ်လိုဖြစ်လာမလဲ။ အဲ့ဒိ အကြောင်းကို သိချင်လို့ စမ်းသပ်ထားပါတယ်။ အဲ့ဒိ စမ်းသပ်ချက်က ဘယ်လိုများဖြစ်လာမလဲ။ အပေါ်ကပုံက မပေါင်းရသေးခင် ပုံပါ အောက်ကပုံကတော့ ပေါင်းစပ်ပြီးသားပုံဖြစ်ပါတယ်။ အပေါ်က ပုံမှာ ကျွန်တော့်ရဲ့ lvl ၆ ရှိတဲ့ Divine Healer ကို လက်ရှိ အချိန်မှာ ကစားလို့မရသေးတဲ့ ကဒ်တစ်ခုနဲ့ ပေါင်းမှာဖြစ်ပါတယ်။ အောက်ကကဒ်က …

အိမ်အပြန် ခရီး

ဒီနေ့ မနက် ပိုစ့်တင်တဲ့ အချိန်လောက်ဆိုရင် ကျွန်တော့် အပြန်ခရီး စတင်နေပါပြီ။ သင်္ဘောပေါ်မှာ ၃၁ ရက်ကြာခဲ့ပါတယ်။ နောက်ဆုံးတော့လဲ ပြန်ရမယ့် အချိန်ရောက်ခဲ့ပါပြီ။ ဒီတော့ သင်္ဘောပေါ်က အတွေ့အကြုံတွေ အကြောင်း ရေးသားမှာဖြစ်ပါတယ်။ ဒီပုံကတော့ သင်္ဘောရဲ့ ဦးပိုင်းကို ရိုက်ထားတာပါ။ ကျွန်တော့်ပုံကတော့ ရိုက်လေ့ မရှိတော့ မြင်ရမှာ မဟုတ်ပါဘူး။ သင်္ဘောပေါ်မှာ ကျွေးတာကတော့ ဘူဖေးပါ။ မြန်မာနိုင်ငံက ဘူဖေးလိုတော့ မဟုတ်ပါဘူး။ ကိုယ်ကြိုက်တာ ထည့်စားလို့ ရပါတယ်။ ကိုယ့်ဘာသာကိုယ် ယူစားရတဲ့ စနစ်ပါ။ စားစရာတွေ ထည့်ထားတဲ့ ဗန်းတွေရဲ့ အောက်မှာ ရေနွေးငွေ့နဲ့ အပူပေးထားပါတယ်။ အဲ့ဒိတော့ ပူပူနွေးနွေးစားရတာပေါ့။ ချက်တာကတော့ ဖိလစ်ပိုင် တွေ ချက်တာပါ။ မြန်မာတွေလဲ ချက်ပါတယ်။ မြန်မာစာဖိုမှုးတွေကတော့ တွင်းတူးစင်တွေ …

အကယ်၍များ

ကျွန်တော်တို့ မြန်မာ စကားမှာတော့ တကယ်လို့ ဒါမှမဟုတ် တကယ်လို့များ စာမှာဆိုရင်တော့ အကယ်၍၊ အကယ်၍များ ဆိုပြီး သုံးလေ့ရှိပါတယ်။ တကယ်လို့ နဲ့ တကယ်လို့များနဲ့က အဓိပ္ပာယ် အတူတူပါပဲ။ တကယ်လို့များက ပိုပြီး လေးနက်စေမလားတော့ မပြောတတ်ပါဘူး။ အင်္ဂလိပ်လို ဆိုရင်တော့ IF လို့သုံးပါတယ်။ ဒါဆိုရင် အကယ်၍များ ဆိုရင်ရော ဘယ်လိုသုံးမလဲ IFS များ ဖြစ်နေမလား။ ဒီနေ့ရေးမှာ ကတော့ excel function တစ်ခုဖြစ်တဲ့ IFS အကြောင်းပဲ ဖြစ်ပါတယ်။ Excel 2019 မှာ အဲ့ဒိ function ပါနေပါပြီ။ သူ အသုံးပြုပုံကတော့ အောက်မှာရေးပေးထားပါတယ်။ =IFS(Logical test 1, Value if true 1, …